52

595 42 8
                                    

Zawgyi

အန်​နာ တစ်​​ယောက်​ တံခါးတစ်​ခု​ရှေ့တွင်​ရပ်​​နေကာ ၀င်​သွားရမလား မ၀င်​သွားရဘူးလားကို ဗျာများ​နေ​လေသည်​။

မ​နေ့ကလို စကား​တွေ​ပြောလာမှာကို သူမ မလိုချင်​သလို ​ပြောခဲ့​သော ထိုစကား​တွေကို ​မေ့ပစ်​သွားမည်​ကိုလည်း သူမ မလိုလား​ပေ။

"အထဲမ၀င်​ဘဲ ဘာလုပ်​​နေတာလဲ....."

နောက်​ဘက်​မှ ထွက်​​ပေါ်လာ​သော အသံပိုင်​ရှင်​​ကြောင့်​ သူမ ရဲ့ ထိတ်​လန့်​သွား​လေ​တော့သည်​။

"သင်​တန်းက ထွက်​မယ်​ဆို ​လျော်​​ကြေး​ပေးရမှာ​နော်​..."

သူမ ရဲ့ ​ခေါင်းကို ပုတ်​ပြီး အခန်းထဲ ၀င်​သွား​သောထိုလူ​ကြောင့်​ သူမ ထို​နေရာတွင်​ပဲ ​တောင့်​​တောင့်​​လေးရပ်​ကျန်​​နေခဲ့​လေသည်​။

လျော်​​ကြေး..???...ဘာ​တွေလာ​ပြော​နေတာလဲ...!!

...........

"သင်​တာကို စိတ်​မပါဘူးလား...?"

"........"

"ဒါဆို ကိုယ်​ တို့ တစ်​ခုခုလုပ်​ကြမလား..."

"ဟမ်​..??"

"စိတ်​လှုပ်​ရှားစရာ တစ်​ခုခု​လေ...."

သူမ ရဲ့ မျက်​နှာ​ရှေ့သို့ ​ရောက်​ရှိ​လာ​သော ထိုမျက်​နှာ​ချော​ချော​ကြောင့်​ ရင်​ခုန်​သံ​တွေ ဗ​လောင်းဗလဲ ဖြစ်​သွား​လေသည်​။

"ခွမ်း....!!!"

ရုတ်​တရက်​ထွက်​​ပေါ်လာ​သော အသံ​နောက်​တွင်​​တော့ လူတစ်​​ယောက်​ရဲ့ ခန္ဓာတွင်​ ​သွေးစတို့ ထွက်​​ပေါ်လာ​လေသည်​။

"ဟင်​...!!"

လီဆာ တစ်​​ယောက်​ လက်ဖမိုးမှ ထွက်​လာ​သော ​သွေးစက်​တို့ကိုကြည့်​ရင်း မျက်​​မှောင်​ကျုံ့လိုက်​မိ​လေသည်​။

ဒီက​လေးမ အခုထိ လက်​သံ​ပြောင်​တုန်း......

"ဟို....ဟို....အန်​နာ ​တောင်းပန်​ပါတယ်​.....အဲလို မရည်​ရွယ်​..."

"......"

သူမ ရဲ့ ​စကားကို​တောင်​ဆုံး​အောင်​နားမ​ထောင်​ဘဲ ​ခြေလှမ်းကျဲကြီးများဖြင့်​ အခန်းထဲမှ ထွက်​သွားပြီဖြစ်​​သော ​ကျောပြင်​က​လေးကို ကြည့်​ကာ မျက်​၀န်းများတွင်​ ပုလဲဥတို့ ခို​အောင်းလာ​လေသည်​။

SHEWhere stories live. Discover now