37

346 51 4
                                    

Zawgyi

ဂျင်းနီ က လီဆာ ပို့​ပေး​သော 'အခုထိ မမှတ်​မိ​သေးဘူးလား´ ဆိုတဲ့ စာကို မြင်​လိုက်​ပြီး 'ငါ အခု အဲတာ ကို စဉ်းစား​နေတာ​လေ´ ဟု တိုးတိုး ​ရေရွတ်​လိုက်​ကာ ဖုန်း ကို နဂို​နေရာသို့ ပြန်​ထားလိုက်​​လေသည်​။

ထိုစဉ်​ သူမ ရဲ့ ​ခေါင်းထဲတွင်​ တစ်​စုံတစ်​ရာက တိုးဝင်​လာပြီး ဖျတ်​ခနဲ ဖြင့်​ ဥာဏ်​အလင်းပွင့်​သွားကာ ထို​နေ့ည က အဖြစ်​အပျက်​​တွေ အကုန်​လုံး ရုပ်​ရှင်​တစ်​ခုသဖွယ်​ မျက်​လုံးထဲတွင်​ ​ပေါ်လာ​လေ​တော့သည်​။

ထို့​နောက်​ ယင်​​ကောင်​ပင်​ ၀င်​,ဥ သွားနိုင်​သည့်​ သူမ ရဲ့ ပါးစပ်​က​လေး ကို လက်​ဖြင့်​ အမြန်​အုပ်​လိုက်​ကာ...

"မဖြစ်​နိုင်​တာ!!!"

ဟု ကျယ်​​လောင်​ စွာ ​ပြောမိသွား​လေ​တော့သည်​။

ထိုစဉ်​ whiteboard တွင်​ စာ​ရေး​နေ​သော တီချယ်​ က သူမ ကို မျက်​မှန်​က​လေး တပင့်​ပင့်​ဖြင့်​ကြည့်​လာကာ....

"တီချယ်​ ​ရေးတာ ဘယ်​နားက မှား​နေလို့လဲ?"

"အဲ ဟို​လေ တီချယ်​ ​ဟို....​ရှေ့နား ကလား မသိဘူး...."

ဂျင်းနီ ပါးစပ်​ထဲရှိရာ​ပြောလိုက်​​တော်​လည်း တီချယ်​ က သူမ ကို အထင်​ကြီးသွား​သော မျက်​လုံးများဖြင့်​ ကြည့်​လာကာ...

"တီချယ်​ ​တောင်​ သတိမထားမိဘူးပဲ.....သမီး နာမည်​ ဘယ်​လို​ခေါ်လဲ?"

"ဂျင်းနီ.....ဂျင်းနီကင်​ ပါ တီချယ်​..."

"အင်း...အင်း....​တော်​တယ်​ ​တော်​တယ်​"

တီချယ်​ က ​ခေါင်း​လေး တငြိမ့်​ငြိမ့်​ဖြင့်​ whiteboard ဘက်​သို့ ပြန်​လှည့်​သွားကာ သူ့ စာ ကို သူ ဆက်​​ရေး​နေ​လေသည်​။

ထိုစဉ်​ ချယ်​​ယောင်း က သူမ နားသို့တစ်​ဖန်​ပြန်​ကပ်​လာကာ....

"ငါ့ ကို​တောင်​မ​ပြောပြဘူး​နော်​ ဟင့်​..."

ဟူ​သော စကား ကို ​ပြောသွားပြီး နှုတ်​ခမ်းကြီးစူ ​နေသည်​မို့ ချယ်​​ယောင်း က သူမ အား စိတ်​ဆိုးသွားပြီဆိုတာ သိ​သော်​လည်း ဒီကိစ္စက ဘယ်​လိုမှ ရှင်းပြလို့ မရ​သော​ကြောင့်​ ဒီတိုင်းပဲ စိတ်​ဆိုးခံလိုက်​​လေ​တော့​သည်​။

SHEWhere stories live. Discover now