55

338 25 5
                                    

Uni

ရုတ်တရက် ထွန်းလင်းလာသောမီးရောင်အောက်တွင် မြင်လိုက်ရသည်က နီညိုရောင် လက်တစ်လုံးအင်္ကျီကိုယ်ကျပ်ကလေးကို ဝတ်ထားကာ ဆိုဖာပေါ်တွင် ခြေတစ်ဖက်ချိတ်ထိုင်နေသော အမျိုးသမီးပျိုတစ်ယောက်။

ပေါင်လယ်ထိကွဲထားသော dress ကြောင့် ဖြူဖွေးနူးညံ့နေသော ပေါင်သားလေးများမှ ခြေတစ်ဖက်ချိတ်ထိုင်နေမှုကြောင့် လှပစွာလှစ်ဟနေလေသည်။

မြင်ရသူများရဲ့ ဘဝင်တွင် ဤရှုခင်းဟာ နတ်သမီးလေးတစ်ယောက်နတ်သက်ကြွေလာသလားဟုပင် ထင်မြင်နိုင်သော်လည်း သူမရဲ့ဘေးရှိ စားပွဲပေါ်တွင်ရှိသောအရာဟာ သူမပုံစံနှင့် လားလားမျှမဆိုင်ပေ။

လွန်ခဲ့သော နှစ်များဆီက ပန်းပွင့်ကလေးများနှင့် လိပ်ပြာကလေးများကြားတွင် ပျော်ရွှင်စွာရယ်မောနေသော အပြစ်ကင်းစင်သော ကောင်မလေးမှာ ရက်စက်တတ်သော မိန်းမပျို အသွင် ကူးပြောင်းခဲ့ချေပြီ။

စားပွဲပေါ်ရှိ ​ငွေမှင်ရောင်တောက်နေသော ဓားသွားကလေးအား ကျီးတို့၏အရောင် နက်ဆွေးမှုဖြင့် ကွက်ထားသည်မို့ ပုံသဏ္ဍာန်အားဖြင့် လှပတင့်တယ်နေသော်လည်း ဤအရာဟာ လူ့အသက်ကို လွယ်လွယ်ကလေးထိခိုက်စေနိုင်လေသည်။

နောက် ထိုဓားရှည်လေး၏ဘေးတွင်လည်း ​ငွေမှင်ရောင် သေနတ်တစ်လက်ရှိလေသည်။

တင့်တယ်နေသော ဓားသွားထက် ထိုငွေမှင်ရောင် သေနတ်မှာ ထိုမိန်းမပျိုနှင့် ပိုလိုက်ဖက်သယောင်။

နှုတ်ခမ်းပါးထက်မှ သူမထီဟန် ပြုံးနေမှုဟာလည်း သူမ ၏မျက်နှာလှလှကလေးနှင့် လိုက်ဖက်နေပြန်လေသည်။

ထိုအမျိုးသမီးပျိုဟာ ထိုနေရာတွင် ထိုင်နေရာမှ ထလာကာ ကျောက်ရုပ်သဏ္ဍာန်ြဖစ်နေရှာသော မိန်းမပျိုထံ တရွေ့ရွေ့ချည်းကပ်လာလေသည်။

ကျောက်ရုပ်သဖွယ် ဖြစ်နေရှာသော မိန်းမပျိုကလေး၏ရင်ထဲတွင်တော့ ထိုအမျိုးသမီးပျို သူ့အနားကို နီးကပ်လာသည်နှင့်အမျှ ကြောက်ရွံ့ခြင်း ရင်ခုန်သံတို့ဟာ အရှိန်ပြင်းပြင်း ခုတ်မောင်းနေလျက်။

SHEWhere stories live. Discover now