23

392 51 0
                                    

Zawgyi

ချယ်​​ယောင်း ထိုဆရာဝန်​အစ်​ကို​ချော​ချော​လေးအ​ကြောင်းကို​တွေးကာ ကြာကြာ​ပျော်​ချိန်​မရလိုက်​ပါ။
လေထဲတွင်​ တိုက်​အိမ်​​ဆောက်​လို့ ပြီးခါနီး​လေးတွင်​ ဂျီဆူ က ​ရောက်​လာသည်​မို့ ချယ်​​ယောင်း မြန်​မြန်​ မျက်​နှာပိုးသတ်​လိုက်​ရ​လေသည်​။

...........

ချယ်​​ယောင်း ​ဆေးရုံမှာ လွတ်​လွတ်​လပ်​လပ်​ ​နေရဖို့အတွက်​ ကြံရုံရှိ​သေး ဂျီဆူ က သူမ အား ညအိပ်​​စောင့်​​ပေးရန်​ အတွက်​ လာသည်​ဟူ​သော စကား ကို ကြားလိုက်​​တော့ ချက်​ချင်းပင်​ ငရဲအိုးထဲသို့ ကန်​ချခံလိုက်​ရသလို ခံစားမိသွား​လေသည်​။

"ဂျီဆူ ​ရေ.....!!!"

ချယ်​​ယောင်း က သူမ ရဲ့ ​ဘေးတွင်​ စာထိုင်​ဖတ်​​နေ​သော ဂျီဆူ အား ​ခေါ်လိုက်​​တော့ ဂျီဆူ က မျက်​မှန်​ ကို ပင့်​ကာ သူမ ကိုကြည့်​လာ​လေသည်​။

"​ပြော!"

"ငါ အပြင်​ခဏ​လောက်​ထွက်​ချင်​လို့....!"

"အင်း သွား​လေ..."

ခွင့်​ပြုချက်​ရသွားပြီမို့ ချယ်​​ယောင်း ​ကုတင်​​ပေါ်မှ ​ပျော်​ရွှင်​စွာ ထလိုက်​​သော်​လည်း ဂျီဆူ ကပါ လိုက်​ထသည်​မို့ လန့်​သွား​လေသည်​။

"နင်​​ရော လိုက်​မလို့လား!!!"

"အင်း​လေ.....ဘာလို့လဲ??"

ဂျီဆူ ရဲ့ ထိုစကား​လေးနှစ်​ခွန်း​ကြောင့်​ ချယ်​​ယောင်း ရဲ့ စိတ်​ကူးယဉ်​ ကမ္ဘာငယ်​​လေးမှာ တစ်​စစီ ပျက်စီး သွား​လေ​တော့သည်​။

ချယ်​​ယောင်း ​အစက ဆရာဝန်​အစ်​ကို ကို သွား​ချောင်းရန်​ကြံထား​သော်​လည်း ဂျီဆူ့ ​ကြောင့်​ သွားရကံ မမြင်​​တော့​ပေ။ထို့​ကြောင့်​ ​ဆေးရုံ ​ရှေ့တွင်​ လူနာများ အပန်း​ဖြေရန်​အတွက်ပြု​လုပ်​​ပေးထား​သော ပန်းခြံ​လေးကို သာ ထွက်​ခဲ့လိုက်​​လေ​တော့သည်​။

ထိုပန်းခြံထဲရှိ အပင်​ကြီးတစ်​ပင်​​အောက်​က ခုံတန်း​လေးတွင်​ သူမ တို့နှစ်​​ယောက်​သား ထိုင်​လိုက်​ကြ​လေသည်​။ဂျီဆူ က ထိုအပင်​ထက်​မှ သစ်​ရွက်​က​လေး​တွေ ကျလာ​နေသည်​ကို ကြည့်​ကာ အ​တွေး​တွေထဲ​မြော​နေ​လေသည်​။
ထိုစဉ်​ သူမ တို့နား ကို လိပ်​ပြာ​လေးတစ်​​ကောင်​ ဖြတ်​ပျံလာသည်​မို့ ဂျီဆူ ပြုံးလိုက်​မိ​လေသည်​။

SHEWhere stories live. Discover now