"မင်း ငါ့ညီကို တကယ်ချစ်တာလား"
အံကြိတ်လျက် ပြောလာ သည့် ကိုစိုင်းမာန်က သူ လက်ပုတ်ကာ အရှုံးမပေးမချင်း လွှတ်ပေးမည့်ဟန် မရှိပေမယ့်
"တကယ်ပါ...ကျွန်တော်...သူ့ကို ချစ်...အစ်"
ခေါင်းမာသည့် သူကလည်း သတိလစ်သွားမှာတောင် ဂရုမစိုက်ဘဲ ဇွဲနပဲ ကြီးစွာဖြင့် တင်းခံထားမိသည်။
"ကျစ်!"
နောက်တော့လည်း ကိုစိုင်းမာန်ကပဲ အကြောတင်းလွန်းသည့် သူ့အား အားကုန်သုံးပြီး ချုပ်ထားရာမှ မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်ပေး၏။
"ဟား!"
ဇေရှိန်ဟန်လည်း ခုခံရတာ ခြေကုန်လက်ပန်းကျသွားပြီမို့ ကြမ်းပေါ်တွင် ပက်လက် အနေအထားဖြင့်သာ ခဏ လှဲနေလိုက်သည်။
"မင်း တော်တော် သက်လုံကောင်းတာပဲ"
ကိုစိုင်းမာန်က ပြောပြောဆိုဆိုဖြင့် သူ့ကို လက်တစ်ဖက် ကမ်းပေးလာတော့မှ ဇေရှိန်ဟန်လည်း ကိုစိုင်းမာန်ရဲ့လက်ကို
ဆွဲပြီး ထလိုက်၏။"ကျေးဇူးပါဗျ"
သူ့ကိုဆွဲထူပေးပြီး ချွေးတွေသုတ်နေသည့် ကိုစိုင်းမာန်က သူ့ကိုလည်း တဘက်တစ်ထည် လာပေးသည့်အခါ ဇေရှိန်ဟန် ရိုရိုကျိုးကျိုးဖြင့် လက်ခံယူလိုက်ပါသည်။
*******************************
ရှိန်ဇေ ဒီDojo room ထဲကို ဝင်သွားကတည်းက အပြင်တွင် စိတ်ပူပြီး ကျန်နေခဲ့ရသည့် စိုင်းစေး လိုက် ဝင်သွားရန် အကြိမ်ကြိမ် တွေးမိသော်လည်း စည်းကမ်းကြီးသည့် သူ့အစ်ကိုကြီး စိတ်ဆိုးမှာကို စိုးရွံ့သဖြင့် နာရီဝက်လုံးလုံး Dojo room ရှေ့တွင် ဟိုဘက်လျှောက်လိုက် သည်ဘက် လျှောက်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေခဲ့သည်။
"စေး"
ထိုစဥ် ရှိန်ဇေတစ်ယောက် အခန်းထဲကနေ ထွက်လာတော့ သူ စိုးရိမ်တကြီးဖြင့် ရှိန်ဇေ့ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ရှိန်ဇေ့အား ခြေဆုံးခေါင်းဆုံး ကြည့်မိသည်။
"ဘယ်နား နာသွားသေးလဲ...ဟင်"
ရှိန်ဇေက ခေါင်းရမ်းပြပေမယ့်လည်း စိုင်းစေးကတော့ စိတ်သက်သာရာ မရပေ။
PART [ 122 ]
Start from the beginning