"ဘာ?"ဝူရှောင်ရန်တို့က ထိတ်လန့်သွားပြီး ဝူပုဖန်နဲ့အတူ ပါလာတဲ့လူတွေနဲ့ မီတာအနည်းငယ်လောက်ဝေးအောင် နောက်ဆုတ်သွားကြတယ်။

ဒီအခြေအနေကို ဝူပုဖန်က ကြိုတင်မျှော်လင့်ထားပြီးသား ဆိုပေမဲ့ သူတို့က ဒီလိုလုပ်လာတဲ့အချိန်မှာတော့ သူကဒေါသထွက်သွားတယ်။

အဲဒီအချိန်မှာဘဲ အကြီးအကဲယောင်က စိတ်လှုပ်ရှားစွာ အော်လိုက်တယ်"ကြည့်  ကြည့် ရှောင်ရာက သတိရလာပြီ"

ရှောင်ရာက သူ့ရဲ့အငယ်ဆုံးမြေးဖြစ်တယ်။ရှောင်ရာက ရောဂါကူးစက်ခံရပြီး မေ့မျောသွားတုန်းက သူတို့တစ်အိမ်လုံးက စိုးရိမ်နေတာဖြစ်တယ်။သူသတိပြန်ရလာတာက အကြီးမားဆုံး စိတ်သက်သာရာရမှုဘဲ။

"သူ့ရဲ့အခြေအနေကကောင်းသွားပြီ"ဝူပုဖန်က စိတ်လှုပ်ရှားစွာပြောလိုက်တယ်။

"ကောင်းတယ်"အကြီးအကဲယောင်ကလည်း သူ့မြေးရဲ့အခြေအနေကို အမြန်စစ်ဆေးကြည့်လိုက်တယ်"သူ့ရဲ့ကိုယ်ပူချိန်က ကျသွားပြီ။သူ့ရဲ့သွေးခုန်နှုန်းက အားနည်းနေသေးတယ်ဆိုပေမဲ့ ဒါက သူကသာမန်အအေးမိရုံလောက်ဘဲ။သူသာကောင်းကောင်း အနားယူလိုက်ရင် ဘာပြသနာကြီးမှ ရှိမှာမဟုတ်တော့ဘူး"

"ရှောင်ရှန်းလည်း နိုးလာပြီ"အခြားအကြီးအကဲတစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာပြောလိုက်တယ်။

ရှောင်ရှန်းနဲ့ရှောင်ရာနှစ်ယောက်လုံးက အဖျားရောဂါခံစားခဲ့ရတာဖြစ်တယ်။

"အဖေ ကျွန်တော်တို့ကရော ကျွန်တော်တို့ကလည်း ရောဂါကူးစက်နိုင်ချေရှိလား?"ဝူရှောင်ရန်က ဝူပုဖန်ကို အဝေးကနေမေးလိုက်တယ်။

"တကယ်လို့ မင်ကသေချင်ရင်တောင် မင်းကသေမှာမဟုတ်ဘူး"ဝူပုဖန်က ပျက်ရယ်ပြုလိုက်တယ်"မင်း ဝူရုန် ပြောခဲ့တာကို မကြားခဲ့ဘူးလား?သူက ကောက်ရိုးရိုင်းက ရောဂါမကူးစက်အောင် ကာကွယ်ပေးလိမ့်မယ်လို့ပြောခဲ့တယ်"

"ဒါကကောင်းတယ်"လူတိုင်းက စိတ်သက်သာရာရသွားတယ်။

အပြင်ကနေ ချောင်းနားထောင်နေတဲ့ ဝူချန်ဇီက ဒီသတင်းကို ကြားတော့ သူကလျှင်မြန်စွာ ထွက်သွားပြီး ကောက်ရိုးရိုင်းက အဖျားရောဂါကိုပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ သတင်းကိုမပျံ့နှံ့စေဖို့ အစောင့်တွေကို ဝူပုဖန်နဲ့သူ့မိသားစုတွေကို အိမ်တော်ထဲမှာ ထိန်းသိမ်းထားဖို့ အမိန့်ပေးလိုက်တယ်။သူက အဖျားရောဂါအကြောင်းကို မသိသော်လည်း အနည်းဆုံးတော့ သူက ကောက်ရိုးရိုင်းက အဖျားရောဂါကို ကုသနိုင်တယ်ဆိုတာ သိသွားပြီ။

COTAW(Zawgyi)Tempat cerita menjadi hidup. Temukan sekarang