10

408 58 2
                                    

Zawgyi

ဂျင်းနီ က သူမ ရဲ့ အခန်း ထဲသို့ ဘာမ​ပြောညာမ​ပြောနဲ့ ​ရောက်​လာပြီး သရဲဘီလူးကိုမြင်​လိုက်​ရသည့်​နှယ်​ ​ပြေးထွက်​သွားသည်​မို့ ​ခေတ္တမျှ​ကြောင်​အ,သွား​သော်​လည်း ထိုပုံရိပ်​​လေး​ကြောင့်​ သူမ မျက်​နှာ​ပေါ်တွင်​ အပြုံးတစ်​ပွင့်​ ​ပေါ်​ပေါက်​လာ​လေ​တော့သည်​။
နောက်​ပြီး ဂျင်းနီ က သူမ ရဲ့ အခန်း တံခါး ကို ပြန်​ပိတ်​မ​ပေးခဲ့သည်​မို့ ကုတင်​​ပေါ်မှ ထ,ကာ အခန်းတံခါးကို သွားပြန်​ပိတ်​လိုက်​​လေသည်​။
တံခါးပြန်​ပိတ်​ပြီးသည်​နှင့်​ စာကြည့်​စားပွဲသို့ သွားရန်​ ​ခြေလှမ်းပြင်​လိုက်​​တော့ သူမ ရဲ့ ​ခြေ​ထောက်​​အောက်​တွင်​ တစ်​စုံတစ်​ခု ရှိ​နေသည်​ကို ခံစားမိလိုက်ရ​သဖြင့်​ ​ခြေ​ထောက်​ကို ဖယ်​ကာကြည့်​လိုက်​​တော့ စာရွက်​​ခေါက်​​လေးတစ်​ခု ဖြစ်​​နေ​လေသည်​။
လီဆာ ထိုစာရွက်​​ခေါက်​​လေး ကို ​ကောက်​လိုက်​ကာ စာကြည့်​စားပွဲတွင်​ သွားထိုင်​လိုက်​​လေသည်​။
ထို့​နောက်​ စာကြည့်​စားပွဲ​ပေါ်တွင်​ ထိုစာရွက်​​ခေါက်​​လေးအား တင်​လိုက်​ကာ တစ်​ခုခု ကို စဉ်းစား​နေ​လေသည်​။
ထိုစဉ်​ အိမ်​​အောက်​ထပ်​ မှ သူမ ရဲ့ ​မေ​မေ က လှမ်း​​ခေါ်​နေသဖြင့်​ ထိုစာရွက်​​ခေါက်​​လေးကို သူမ ရဲ့ အနီးအနားတွင်​ရှိ​သော ​ဘောပင်​ထည့်​သည့်​ဗူး ထဲသို့ ထည့်​လိုက်​ကာ ​အောက်​ထပ်​ကို ဆင်းသွားလိုက်​​လေ​တော့သည်​။

...........

တစ်​ဘက်​တွင်​လည်း ဂျင်းနီ တစ်​​ယောက်​ သူမ ရဲ့ အိမ်​သို့ ​အောင်​မြင်​စွာ ပြန်​​ရောက်​ရှိလာသဖြင့်​ ပီတိ​တွေဖြာ​နေ​လေသည်​။
ထို့​နောက်​ အိမ်​ထဲသို့ ဘာမှ မဖြစ်​သလိုပြန်​၀င်​လာလိုက်​ကာ ဆူဂျင်း တို့ မာတာမိခင်​ တို့နှင့်​ အတူ စကားဝိုင်းဖွဲ့ကာ​ပြော​နေလိုက်​​လေသည်​။

ည​နေ​စောင်း​လောက်​ကျ​တော့ ဆူဂျင်း အိမ်​မှ ဆူဂျင်း ကို
လာကြိုသဖြင့်​ ဆူဂျင်း တစ်​​ယောက်​ အိမ်​ပြန်​သွား​လေသည်​။
ဆူဂျင်း အိမ်​ပြန်​သွားမှ ဂျင်းနီ လည်း သူမ ရဲ့ အခန်းထဲသို့ဝင်​ပြီး ​အေး​အေး​ဆေး​ဆေး ​ရေချိုး​နေ​လိုက်ေ​လသည်​။
ရေချိုးပြီး အပြင်​ပြန်​ထွက်​လာ​တော့ ကုတင်​​ပေါ်တွင်​ သူမ ချွတ်​ထားခဲ့​သော ​ကျောင်းဝတ်​စုံ​မှာ ​ပျောက်​​နေသဖြင့်​ ​အောက်​ထပ်​သို့ အ​လောတကြီးဆင်းသွားကာ

SHEWhere stories live. Discover now