11

377 58 2
                                    

Zawgyi

သူမ တို့ စား​သောက်​ဆိုင်​ကို ​ရောက်​​တော့ အစားအ​သောက်​ကိုယ်​စီ မှာလိုက်​ကြ​လေသည်​။
ဆိုင်​အပြင်​အဆင်​က​လေးက စိတ်​ချမ်းသာစရာ​ကောင်းကာ လူငယ်​​တွေ ​တော်​​တော်​ များများ လာစားကြ​သော ဆိုင်​​လေးဖြစ်​​လေသည်​။အထူးသဖြင့်​ အတွဲ​တွေ​ပေါ့။

သူမ တို့ အစားအ​သောက်​​တွေ လာပို့မှာကို ​စောင့်​​နေရင်း ကိုယ်​စီဖုန်းသုံး​နေကြ​လေသည်​။
ဂျင်းနီ ဆူဂျင်း နဲ့ ချယ်​​ယောင်း တို့က တစ်​ဖက်​တွင်​ထိုင်​ပြီး ​နောက်​တစ်​ဖက်​တွင်​​တော့ လီဆာ နဲ့ ဂျီဆူ က ထိုင်​​နေကာ ဂျင်းနီ နဲ့ လီဆာ က​တော့ မျက်​နှာချင်းဆိုင်​ဖြစ်​​လေသည်​။သူမ တို့ ကိုယ်​စီ ဖုန်းတွင်​ အာရုံ​ရောက်​​နေတုန်း

"လီဆာ နင့်​လက်​က..."

ဆူဂျင်း ရဲ့ စကား​ကြောင့်​ ကျန်​သုံး​ယောက်​လုံး လီဆာ့ လက်​ကို ချက်​ချင်း အကြည့်​​ရောက်​သွား​ကြ​တော့ လီဆာ က သူမ ရဲ့ လက်​အား ခုံ​ပေါ်တင်​ထားရာ မှ ​အောက်​ကို ချလိုက်​​လေသည်​။

လီဆာ က သူမ ရဲ့ လက်​ကို ခုံ​အောက်​ကိုချလိုက်​ခြင်း​ကြောင့်​ ဂျင်းနီ ရဲ့ စူးစမ်းချင်​စိတ်​က​လေးမှာ တစ်​စတစ်​စ မြင့်​တက်​လာ​လေသည်​။ထို့​နောက် ​ဂျင်းနီ တစ်​​ယောက်​ တစ်​ခုခုကို ကုန်း​ကောက်​လိုက်​သလိုလို ဘာလိုလို နှင့်​ စားပွဲ​အောက်​ကို ​ခေါင်းငုံ့လိုက်​ကာ လီဆာ့ လက်​ကိုကြည့်​လိုက်​​သော်​လည်း လီဆာ က သူမ ရဲ့ လက်​ကို ​ပေါင်​​ပေါ်တင်​ထားသည့်​အပြင်​ အင်္ကျီလက်​ရှည်​ကလည်းဝ​တ်​ထားသည်​မို့ သူမ ရဲ့လက်​​ချောင်း​လေး​တွေ ကိုသာမြင်​​နေရ​လေသည်​။

"နီနီ!!!"

ဆူဂျင်း ရဲ့ ​အလန့်​တကြား ​ခေါ်သံ​ကြောင့်​ ဂျင်းနီ ကမန်းကတမ်း ထလိုက်​​​မိသွားသည်​မို့ ခုံ​စောင်း နှင့်​ ​ခေါင်း ​မိတ်​ဆက်​သွား​လေသည်​။
ခုံ​စောင်း နှင့်​ ​ခေါင်း ​စောင့်​မိလိုက်​​သည်​မှာ အလွန်​​သေချာ​သော်​လည်း တစ်​စုံတစ်​ခုက သူမ နှင့်​ ခုံ​စောင်း ရဲ့ ကြားတွင်​ ခံထားသည်​မို့ နာကျင်​မှုကို မခံစားမိလိုက်​ရ​ချေ။

SHEWhere stories live. Discover now