"မေမေ အဲ့ဒီ့ကိုကိုက ဘာဖြစ်လို့ ငိုနေတာလဲဟင်"

"ဆေးထိုးအပ် ကြောက်လို့တဲ့"

"ဟင်...သားတောင် မကြောက်ဘူး"

"ဟုတ်ပ အဟင်းဟင်း"

ဆေးတစ်ချောင်း ထိုးအပြီးမှာ မျက်ရည်တွေ ဝဲလျက်ရှိသည့် လျှံသောတဟာ ဆေးခန်းရှေ့မှာ ဆော့နေတဲ့ ၁၀နှစ်အရွယ် ကလေးကို မျက်စောင်း ထိုးဖြစ်အောင် ထိုးခဲ့ပါသေးသည်။

"ငါ တကယ် နာတယ် သျှား"

ကားပေါ်လည်း ရောက်ရော သျှားရင့်ပခုံးတစ်ဖက်ပေါ်   မျက်နှာအပ်လိုက်သော လျှံသောတမှာ ငိုချင်လျက် လက်တို့ ဆိုသလိုပင်။

"မင်း နေကောင်းရင် ငါ့အိမ် အလည်ခေါ်မယ် တိတ်တိတ်"

ဆေးထိုးအပ်က နာတာထက် တကယ်တော့ အမေဖြစ်သူအား လွမ်းစိတ်က ပိုကာ ကလေးတစ်ယောက်နှယ် တစ်ချက် တစ်ချက် ရှိုက်နေရှာသော လျှံသောကို သူတို့တွေ စတောင် မစရက်။

"ရော့ နှပ်သုတ်လိုက်ဦး"

မျက်ရည်လည်ရွဲဖြင့် လျှံသောတဟာ အိတ်ကပ်ထဲကနေ ပုဝါထုတ်ပေးသည့် Isaac ကို လက်ခလယ် ထောင်ပြလာပါမှ သူတို့အားလုံး ရယ်နိုင်ကြတော့သည်။

************************************

"မင်း တစ်ခုခုလိုရင် ငါ့ကိုပြော"

"အင်း"

သူ့ဆီက အဖျားကူးမှာစိုးလို့ လျှံသောတ တစ်ယောက်တည်း အိပ်လိုက်မယ်လို့ ပြောပေမဲ့ John က စိတ်မချဘဲ သူ့နံဘေးမှာ အိပ်ဖို့ သူ့ ဗီရိုထဲမှ ခေါင်းအုံးတစ်လုံးနဲ့ စောင်တစ်ထည် အဆင်သင့် ထုတ်ထားပြီးပြီ။

သူတို့အဖွဲ့ထဲမှာ John က သူတို့ကို အစစ အရာရာ ဂရုစိုက်ပေးတတ်သူ ဖြစ်သည်။ သူတို့တွေ အရက် သောက်ကြတဲ့ အခါမျိုးမှာတောင် John က ဘယ်တော့မှ အမူးသောက်လေ့မရှိဘဲ သူတို့ကို အမြဲ ထိန်း၏။

"အိပ်ပြီလား လျှံသော"

"နိုး"

သျှားရင့် သူ့အခန်းထဲ ဝင်လာပြီးနောက်မှာ Isaac နဲ့ စိုင်းစေးလည်း လိုက်လာကြတော့
သူတို့အားလုံး စာမကြည့်ဘဲ စကားစမြည် ပြောဖြစ်ကြပြန်သည်။

Lovey DoveyDonde viven las historias. Descúbrelo ahora