36

343 58 4
                                    

Zawgyi

ချယ်​​ယောင်း တစ်​​ယောက်​ မိုး​အေး​အေး နှင့်​ ​​စောင်​က​လေးခြုံပြီး ဧည့်​ခန်းထဲတွင်​ ထိုင်​​နေကာ ဂျင်းနီ ပြန်​အလာ ကိုလည်း ​စောင့်​​နေရင်း TV ကြည့်​​နေလိုက်​​လေသည်​။

...........

ချယ်​​ယောင်း မိုး​အေး​အေး ဖြင့်​ သရဲကားကြည့်​​နေတုန်း တံခါး,ဘဲလ်​ က မြည်​လာသည်​မို့ လန့်​သွား​လေသည်​။ထို့​နောက်​ နံရံ​ပေါ်က နာရီ ကို အကြည့်​​ရောက်​သွား​တော့ 11 နာရီပင်​ ခွဲ​တော့ မည်​ဖြစ်​​လေသည်​။

ထို့​နောက်​ ချယ်​​ယောင်း တံခါး​ရှေ့ကို သွားကာ အခန်း​လော့ အား ဖွင့်​လိုက်​ပြီး​နောက်​ ဂျင်းနီ ကို ရန်​​တွေ့ရန်​ ပြင်​လိုက်​​သော်​လည်း မြင်​လိုက်​ရသည့်​ မျက်​နှာ​ကြောင့်​ သူမ ရဲ့ မျက်​ခုံး တို့ တွန့်​ချိုးသွား​လေ​တော့သည်​။

"နင်​ ငါ့ သူငယ်​ချင်း ကို ဘာလုပ်​လိုက်​တာလဲ!!"

ချယ်​​ယောင်း က လီဆာ့ ​ကျော​ပေါ်တွင်​ အိပ်​​ပျော်​​နေ​သော ဂျင်းနီ ကို ကြည့်​ကာ ​မေးလိုက်​ပြီး​နောက်​ ဂျင်းနီ အား သူမ ထံသို့ ဆွဲယူလိုက်​​တော့သည်​။
သူမ ဂျင်းနီ ကို ဆွဲ​နေ​သော်​​လည်း လီဆာ က မလွှတ်​​ပေး​ဘဲ...

"ဖယ်​..!"

ဟူ​​သော စကားတစ်​ခွန်းသာ ဆိုလာပြီး သူမ ကိုလည်း တွန်းတိုက်​ကာ သွားပြီး​နောက်​ သူမ တို့ရဲ့ အခန်းထဲ သို့ ၀င်​သွား​လေ​တော့သည်​။

ထို့​နောက်​ ​မိုး​ရေ​တွေ စိုရွဲ​နေ​သော ဂျင်းနီ အား အ၀တ်​လဲ​ပေးရန်​ လုပ်​​နေသဖြင့်​ ချယ်​​ယောင်း တစ်​​ယောက်​ လန့်​ဖျတ်​သွားပြီး လီဆာ့ ရဲ့ အနား သို့ အမြန်​နှုန်းဖြင့်​ သွားလိုက်​ကာ ဂျင်းနီ ရဲ့ ​ရေစို​နေ​သော အ၀တ်​အစား​တွေထံသို့ လက်​လှမ်း​နေ​သော လီဆာ့ ရဲ့ လက်​​တွေ ကို အားဖြင့်​ ရိုက်​ချလိုက်​​လေသည်​။

"ဘာလုပ်​တာလဲ!"

"မြင်​တဲ့ အတိုင်းပဲ​လေ!"

"နင်​ လုပ်​​ပေးစရာ မလိုပါဘူး!.....ငါ့ ဘာ ငါ လုပ်​မယ်​!.....ဖယ်!!"

SHEWhere stories live. Discover now