25

355 53 0
                                    

Zawgyi

ကျောင်းနှင့်​ မနီးမ​ဝေးတွင်​ရှိ​သော ဆိုင်​ငယ်​​လေးတစ်​ဆိုင်​ ရဲ့ စားပွဲ​ပေါ်တွင်​​တော့ ​လူမသိသူမသိ ​မှောက်​​နေကာ စကား​တွေကို ပါးစပ်​ နှင့် ​အပြည့်​​ ဗလုံးဗ​ထွေး ​ပြော​နေ​သော ​ကောင်​မ​လေးတစ်​​ယောက်​ရှိ​နေ​လေသည်​။

"အ​ဒေါ်ကြီး ​နောက်​တစ်​ပုလင်း!"

ထို​ကောင်​မ​လေးမှာ စားပွဲ​ပေါ်တွင်​​မှောက်​​နေရင်းပင်​ သူမ တို့ စားပွဲ​ပေါ်တွင်​ ​မြောက်​များစွာကျန်​ရှိ​နေ​သေး​သော ဆိုဂျူပင်​ပုလင်းများ ကို မသိ​ကျေးကျွန်​ပြုကာ ​နောက်​တစ်​ပုလင်း ကို လက်​က​လေး​ထောင်​ကာ ထပ်​ မှာလိုက်​​လေ​တော့သည်​။

"အ​ဒေါ် မယူ​တော့ဘူး​နော်​..."

"​နင်​က...ဘာမလို့...​အေ့....ငါ မှာတာကို cancel လုပ်​ရတာလဲ ​အေ့.....အ​ဒေါ်ကြီး သူ ​ပြောတာ မယုံနဲ့ ​နောက်​တစ်​ပုလင်း ​အေ့...."

အရက်​ရှိန်​တက်​​နေရင်း ​ခေါင်းကို မနိုင်​တစ်​နိုင်​ဖြင့်​​ထောင်​​နေကာ ပြန်​ရန်​​တွေ့လာ​သော ဂျင်းနီ ​ကြောင့်​ လီဆာ ပြုံးလိုက်​မိ​လေသည်​။

စီနီယာ ​တွေနှင့်​ စားပွဲပြီးသွား​တော့ သူမ တို့ ငါး​ယောက်​ထဲမှ ကျန်​​လေး​ယောက်​က ဒီဆိုင်​​လေးကို လာကာ ဆိုဂျူ ​သောက်​ကြမည်​ ဟူ၍ ​တိုင်​ပင်​​နေကြသဖြင့်​ လီဆာ က တားလိုက်​​သော်​လည်း သူမ ရဲ့ စကားကို ​မြေ၀ယ်​မကျ နား​ထောင်​​တတ်ေ​သာ ဂျင်းနီ က ထိပ်​ဆုံးမှ ​နေကာ ဆိုင်​​လေးထဲ သို့ ၀င်​သွားပြီး ဆိုဂျူ ​တွေ တစ်​ခွက်​ပြီးတစ်​ခွက်​​ မနားတမ်း ​သောက်​​နေသည်​မှာ ယခု ပုံစံ​ရောက်​သို့ ​​ရောက်​ရှိသွားသည်​အထိပင်ြ​ဖစ်​​လေသည်​။

ထိုစဉ်​ ချယ်​​ယောင်း က အပြင်​သို့ သွားအန်​​နေရာမှ ပြန်​လာကာ ​စောနက ဂျင်းနီ မှာထား​သော ဆိုဂျူ ကို ​သောက်​​နေ​လေသည်​။

"ရား......အရသာရှိလိုက်​တာ.......နီနီ နင်​ က မ​သောက်​​တော့ဘူးမလား...??"÷

ချယ်​​ယောင်း ရဲ့ စကား​ကြောင့်​ စားပွဲ​​ပေါ်တွင်​ ​မှောက်​အိပ်​​နေ​သော ဂျင်းနီ မှာ ​ခေါင်း​ပြန်ေ​ထာင်​လာကာ ချယ်​​ယောင်း ငဲ့ထား​သော ဆိုဂျူ ခွက်​ ကို ဆွဲယူလိုက်​​လေသည်​။

SHEWhere stories live. Discover now