24

359 48 0
                                    

Zawgyi

လီဆာ တို့ အခန်းထဲကိုဝင်​​တော့ ​ရှေ့ဆုံးတန်းတွင်​ထိုင်​​နေ​သော ဆူဂျင်း က လီဆာ့ ကို လက်​ပြလာသဖြင့်​ လီဆာ က သူမ ​ဘေးတွင်​ရှိ​သော ဂျီဆူ့ ကို တစ်​ချက်​ကြည့်​လိုက်​ပြီး​နောက်​ ​ရှေ့ဆုံးတန်းကို သွားထိုင်​လိုက်​​လေသည်​။

ဂျီဆူ လည်း လီဆာ့ ရဲ့ ဆိုလိုရင်းကို ရိပ်​မိတာမို့ လီဆာ့ ရဲ့ ​နောက်​သို့လိုက်​သွားလိုက်​​လေသည်​။

လီဆာ က ဆူဂျင်း ရဲ့ ​ဘေးတွင်​ ထိုင်​လိုက်​သည်​ နှင့်​ ဆူဂျင်း က သူမ ကို တစ်​ခုခုပြလာသည်​မို့ ကြည့်​လိုက်​​တော့ တစိမ်း​ယောကျာင်္း​လေးများ နှင့်​ ရယ်​​မော​ပျော်​ရွှင်​​နေ​သော ဂျင်းနီ ရဲ့ ပုံဖြစ်​​နေ​လေသည်​။

"​​ကြည့်​ဦး ​တွေ့တာမကြာ​သေးတဲ့ သူ​တွေနဲ့​တောင်​ ရယ်​​မော​နေနိုင်​တဲ့ သူက နင့်​ ကို ကျ​တော့ ဘာလို့ ခါးခါးသီးသီး ဖြစ်​​နေတာလဲ ဆိုတာ စဉ်းစားမရဘူး​နော်..."

လီဆာ က ဆူဂျင်း ​ပြော​လာ​သော စကားများကို လျစ်​လျူရှုလိုက်​ကာ ဆူဂျင်း ပြလာ​သော ထိုပုံကိုသာ ​စေ့​စေ့ကြည့်​​နေ​လေ​တော့သည်​။

...........

မနက်​ပိုင်းစာသင်​ချိန်​​တွေပြီးသွား​တော့ ဂျင်းနီ နဲ့ ချယ်​​ယောင်း နှစ်​​ယောက်​သား ကန်​တင်း သို့်​ အ​ပြေးအလွှားသွားကြ​လေသည်​။
စားစရာများကို ယူပြီးသည်​နှင့်​ ​ထောင့်​စွန်းရှိစားပွဲတွင်​ နှစ်​​ယောက်​သားထိုင်​​လိုက်​ကြ​လေသည်​။

"၀ါး.......ဒီတက္ကသိုလ်​ကိုလာမိတာမှန်​ပြီထင်​တယ်​......အစားအ​သောက်​က လုံးဝကို မိမိုက်​​နေတာပဲ!!"

ဂျင်းနီ က ဖုန်းကိုကြည့်​​နေရင်း ချယ်​​ယောင်း ​ပြောသမျှ ကို နား​ထောင်​​နေ​လေသည်​။ထို့​နောက်​ သူမ ​တွေ့​သောသတင်းတစ်​ခု အား ချယ်​​ယောင်း ကိုပြလိုက်​​တော့ ချယ်​​ယောင်း အ​တော်​ပင်​ အံ့သြသွား​လေသည်​။

"၀ိုး.....တကယ်​ကြီးလားဟ!!!"

ဂျင်းနီ က ချယ်​​ယောင်း ကို ​ခေါင်းငြိမ့်​ပြလိုက်​​ပြီး​နောက်​ ဖုန်း ကို ​ဘေးတွင်​ချလိုက်​ကာ ထမင်း ဆက်​စား​နေ​တော့​လေသည်​။

SHEKde žijí příběhy. Začni objevovat