15

373 55 3
                                    

Zawgyi

သူမ တို့စားလို့​သောက်​လို့ပြီးသည်​နှင့်​ ခရီး ရဲ့ အဓိကရည်​ရွယ်​ချက်​ဖြစ်​​သော ​ရှေး​ဟောင်းရွာ​လေးထဲသို့သွားကာ ​လေ့လာ​ရေးခရီး စဉ်​ ကို စတင်​လိုက်​ကြ​လေသည်​။

တီချယ်​​​တွေက ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​​ပေးထားသည်​မို့ ချယ်​​ယောင်း တို့လွတ်​လွတ်​လပ်​လပ်​​ပျော်​​နေကြ​လေသည်​။

ရွာ ​လေးရဲ့ အ၀င်​၀နားတွင်​ ရိုးရာ အင်္ကျီ​​လေး​တွေ ငှါးသည့်​ဆိုင်​ဖွင့်​ထား​လေသည်​။
ချယ်​​ယောင်း ရဲ့ ဆွဲ​ခေါ်မှု​ကြောင့်​ ဂျင်းနီ နဲ့ ဂျီဆူ တို့နှစ်​ယောက်​စလုံး ထိုဆိုင်​​လေး ထဲသို့ ​ရောက်​သွားကာ ချယ်​​ယောင်း အလိုကျ ရိုးရာဝတ်​စုံ​တွေ ကို မ၀တ်​ချင်​ ၀တ်​ချင်​ဖြင့်​ ၀တ်​ခဲ့ရ​လေသည်​။
ချယ်​​ယောင်း က မိုးပြာ​ရောင်​ ရိုးရာဝတ်​စုံ​လေးကိုဝတ်​ထားပြီး သူမ ရဲ့ လှပလှ​သော ​ရွှေအို​ရောင်​ ဆံနွယ်​​တွေကို​တော့ ​ကျစ်​ဆံမြီးကျစ်​ကာ ​ကျောပြင်​ထက်​တွင်​ ချထား​လေသည်​။
ဂျီဆူ က​တော့ ​ရွှေဝါ​ရောင်​ ​​ပေါ်တွင်​ ​ငွေ​ဖြူ​ရောင်​ ကနုတ်​ က​လေးများ ဖြင့်​ အနားသတ်​ထား​သော ရိုးရာဝတ်​စုံက​လေးကိုဝတ်​ဆင်​ကာ ဆံပင်​ တစ်​ချို့ကို ​နောက်​တွင်​ တစ်​၀က်​ စီး​နှောင်​ထားပြီး ကျန်​ရှိ​နေ​သော ဆံနွယ်​တို့ကို​တော့ ​ကျောပြင်​ထက်​တွင်​ချထားကာ ​ငွေဖြူ​ရောင်​ သစ်​ခက်​က​လေးများပါ​သော ကလစ်​ က​လေးကိုလည်း ဆံနွယ်​ထက်​တွင်​ ဆင်​မြန်းထား​လေသည်​။
ဂျင်းနီ က​တော့ ပန်းဆီ​ရောင်​ ရိုးရာဝတ်​စုံ​လေးဝတ်​ထားကာ ဂျီဆူ့ နည်းတူ ဆံပင်​ကို ပြင်​ဆင်​ထားပြီး ဆံနွယ်​ထက်​တွင်​​​တော့ မဟူရာ​ရောင်​ ​ကျောက်​က​လေးကို ပန်းနု​ရောင်​ ပွင့်​ချပ်​က​လေးများဖြင့်​ကာရံထား​သော ဆံထိုး​လေးတစ်​ခု ကို ထိုးစိုက်​ထား​လေသည်​။
လီဆာ က​တော့ ဆူဂျင်း နှင့်​ အတူရှိ​နေ၍ သူမ တို့နှင့်​ ပါမလာ​ပေ။

သူမ တို့ အ၀တ်​အစား လဲဝတ်​ပြီးသည်​နှင့်​ ရွာ ထဲသို့ လှည့်​ပတ်​ကြည့်​ရှုကြ​လေသည်​။
ရှေး​ဟောင်းအိမ်​က​လေးများ နှင့်​ ​ရှေး​ခေတ်​က ​နေထိုင်​မှုပုံစံများကိုကြည့်​ကာ သူမ တို့ ​ပျော်​ရွှင်​​နေကြ​လေသည်​။
ရိုးရာမုန့်​ မိုးစုံကိုလည်း ခင်းကျင်းပြသထားသဖြင့်​ သူမ တို့ သွား​ရောက်​ကာ မြည်းစမ်းကြည့်​ကြ​လေသည်​။
ထိုရွာ​လေးမှာ ​​တောင်​​​အောက်​ရွာလေးလည်း ဖြစ်​​နေသည်​မို့ ရွာအနီးအနားတွင်​ ​တောင်​​ပေါ်မှ စီးဆင်းလာ​သော ​ချောင်းငယ်​​လေး တစ်​ခုလည်း ရှိသည်​ ဟု သတင်းရထား​သော​ကြောင့်​ သုံး​ယောက်​သား ထို​နေရာသို့ ထွက်​လာခဲ့လိုက်​​လေသည်​။

SHEHikayelerin yaşadığı yer. Şimdi keşfedin