Chapter(17+18)

3K 678 7
                                    

Chapter(17)ပြုစားကပ်ပါးကောင်

ဟေးရှင်းသည် အတော်ဆုံးနှင့်ကျွမ်းကျင်မှုအရှိဆုံးဖြစ်ရုံသာမက လျှင်မြန်မှုလည်းရှိသည့် လက်သမားအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့တယ်။သူတို့က တစ်ရက်ထဲနှင့်အခန်းကို အဆင့်သင့်ဖြစ်ရုံသာမက ဆယ့်နှစ်ပေရှိသည့် အိပ်ရာခင်းကဲ့သို့ ဆယ့်နှစ်ပေရှိသည့် ကုတင်ကိုလည်း လုပ်ဆောင်ပြီးသွားတယ်။ဟေးရှင်းက ခုတင်အောက်တွင် ပစ္စည်းများထည့်ထားတာကြောင့် ဒီကုတင်ကို တစ်ယောက်မှ ကျိုးအောင်လုပ်နိုင်မှာ မဟုတ်ဘူး။

ညရောက်သည့်အခါမှာတော့ ဝူရုန်က ကုတင်ရှေ့တွင် ရပ်၍ကြည့်နေတယ်။တကယ်လို့ အိပ်ရာခင်းသာမရှိရင် ဝူရုန်က ကုတင်လို့မတွေးဘဲ အခန်းငယ်လေးလို့ တွေးနိုင်တယ်။

ဝူရုန်က ခုတင်ပေါ်မှာ ထိုင်ပြီးစဉ်းစားနေတယ်။ ဟေးရွမ်ရီကတကယ်ဘဲ သူနှင့်တစ်ခုတင်ထဲ အိပ်မလို့လား?

အရင်ဘဝတုန်းက သူတို့က ဘယ်တော့မှ တစ်ခုတင်ထဲ မအိပ်ကြဘူး။ဒါက သူက ဟေးရွမ်ရီအပေါ်ထားသည့် သဘောထားပြောင်းလဲသွားတာကြောင့် အရာရာတိုင်းက ပြောင်းလဲသွားတာလား?

ဝူရုန်ကမျက်မှောင်ကြုတ်လိုက်တယ်။

ကောင်းပြီလေ။ထားလိုက်ပါတော့။ဒီကုတင်ကလည်းဒီလောက်တောင်ကြီးနေတာဘဲ။သူတို့က တစ်ယောက်နှင့်တစ်ယောက်မထိနိုင်ဘူး။ပြီးတော့ သူနှင့်ဟေးရွမ်ရီက ယောကျာ်းတွေလေ။သူက မိန်းမတစ်ယောက်လိုတော့ ဟေးရွမ်ရီရဲ့အနှောင့်အယှက်ပေးတာကို ခံရမှာကို စိုးရိမ်ဖို့မလိုဘူး။ဒါ့အပြင် သူကဒီလောက်ထိ ဝနေတာ ဟေးရွမ်ရီက သူ့ကိုခံစားချက်ရှိဖို့မဖြစ်နိုင်ဘူး။

ဝူရုန်ကသူ့ကိုယ်သူရယ်လိုက်တယ်။

သူကအတွေးလွန်နေတာဘဲ။တစ်ခုတင်ထဲအိပ်တာနဲ့ ဟေးရွမ်ရီက သူ့ကို စိတ်ဝင်စားတယ်လို့မဆိုလိုဘူးလေ။

သူကဘဲ ဝူရုန်ကို အတင်းဆာလောင်နေသလိုနှင့်။

မကြာခင်မှာဘဲ ဟေးရွမ်ရီက အခန်းထဲကို ဝင်လာတယ်။ဟေးရွမ်ရီက အဝတ်အစားချွတ်လိုက်ပြီး ဝူရုန်ဘေးမှာလဲလျောင်းလိုက်ရင်း ဖယောင်းတိုင်မီးကို သူ့လက်ချောင်းတွေကို ဝေ့ယမ်းပြီးငြိမ်းလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now