Chapter (13+14)

3.2K 652 6
                                    

Chapter(13)လျှို့ဝှက်စွမ်းရည်များ

ဟေးဂန်သည် ဝူရုန်၏ စည်ဘိုင်းခန္ဓာကိုယ်က တံခါးဘောင်အတွင်းမှာ ပြည့်ညှပ်နေတာကို ကြည့်ပြီး မပြုံးဘဲမနေနိုင်တာကြောင့် သူ့အပြုံးကို ဖုန်းကွယ်ဖို့ လက်သီးဆုတ်ကို ပါးစပ်နားမှာ ကာထားလိုက်တယ်။သူကအစေခံတွေကို အဆောက်အဦးအတွင်းမှာရှိသည့် တံခါးတိုင်းကို အနည်းဆုံးခုနှစ်ပေရှိသည့် တံခါးတွေနှင့်လဲဖို့ အမိန့်ပေးလိုက်တယ်။

ဝူရုန်က ကယ်ဆယ်ခံပြီးသည့်နောက်မှာတော့ သူကအနောက်ခြံဝင်းထဲမှာရှိသည့် သေးငယ်သည့် တံခါးတွေကို ရှောင်ရှားရမယ်ဆိုသည့် သင်ခန်းစာတစ်ခုကို သင်ယူရလိုက်တယ်။သူက အထဲဝင်သွားတော့ အလောင်းကောင်အစေခံတွေက တံခါးနားမှာ ရပ်စောင့်နေကြတယ်။

ဝူရုန်က တံခါးနားကိုရောက်လာသည့်အခါ ဟေးရွမ်ရီက အထဲကို ဝင်လာတာကိုတွေ့လိုက်ရတယ်။

"ဘာလဲ"ဝူရုန်ကစိတ်ရှုပ်သွားတယ်။

ဟေးရွမ်ရီက အခန်းထဲမှာ တည်ငြိမ်စွာရှိနေတာက သူကဒီမှာ ညအိပ်မယ်ဟု ဆိုလိုတာဖြစ်တယ်။

"...... "ဝူရုန်

အရင်ဘဝတုန်းက ဟေးရွမ်ရီက သူ့အခန်းကိုမလာခဲ့ဘူး။သူတို့ လိင်ဆက်ဆံခဲ့ရင်တောင် ညကို အတူတူမကုန်ဆုံးကြဘူး။ဒါကလည်း အဲဒီအချိန်တုန်းက ဝူရုန်က ဟေးရွမ်ရီကိုမုန်းလွန်းတာကြောင့် အခန်းခွဲအိပ်ခဲ့တာဖြစ်တယ်။

ဝူရုန်က ဟေးရွမ်ရီရှေ့တွင် သူ့ခန္ဓာကိုယ်ကိုဖြောင့်မတ်စွာထားလိုက်ပြီး"ခင်ဗျားသေချာရဲ့လား?ဒီကုတင်က ခုနှစ်ပေဘဲရှိပြီး ကျွန်တော်တို့နှစ်ယောက်လုံးအတွက်ဆိုရင် မလုံလောက်ဘူး"

အခန်းထဲမှာရှိသည့် ကုတင်က ခုနှစ်ပေသာရှိပြီး ဝူရုန်တစ်ယောက်ထဲအတွက် သာလုံလောက်မှုရှိတယ်။

"......"ဟေးရွမ်ရီက သူ့မျက်လုံးနှင့် ဝူရုန်၏ခန္ဓာကိုယ်ကို တိုင်းတာလိုက်ပြီး ဘာမှမပြောတော့ဘဲ ထွက်သွားလိုက်တယ်။

ဝူရုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး တခါးကိုပြေးပိတ်လိုက်တယ်။

အရင်ဘဝတုန်းက သူတို့လိင်ဆက်ဆံသည့်အခါ ဝူရုန်၏ခန္ဓာကိုယ်က သင့်တော်သည့်ပုံသဏ္ဍန်ရှိနေပြီဖြစ်တယ်။ဒါကြောင့်သူက ဟေးရွမ်ရီက ဝတုတ်နေသည့် ယောကျာ်းတစ်ယောက်ကို စိတ်ဝင်စားမယ်လို့မထင်ခဲ့တာဖြစ်တယ်။

COTAW(Zawgyi)Where stories live. Discover now