51

332 35 8
                                    

Zawgyi

"ကိုကို...."

ချစ်​ရသူ၏ သာယာ​သော​ခေါ်သံ​လေး​ကြောင့်​ အိုဂျီဟွန်း ကုမ္ပဏီ စာရင်း​တွေကြည့်​​နေရင်းမှ ​ခေါ်သံလားရာဘက်​သို့ ကြည့်​လိုက်​မိ​လေသည်​။

အဖြူ​ရောင်​ဂါဝန်​ က​လေးကိုဝတ်​ဆင်​ထားပြီး ဆံနွယ်​ထက်​တွင်​ ကလစ်​ပန်း​ရောင်​​လေး ပန်​ဆင်​ထား​သော သူမ​လေးမှာ တကယ့်​က​လေး​လေးသဖွယ်​....

"bae ​ဈေးဝယ်​ထွက်​မလို့ ကိုကို ဘာမှာဦးမလဲလို့ လာ​မေးတာ...."

"​ဈေးဝယ်​...??? ဒီအချိန်​ကို​လေ....??"

အိုဂျီဟွန်း လက်​​ကောက်​၀တ်​ထက်​မှ နာရီကိုကြည့်​လိုက်​​တော့ ည၈နာရီရှိ​နေ​လေပြီ။

"အင်း ဟုတ်​တယ်​ မနက်​က ဆရာက ၀ယ်​ခိုင်းထားတာ​လေး​တွေရှိလို့....အဲတာ အခုမှ သတိရတာနဲ့ရယ်​.....ဟီးဟီး....."

"ကိုယ်​ လိုက်​ခဲ့ရဦးမလား....?"

"ရတယ်​ ရတယ်​ ဒီလမ်းနဲ့ ဒီလမ်း​တော့ bae ကျွမ်း​နေပြီရယ်​.....ကိုကို လည်း အလုပ်​​တွေမပြီး​သေးဘူးမလား? အရမ်းအ​ဝေးကြီးမသွားပါဘူး.....ဒီနား​လေးပဲ ၀ှီးခနဲ သွားပြီး ၀ှီးခနဲ အမြန်​ပြန်​လာခဲ့မယ်​​နော်​....."

ချစ်​ရသူ၏ ချစ်​စဖွယ်​အပြုအမူ​လေး​ကြောင့်​ သ​ဘောကျစွာရယ်​မိလိုက်​​တော့ မျက်​​စောင်းလှလှ​လေးကို လက်​ခံရလိုက်​​လေသည်​။

"သွားပြီ ဟွန့်​...!"

ခန္တာကိုယ်​ကို ချာခနဲလှည့်​ပြီး ​ခြေ​စောင့်​ကာထွက်​သွား​သော ချစ်​စဖွယ်​အပြုအမူ​လေး​တွေ​ကြောင့်​လည်း သူ့ မှာ အချစ်​ပိုရပါသည်​။

...........

အန်​နာ တစ်​​ယောက်​ လိုအပ်​​သော ပစ္စည်းများကို စဉ်းစား​နေရင်း စင်​တာတစ်​၀ိုက်​ လိုက်​လံကြည့်​ရှု​နေ​လေသည်​။

ထိုစဉ်​ ရင်းနှီး​သော ရနံ့​လေးရလိုက်​ပြီး သူမ ရဲ့ ပုခုံးတစ်​ဖက်​​ပေါ်တွင်​ ​နွေး​ထွေးမှုတစ်​စုံတစ်​ရာကိုခံစားလိုက်​ရ​လေသည်​။

"​ဟေ့ ​ဈေးလာဝယ်​တာလား....!"

သူမ ရဲ့ ပုခုံးကို ပုတ်​ကာ ​ပြောလာ​သော လူ​ကြောင့်​ သူမ လန့်​သွားေ​လေသည်​။

SHEWhere stories live. Discover now