Chapter(98+99)

1.3K 287 6
                                    

Chapter(98)စွပ်ဖားလှည်းပြိုင်ပွဲ(1)

"ရုန်အာ"အပြာရောင်ဝတ်ဆင်ထားသောလူငယ်သည် ဝူရုန်ကို အော်ခေါ်လိုက်သည်။

ရုတ်တရက် ဝူရုန်သည် သူ့အမည်ခေါ်တာကြားတာကြောင့် လှည့်ကြည့်လိုက်သည်။သူက အပြာရောင်ဝတ်ဆင်ထားတဲ့ လူငယ်ကိုတွေ့တော့ မျက်မှောင်ကြုတ်လိုက်သည်။ဒီလူက အရှေ့ဘက်ခြံဝင်းမှ သူ့ရဲ့ဝမ်းကွဲဝူရှန်းဖြစ်တယ်။

"အင်း ရှန်းအာ"ဝူရုန်က အလိုက်သင့်ဘဲ ပြန်နှုတ်ဆက်လိုက်သည်။

ဝူရှန်းသည် ဝူရုန်ဘေးက ဟေးရွမ်ရီကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

"ရုန်အာ သူက မင်းယောကျာ်းလား?"

"အင်း"ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"သူက ငါ့ယောကျာ်းဟေးရွမ်ရီ ရွမ်ရီ သူက ကျွန်တော့်ဝမ်းကွဲဝူရှန်း"

ဟေးရွမ်ရီနှင့်ဝူရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ခေါင်းငြိမ့်ပြီး အသိအမှတ်ပြုလိုက်ကြသည်။

ဝူရှန်းသည် ဝူရုန်တို့၏ရေခဲပြင်စီးစွပ်ဖားလှည်းကို မြင်တာနဲ့ ပြောလိုက်သည်။

"ရုန်အာ ငါ့ညီလေးနဲ့သူ့သူငယ်ချင်းတွေက စွပ်ဖားလှည်းပြိုင်ပွဲမှာပါမလို့။မင်းတို့ရော ငါတို့နဲ့အတူ လာချိတ်ဖို့ စိတ်ဝင်စားလား?"

ဝူရုန်သည် ရေခဲပြင်စီးစွပ်ဖားလှည်းတွေကို တန်းစီပြီး စီးရတာကို ပျင်းစရာကောင်းတယ်လို့ထင်တယ်။ဒါပေမဲ့ ရေခဲပြင်စီးစွပ်ဖားလှည်းကို ပြိုင်စီးတာက စိတ်ဝင်စားစရာကောင်းတယ်လို့ထင်တာကြောင့် သဘောတူလိုက်သည်။

"ကောင်းပြီလေ"

"ဒါဆိုလောင်းကြမယ်။တစ်ယောက်ကို ရွှေပြားတစ်ရာစီလေ ဘယ်လိုလဲ?"

ဝူရုန်က ဟေးရွမ်ရီကို လှည့်ပြီးမေးလိုက်သည်။

"ရွမ်ရီ ခင်ဗျားမှာ ရွှေပြားငွေပြားတွေ အလုံအလောက်ပါရဲ့လား?"

ဟေးရွမ်ရီသည် ဟေးရှင်းကို ကြည့်လိုက်သည်။

ဟေးရှင်းသည် သူ့ရင်ဘတ်ထဲကနေ ဘဏ်လက်မှတ်ကို ထုတ်ယူလိုက်ပြီး ဝူရှန်းကို ကမ်းပေးရင်း မေးလိုက်သည်။

COTAW(Zawgyi)Where stories live. Discover now