12

357 51 0
                                    

Zawgyi

ဂျင်းနီ ထိုမြင်​ကွင်း​ကြောင့်​ အမြင်​​တွေေ၀၀ါးလာသလိုပင်​ဖြစ်​လာကာ ဘယ်​ဘက်​ရင်​အုံကလည်း တဆစ်​ဆစ်​ နာ​ကျင်လာေ​လသည်။
သူမ ရဲ့ ​ရှေ့က လူသားနှစ်​ဦးက​တော့ သူမရဲ့ဖြစ်​တည်​မှု​လေးကို ဂရုပြုမိပုံမရ​ပဲ တစ်​​ယောက်​ နှင့်​ တစ်​​ယောက်​ အပြုံး​လေး​တွေဖြင့် ​ဆက်​သွယ်​​နေကြကာ သူမ ရဲ့ မြင်​ကွင်းက​နေ တဖြည်းဖြည်း​ပျောက်​ကွယ်​သွားကြ​လေသည်​။

ဂျင်းနီ နာကျင်​​နေ​သော သူမရဲ့နှလုံးသား​လေးကို ညာဘက်​လက်​က​လေးဖြင့်​ အသာ​အယာဖိလိုက်​​ပြီး​နောက်​ သူမ ကို သူမ အားတင်းကာ စက်​ဘီး stand ရှိရာသို့ သွားလိုက်​​လေသည်​။
ပတ်​၀န်းကျင်​နှင့်​အဆက်​အသွယ်​ပြတ်​​နေပြီး သူမ ​လျှောက်​လှမ်း​နေသည့်​ လမ်း​လေးကိုသာ ငုံ့ကြည့်​ကာ ​လျှောက်​​နေ​​သော်​လည်း သူမ ရဲ့ နားထဲတွင်​ တစ်​ချိန်​က ရင်းနှီးခဲ့ဖူး​သော ရယ်​သံလွင်​လွင်​က​လေးပျံ့နှံ့လာသည်​မို့ သူမ ရဲ့ ​မျက်​၀န်း​လေး​တွေကို ​​လျှောက်​လမ်း​လေးမှ ခွာကာ ​သူမ ရဲ့ ပတ်​၀န်းကျင်​သို့ ​ပြောင်းလဲကြည့်​ရှုလိုက်​​လေသည်​။

ထိုအခြင်းအရာက သူမ ရဲ့ နှလုံးသား​လေးတစ်​ခုလုံး ​ကြေမွသွားမည့်​ အရာမှန်း သာ ကြိုသိခဲ့မယ်​ ဆိုရင်​ သူမ ထိုအခြင်းအရာကို ​ယောင်​လို့​တောင်​ ကြည့်​ဖြစ်​ခဲ့မယ်​ မဟုတ်​​ချေ။

တစ်​ချိန်​က သူမ ပိုင်​ဆိုင်​ဖူးခဲ့သည့်​​နေရာ​လေး.....​နောက်​ထပ်​ တစ်​ကြိမ်​​လောက်​က​​လေးပဲဖြစ်​ဖြစ်​ သူမ ထပ်​ပိုင်​ဆိုင်​ချင်​​သေး​ပေမယ့်​လည်း ဒါက သူမ အတွက်​​တော့ ​နောက်​ထပ်​တစ်​ကြိမ်​​တစ်ခါေ​လး​တောင်​ စိတ်​ကူးယဉ်​ခွင့်​မရနိုင်​​တော့မယ့်​ ​နေရာ​တစ်​ခုဖြစ်​သွားခဲ့ပြီလား?

ဟိုးအရင်​အချိန်​​တွေတုန်းက သူမ နဲ့ သက်​ဆိုင်​တဲ့အရာတစ်​ခု ဖြစ်​ခဲ့တယ်​ဆို​ပေမယ့်​လည်း ပိုင်​ရှင်​ ကိုယ်​တိုင်​က လိုလိုလားလား နဲ့ ​နေထိုင်​ခွင့်​​ပေးခဲ့တဲ့ ​နေရာ​လေးတစ်​ခုမှ မဟုတ်​ခဲ့ဘဲ မလား??

SHEWhere stories live. Discover now