14

338 49 0
                                    

Zawgyi

အထက်​တန်းတတိယနှစ်​ ​ကျောင်းသူ​တွေ အကုန်​ လူစုံသည်​နှင့်​ သူမ တို့ရဲ့ ခရီးသွားကားကြီး က စတင်​ထွက်​ခွာ​လေ​တော့သည်​။
ဂျင်းနီ ချယ်​​ယောင်း နဲ့ ဂျီဆူ တို့ သုံး​ယောက်​ က ​နောက်​ဆုံးရှိ သုံး​ယောက်​ခုံ တွင်​ ထိုင်​လိုက်​​ကြ​လေသည်​။
လီဆာ က​​တော့ သူမ တို့နှင့်​ မလှမ်းမကမ်းတွင်​ရှိ​သော ခုံ​လေးက ပြတင်း​ပေါက်​နားတွင်​ ထိုင်​​နေပြီး သူမ ​ဘေးခုံတွင်​​တော့ ဆူဂျင်း က ထိုင်​​နေ​လေသည်​။

ဂျင်းနီ လမ်း​ခရီးတစ်​​လျှောက်​တွင်​ရှိ​သော ရှုခင်း​တွေကို ​ငေးကြည့်​​နေရင်း နားကြပ်​တပ်​ကာ သီချင်းနား​ထောင်​​နေ​လေသည်​။
ချယ်​​ယောင်း က​တော့ ကား​ပေါ်တွင်​ ပြသ​နေသည့်​ သရဲကား ကို ကြည့်​​နေပြီး ဂျီဆူ့ ကို ဒုက္ခ​ပေး​နေ​လေသည်​။

တစ်​ချက်​ တစ်​ချက်​ ထ,ထ ​အော်​တတ်​​သော ချယ်​​ယောင်း​ ​ရဲ့ အသံက နားကြပ်​တပ်​ပြီးသီချင်းနား​ထောင်​​နေ​သော ဂျင်းနီ ကို ပင်​ လန့်​လန့်​ သွား​အောင်​ စွမ်း​ဆောင်​နိုင်​​လေသည်​။

သူမ တို့ ခရီးအဆုံးကို ​ရောက်​​တော့ တီချယ်​​ ​တွေက ငါး​ယောက်​တစ်​ခန်း ​နေရမည်​ဆိုသဖြင့်​ သူမ မ​တွေ့ချင်​ မမြင်​ချင်​​ပေမယ့်​လည်း လီဆာ တို့ ဆူဂျင်း တို့နှင့်​ အတူ ယခု ခရီးစဉ်​တစ်​​လျှောက်​ သုံးရက်​လုံး အ​တူ ​နေရ​ပေဦးမည်​။

...........

သူမ တို့ အထုတ်​အပိုး​တွေ ​နေရာချပြီးသည်​နှင့်​ ​ထမင်းစား​သောက်​ကြရန်​ အတွက်​ အပြင်​ကို ထွက်​လာခဲ့လိုက်​​လေသည်​။
ဘူး​ဖေး စနစ်​ဖြင့်​ စား​သောက်​စရာ​တွေ ကို တည်​ခင်း​ပေးထား​သည်​မို့ ဂျင်းနီ အသီးအရွက်​အနည်းငယ်​ နှင့်​ ​ရေညှိဟင်းချို တစ်​ခွက်​ ယူလိုက်​ပြီး​နောက်​ ချယ်​​ယောင်း တို့ ထိုင်​​နေ​သော ​နေရာသို့ သွားလိုက်​​လေသည်​။

ပန်းကန်​နှင့်​ မလိုက်​​အောင်​ အပြည့်​အ​မောက်​ထည့်​ထား​သော ချယ်​​ယောင်း ရဲ့ ထမင်းပန်​ကန်​ ကိုကြည့်​ရင်း

SHEWhere stories live. Discover now