53

270 27 10
                                    

Uni

"တီ...တီ..တီ....."

ညသန်းခေါင်ကြီး မြည်လာသော ဖုန်းသံဟာ အအိပ်ဆတ်သော အန်နာကို နိုးထစေလေသည်။

အိပ်ချင်မူးတူးဖြင့် ဖုန်းအားကောက်ကိုင်ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခုဖြစ်နေလေသည်။

"ဟဲလို"

ဆက်လာသော ဖုန်းအား ပြန်ဖြေလိုက်သော်လည်း တစ်ဖက်က ဘာစကားမှ မဆိုလာပေ။

"ဟဲလို"

ဒုတိယအကြိမ် ရှိပြီဖြစ်သော်လည်း ငြိမ်သက်လျက်ရှိသော တစ်ဖက်လူကြောင့် ဖုန်းချလိုက်ရန် ပြင်လိုက်သော်လည်း တစ်ဖက်မှ အသံသေးသေးလေးတစ်ခုထွက်ပေါ်လာလေသည်။

"ဟန်"

ဟုတ်သည်။ထို အမည် နာမ လေးဟာ တိုးလျသော်လည်း အန်နာ တစ်ယောက်ကြားဖို့ရာ လုံလောက်သေးသည်။

"ဟန် လားဟင်?"

ဖုန်းမှားဆက်သည်ဟု ပြောချင်သော်လည်း တစ်ဖက်ကမိန်းကလေးအသံကို သူမ ကောင်းကောင်းကြီးမှတ်မိလေသည်။

"ဟန် အရမ်းဆိုးတာပဲ...သဲ ကို အဲလောက်တောင်ချစ်တာလားဟင်?....သဲက စလိုက်တာကို ဟန် က တကယ်ကြီးထင်သွားတာလား....သဲက ဟန့်ကို ချစ်ပါတယ်....အဲတာကြောင့်အိမ်ပြန်လာခဲ့တော့လို့....သဲ ကို စိတ်ပူအောင်မလုပ်တော့နဲ့တော့လို့...ဟန် အခုချက်ချင်းပြန်မလာရင် သဲ အိမ်မှာရှိတဲ့ ဝိုင်တွေအကုန် သောက်ပစ်လိုက်မှာနော်"

ဖုန်းမှားဆက်ခံရတာတင် မဟုတ်ဘဲ အချွဲအနွဲ့တွေကိုပါ ခံလိုက်ရသည်မို့ အန်နာတစ်ယောက် ရေချိုးခန်းထဲသွားကာ အမြန်ပြေးအန်ချင်စိတ်ကိုထိန်းနေရလေသည်။

တကယ် အတွဲတွေက တကယ်ပိုတာ.....

"ဟန် နော် သဲ ကို ချစ်လား....ချစ်လား လို့...."

တစ်ဖက်လူက သူမ ရဲ့ သည်းခံနိုင်စွမ်းကို မကျော်ကျော်အောင် ပြောလာနေသည်မို့ ဖုန်းမှားဆက်မှန်းသိအောင် အမောက်ထောင်ပြမှရပေမည်။

"ဒီမယ် အစ်မကြီး ဖုန်းမှားနေတယ်ရှင့်!"

ဒေါသသံအနည်းငယ်စွက်နေသော အသံကြောင့် သူမ ကိုယ် သူမ ပင် အနည်းငယ်အံ့သြသွားလေတော့သည်။

SHEDonde viven las historias. Descúbrelo ahora