1

1.8K 79 5
                                    


Zawgyi

"ဟဲ့ ဟိုနှစ်​​ယောက်​ ထိပ်​တိုက်​​တွေ့ကြပြန်​ပြီတဲ့!"

"အိုမို....အိုမို....ဘယ်​လိုဖြစ်​ကြပြန်​တာလဲ ပထမဆုံး​ကျောင်းတက်​တဲ့​နေ့မှာကိုပဲ​လေ!"

"​အေး ဟုတ်​တယ်​....နင်​လိုက်​မှာလား ငါသွားကြည့်​မလို့"

"ဒီပွဲ ဘယ်​အလွတ်​ခံလို့ ဖြစ်​ပါ့မလဲဟ!"

ထို့​နောက်​ ထိုအနှီမိန်းက​လေးနှစ်​​ယောက်​မှာ အခင်းဖြစ်​ပွားရာ သုံးထပ်​ရှိ စီနီယာအထက်​တန်း အခန်းေ​ရှ့ ကို ​ပြေးသွားကြ​လေ​တော့သည်​။
သူမ တို့ ထို​အခင်းဖြစ်ပွားရာေ​​နရာ ကို ​ရောက်​​ရှိ​တော့ ဆံပင်​​တွေကို ​မြောက်​​နေ​အောင်​ စည်းထားကာ တစ်​​လောက​လုံးကို ဂရုမစိုက်​​သော အထာဖြင့်​ မျက်​နှာ​ကို​မော့ ထားပြီး, လက်​နှစ်​ဖက်​ ကို ယှက်​လျက် ​သူ့ ​ရှေ့က လူအား ခနဲ့​သောအပြုံးဖြင့်​ စိုက်​ကြည့်​​​နေ​သော ​ကောင်​မ​လေး တစ်​​ယောက်​ ကို မြင်​လိုက်​ရ​လေသည်​။

သူမ အကြည့်​ခံ​နေရ​သော ထိုလူသားမှာလည်း သူမ နှင့်​နည်းတူ သူမ အား စိုက်​ကြည့်​​နေပြီး မိုးပြာ​ရောင်​ဆံပင်​​တွေကို​တော့ သူ့ ရဲ့ လှပ​လှ​သော လည်​တိုင်​​လေး​တွေ​ပေါ်မှာ ​လေ​ပြေ​လေး​တွေနှင့်​အတူ ကခုန်​​နေ​စေ​လေသည်​။

ထို့​နောက်​ ထိုသူ ကပင်​ စတင်​ကာ တိတ်​ဆိတ်​​ခြောက်​ကပ်​​နေ​သော အကြည့်​စစ်​ပွဲကြီးကို ဖြိုခွင်းလိုက်​​လေ​တော့သည်​။

"ဟက်​! အထက်​တန်း​နောက်​ဆုံးနှစ်​သာ ဆိုတယ်​ အရပ်​ကလည်း ​ပထမနှစ်​ကလိုပဲ တက်​မလာဘူး​နော်​"

ထိုသူ ၏ ​ပြောစကား​ကြောင့်​ တစ်​ဖက်​က ​ကောင်​မ​လေးမှာ မျက်​​မှောင်​ကျုံ့သွားသည်​ကို ပွဲကြည့်​ပရိသတ်​အားလုံး ရှင်းရှင်းလင်းလင်းမြင်​လိုက်​ရ​လေသည်​။

"အိုး....နင်​က​ရော ဘာထူးလို့လဲ အရပ်​ကသာရှည်​လာသာ စကား​တွေက ​မူလတန်းအဆင့်​က တက်​မလာတာ​လေ......"

ထို့​နောက်​ သူမ​လေးမှာ အံ့သြသည့်​ပုံစံဖြင့်​ နှုတ်​ခမ်း​လှ​လှ​လေး​ပေါ်သို့ ​သေးသွယ်​လှ​သော လက်​​ချောင်း​လေးများကို တင်​လိုက်​ပြီး စကားထပ်​ဆိုလာ​လေသည်​။

SHEDonde viven las historias. Descúbrelo ahora