50

442 39 5
                                    

Zawgyi

"အန်​နာ လား မသိဘူး....??"

"အာ....ဟုတ်​ကဲ့..."

အပြင်​သင်​တန်းဆို​သော်​လည်း ဆရာနှင့်​ နှစ်​​ယောက်​ထဲ သီးသန့်​သင်​ရမည်​မို့ သူမ ​တော်​​တော်​​လေး စိတ်​လှုပ်​ရှား​နေမိသည်​။

"အဲဆို ညာဘက်​အစွန်းက အခန်းထဲကို ၀င်​သွား​ပေးပါ​နော်​....​နောက်​ဆယ်​မိနစ်​​နေရင်​ ဆရာ လာလိမ့်​မယ်​..."

"​သြော်​....ဟုတ်​ကဲ့...."

ဒီစင်​တာ ရဲ့ တာဝန်​ရှိသူ၏ ​ပြောစကား​ကြောင့်​ သူမ ထို​နေရာသို့ ၀င်​ခဲ့လိုက်​​လေသည်​။

ဆရာ နှင့်​ နှစ်​​ယောက်​ထဲ သင်​ဖို့ရာ အ​တော်​​လေး ကျယ်​၀န်းလွန်းပြီး ပစ္စည်း​တွေကလည်း အ​တော်​ပင်​ စုံလင်​​လေသည်​။

ဒီစင်​တာ က ဖွင့်​တာ သိပ်​မကြာ​သေး​သော်​လည်း ​လူအများကြားတွင်​ ​တော်ေ​တာ်ေ​လး ​ရေပန်းစား​လေသည်​။

သင်​တန်းမျိုးစုံကို ဖွင့်​လှစ်​ထားပြီး သူမ သင်​ရမည့်​ သင်​တန်းက​တော့ စင်​တာရဲ့ ဒုတိယထပ်​တွင်​ဖြစ်​​လေသည်​။

ပထမ ထပ်​တွင်​​တော့ ကိုယ်​ခံပညာသင်​တန်း......

ကိုယ်​ခံပညာ ဆိုမှ သူမ တစ်​ခုခုကို ရင်းနှီးသွားသလိုပင်​......ထိုသင်​တန်း​ရှေ့မှ ဖြတ်​​လျှောက်​ခဲ့တုန်းကလည်း ရင်းနှီးတဲ့ အ​ငွေ့အသက်​တစ်​ချို့ရခဲ့​လေသည်​။

သ​ဘောကျသလိုလို ရင်​တုန်​​နေသလိုလိုကြီး......

ဒါ​ပေမယ့်​ ဒါက စိတ်လှုပ်​ရှားမှု သက်​သက်​ပဲဖြစ်​မှာပါ.....

ဟုတ်​တယ်​ ဒါက သင်​တန်း ပထမ ဆုံးရက်​မို့ စိတ်​လှုပ်​ရှားတာ....

...........

အချိန်​​တော်​​တော်​ကြာသည်​အထိ ဆရာ ​ရောက်​မလာ​သေး​ချေ။

နာရီကိုကြည့်​လိုက်​​သော်​လည်း စ,သင်​ရမည့်​ အချိန်​ထက်​ နာရီဝက်​​တောင်​​နောက်​ကျ​နေပြီမို့ သူမ လည်း ​စောင့်​ရသည်​မှာ ပျင်းရိလာ​လေသည်​။

ထို့​ကြောင့်​ သူမ ​ရှေ့ရှိ ​မုန်​ညှင်းထုပ်ေ​တွကို ​ရေ​ဆေးသန့်​စင်​လိုက်​ကာ တစ်​ရွက်​ချင်းခွာလိုက်​​လေသည်​။

SHEWhere stories live. Discover now