18

356 54 0
                                    

Zawgyi

"နီနီ ​ရေ....နီနီ လို့.....နီနီ.....!!!"

သူမ မထူးမချင်း​ခေါ်​နေမည့်​ သူမ ရဲ့ ကုတင်​​ပေါ်တွင်​ အခန့်​သားထိုင်​​နေ​သော ချယ်​​ယောင်း ​ကြောင့်​ ဂျင်းနီ မျက်​​မှောင်​ကျုံ့ မိသွား​လေသည်​။
ထို့​နောက်​ ​ရေချိုး​ခေါင်း​လျှော်​ထားသည်​မို့ မှန်​တင်​ခုံတွင်​ထိုင်​​ကာ ဆံပင်​​တွေ​သုတ်​​နေရင်း ချယ်​​ယောင်း ထံသို့ အကြည့်​ပို့လိုက်​​လေသည်​။

"​ပြော!"

သူမ စကားပြန်​​ပြောလိုက်​သည်​မို့ ချယ်​​ယောင်း မှာ လိုချင်
သည်​ကိုရသွား​သည့်​ က​လေးတစ်​​ယောက်​နှယ်​ ​ပျော်​ရွှင်​သွား​လေသည်​။

"ဟို​လေ အိမ်​ထဲမှာ​နေရတာမပျင်းဘူးလားလို့"

ဟုတ်​သည်​​လေ ​စာ​မေးပွဲ​တွေ​ဖြေပြီးကတည်းက ဂျီဆူ့ အိမ်​ နဲ့ ဂျင်းနီ အိမ်​ ကလွဲပြီး ဘယ်​မှလည်း မထွက်​ရ​တော့ လူလည်း ​တော်​​တော်​ နုံးလာ​နေပြီ.....ဂျင်းနီ တို့က ဘယ်​​လောက်​​ပဲ အိမ်​ထဲ​အောင်း​နေနိုင်​သည်​ ဆို​ပေမယ့်​ သူမ က​တော့ ထိုကဲ့သို့မဟုတ်ေ​ပ။
ဘယ်​​လောက်​ပဲ အိမ်​ထဲ​အောင်းချင်​​​နေတယ်​​ပြော​ပြော ကျန်းမာ​ရေးအတွက်​​ ​လေ​ကောင်း​လေသန့်​​လေး ဘာ​​​လေး​တော့ ရှု​ပေးရမယ်​ မဟုတ်​လား.....​ပြောရမယ်​ဆို ​လေ ​ကောင်း​လေသန့်​​လေးလည်း ရှုရင်း အသစ်​ဖွင့်​ထားတဲ့ ပီဇာ ဆိုင်​​လေးလည်း သွားရင်း​ပေါ့ ဟိ။

"မပျင်းပါဘူး"

ဂျင်းနီ ရဲ့ အ​ဖြေက သူမ ရဲ့ စိတ်​ကူးပုံရိပ်​​လေးကို တစ်​စစီဖျက်​ဆီးသွား​လေ​တော့သည်​။

"နင်​ မပျင်း​ပေမယ့်​ ငါ ပျင်းတယ်​ဟဲ့....လာပါ နင်​ကလည်း အပြင်​​လေးခဏ​လောက်​ထွက်​ရ​အောင်​ပါ ​နော်​! ​နော်​!!"

ဂျင်းနီ အပြင်​ထွက်​ချင်​၍ သူမ ကို ရမည်​ရှာ​နေ​သော ချယ်​​ယောင်း ကို အနည်းငယ်​စချင်​သွား​လေသည်​။

"အင်း.....ဂျီဆူ့ ကို သွား​ပြော​လေ သူ သွားမယ်​ဆိုရင်​ ငါလည်း လိုက်​မယ်​"

ဂျီဆူ့ နာမည်​ ကို ကြားလိုက်​ရ​တော့ ချယ်​​ယောင်း မျက်​လုံးပြူးမျက်​ဆံပြူးဖြစ်​သွားကာ...

SHENơi câu chuyện tồn tại. Hãy khám phá bây giờ