19

348 53 0
                                    

Zawgyi

ဂျင်းနီ ရဲ့ နှုတ်​ဆက်​ခြင်းကိုခံလိုက်​ရ​သော လူငယ်​တစ်​စုမှာ တွန့်​ဆုတ်​တွန့်​ဆုတ်​ဖြင့်​ သူမ တို့ ထိုင်​​နေ​သောစားပွဲနားကို ​ရောက်​ရှိလာကြ​လေသည်​။ထို့​နောက်​ ဂျင်းနီ နှင့်​ မျက်​လုံးချင်းဆုံခြင်း မပြုဘဲ ​ခေါင်း ကို တွင်​တွင်​ ငုံ့ထားကြ​လေသည်​။

အချိန်​​တော်​​တော်​ကြာသည်​အထိ ဂျင်းနီ မှာ သူတို့ကို စကား​ပြောလာခြင်း မရှိ​​သော်​လည်း တစ်​​ယောက်​မျှ ​စောဒက မတက်​ရဲကြ​​ချေ။
သို့​သော်​လည်း မတ်​တပ်​ရပ်​နေရသည်​မှာ ကြာလာသည်​နှင့်​အမျှ ​ခြေ​ထောက်​​ထောက်​​တွေကလည်း တစ်​စတစ်​စဖြင့်​ ထုံကျင်​လာပြီဖြစ်​​လေသည်​။
ခြေ​ထောက်​ က နာကျင်​မှုကို သည်းမခံနိုင်​တဲ့အဆုံးတွင်​ သူတို့ထဲမှ လူငယ်​တစ်​​ယောက်​က စတင်​ကာ မ၀ံ့မရဲဖြင့်​ စကားဆိုလာ​လေသည်​။

"အစ်​...အစ်​...ကိုကြီး......ကိစ္စမရှိရင်​....."

ထိုလူငယ်​ရဲ့ အသံ​ကြောင့်​ ပီဇာ ကိုပါးစပ်​ထဲထည့်​ရန်​ ဟန်​ပြင်​​နေ​သောဂျင်းနီ ရဲ့ လက်​က​လေးမှာ ​လေထဲတွင်​တန့်​သွားပြီး သူတို့အုပ်​စုရှိရာဘက်​သို့ ​ခေါင်းလှည့်​လာ​လေသည်​။

"အာ.....​ဆောရီး....နင်​ တို့ရှိ​နေတာငါ​မေ့သွားတယ်​!"

'​မေ့သွားတယ်​ ဟုတ်​လား ​ပြော​တော့လွယ်​လိုက်​တာ သူတို့ရပ်​​နေတာ တစ်​နာရီ နီးပါး​တောင်​ ရှိ​နေတဲ့ဟာကို´

ထိုစကားက​တော့ ထိုလူငယ်​ အားလုံးရဲ့ စိတ်​ထဲတွင်​သာ ရှိ​နေ​သော စကားဖြစ်​ပြီး အပြင်​ကို​တော့ ထုတ်​မ​ပြောဖြစ်​ကြပါ။ပြောလို့လည်းမဖြစ်​ဘူး​လေ မ​တော်​လို့ လက်​သီးစာမိသွားရင်​ ဘယ်​နှယ့်​လုပ်​ပါ့......သူမ​လေးရဲ့ လက်​သံ​ပြောင်​မှုကို​တော့ ဟိုတစ်​​နေ့ကတည်းက ​သူတို့အားလုံး ​တော်​​တော်​ ကို လက်​လန်​သွားကြပြီမဟုတ်​ပါလား......

"ဘာမှမဟုတ်​ဘူး ဒီတိုင်းမြင်​လို့​ခေါ်လိုက်​တာ...."

သူမ ​ပြောချင်​ရာ​ပြောပြီး ပီဇာ ထံသို့ ပြန်​၍ အာရုံစိုက်​သွား​သော ထို​ကောင်​မ​လေး​ကြောင့်​ သူတို့ရဲ့ ​ကျောက်​ချထားသကဲ့သို့ တုတ်​တုတ်​မျှမလှုပ်​​တော့​သော ​ခြေ​ထောက်​​တွေကို မနည်းဆွဲနှုတ်​လိုက်​ကြပြီး​နောက်​ ထို​နေရာမှ တ​ရွေ့​ရွေ့ဖြင့်​ ထွက်​သွားကြ​လေသည်​။

SHEWhere stories live. Discover now