Chapter96

1.3K 326 17
                                    

Chapter(96)ပေးလိုက်

ဝူရုန်သည် ဒီအိမ်မက်ဆိုးကို စိတ်ထဲစွဲနေပြီး ဟေးရွမ်ရီက လောင်ကျွမ်းပြီးပျောက်ကွယ်သွားမှာကိုကြောက်နေမိတယ်။သူက ဟေးရွမ်ရီ၏မျက်ဝန်းထဲ ကြောက်ရွံ့မှု ဝမ်းနည်းမှု နာကျင်မှုတွေကိုမြင်ခဲ့ရတာကြောင် ကြောက်လန့်နေတာဖြစ်တယ်။

"ပါးပါး ဘာလို့ဖေဖေ့ကိုဘဲ ကြည့်နေရတလဲ?"ဥကလေးကဝူရုန်ကိုပြောလိုက်တယ်။

ဝူရုန်သည် မနက်အိပ်ရာထကတည်းက ဟေးရွမ်ရီကို သာကြည့်နေမိတာဖြစ်တယ်။သူက မနက်စာစားသည့် အချိန်တုန်းကလည်းကြည့်နေတာဖြစ်ပြီး အခုရထားလုံးထဲကိုရောက်သည့်အချိန်အထိ စိုက်ကြည့်နေပြီး ဟေးရွမ်ရီကို ဘယ်တော့မှထပ်မမြင်ရတော့မှာစိုးနေသလိုမျိုး ကြည့်နေတာဖြစ်တယ်။

ဝူရုန်သည် ဟေးရွမ်ရီ၏မျက်ဝန်းထဲက နူးညံ့မှုကိုမြင်မှသတိပြန်ဝင်လာတယ်။

"ဘာလို့လဲ?သူကငါ့ယောကျာ်းလေ။သူ့ကိုကြည့်ဖို့ အကြောင်းပြချက်လိုသေးလို့လား?"ဝူရုန်က ကိုးယိုးကားယားပြောလိုက်တယ်။

"...."ဟေးရွမိရီ

"ဒါပေမဲ့သားသားက ပါးပါးသားလေ။ပါးပါးကသားကိုပိုကြည့်သင့်တယ်"ဥကလေးကနှုတ်ခမ်းစူပြီးပြောလိုက်တယ်။

"ဟုတ်ပါပြီ။အခုကစပြီး ပါးပါးက သားကိုဘဲကြည့်တော့မယ်။ဟုတ်ပြီလား?"

ဝူရုန်က ဥကလေး၏ချစ်စရာကောင်းတဲ့မျက်နှာကိုဆွဲဖဲ့လိုက်ပြီးပြုံးပြီးပြောလိုက်တယ်"ပါးပါးက ဝိတ်ကျသွားရင် သားကိုနေ့တိုင်းချီထားမယ်"

ဥကလေးက ဝူရုန်ဆီကို ပစ်ဝင်လာပြီး သဘောကျစွာ တခစ်ခစ်ရယ်မောလိုက်တယ်။

"ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ?"ဝူရုန်က ဟေးရွမ်ရီကို ကြည့်ပြီးမေးလိုက်တယ်။

"ကိုယ်တို့မနက်ပိုင်းမှာ ပွဲတော်ကျင်းပသည့်နေရာကိုသွားမယ်။နေ့လယ်ကျရင် ရေခဲပြင်စီးစွပ်ဖားလှည်းသွားစီးမယ်။ညကျရင် မီးအိမ်သွားလွှတ်မယ်"ဟေးရွမ်ရီကပြောလိုက်တယ်။

"ဒီအစီအစဉ်ကခင်ဗျားစီစဉ်ထားတာလား?"ဝူရုန်က မေးလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now