Chapter85

1.5K 341 1
                                    

Chapter(85)သူကအန်တယ်

"ဘယ်သူလုပ်တာလဲ?"ဝူချွင်ချင်နှင့်ဂေါင်တုန်က ထိတ်လန့်စွာပြောလိုက်တယ်။

"ဝူမိသားစုအစောင့်တွေဘဲ။ဒါပေမဲ့ ကျွန်တော်သူတို့ကို တစ်ခါမှမမြင်ဖူးဘူး။ဖြစ်နိုင်တာက သူတို့က ဝူမိသားစုအစောင့်ထဲမှာ ဝင်ရောနေတာဖြစ်မယ်"

"အဖေ့ရဲ့ရန်သူဟောင်းတွေဖြစ်နိုင်လား"ဝူရှိက မေးလိုက်တယ်။

"ငါမသိဘူး"

"အဖေ့ကိုဖြစ်ပျက်ခဲ့တာတွေအားလုံးပြောပြ"

"ကျွန်တော်တို့ ကပ်ပါးခေါင်းသစ်တောကိုရောက်တဲ့အထိ အားလုံးအဆင်ပြေတယ်။အဲဒီသစ်တောကိုရောက်တော့ ဦးလေးချွင်ဘင်က ကျွန်တော့်သွေးကို သုံးပြီးထူးဆန်းတဲ့ချိတ်စည်းကို ဖျက်ခဲ့တယ်။နောက်တော့ မွန်းစတားကြီးတစ်ကောင်က ထွက်လာခဲ့တယ်။အဲဒီမွန်းစတားကြီးက တောင်တစ်လုံးလောက်တောင် ကြီးမား...."

"အမေလေး ဘုရားသခင်!အဲဒီမွန်စတားကြီးက အကိုကြီးတို့ဖမ်းမယ့်မွန်းစတားလို့တော့မပြောနဲ့နော်"ဝူရှိကပြောလိုက်တယ်။

"ရှိအာ မင်းအကိုကြီးကို ဖျက်မပြောနဲ့"ဝူချွင်ချင်က ဝူရှိကို သတိပေးလိုက်တယ်။

"အဲဒီမွန်းစတားကြီးက လူတိုင်းကို စားဖို့လုပ်တယ်။ဒါ့ကြောင့် ဦးလေးချွင်ဘင်က သူ့ကိုမှောက်လက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့ မွန်းစတားကြီးက ဘာထိခိုက်မှုမှမဖြစ်သွားဘူး။ရှိသမျှလူတွေအားလုံးကလည်း မှော်လက်နက်နဲ့တိုက်ခိုက်ကြတယ်။ဒါပေမဲ့မွန်းစတားကို ဘာထိခိုက်မှုမဖြစ်သွားဘူး။နောက်တော့ ဦးလေးချွင်ဘင်က ဒဏ်ရာရသွားပြီး ဦးလေးချွင်လီကလည်း ထိခိုက်သွားတယ်။ဦးလေးချွင်လီဆိုရင် စိတ်စွမ်းအင်နယ်မြေတောင်မှ ထိခိုက်သွားတယ်။ဒါ့ကြောင့် အားလုံးက မွန်းစတားကြီးကို အနိုင်မတိုပ်နိုင်တာကြောင့် ထွက်ပြေးကြတယ်။ကျွန်တော်ကလည်း ထွက်ပြေးတယ်။ပြီးတော့ ပြေးရင်း ပြေးရင်းနဲ့ ကျွန်တော်က ချော်လဲကျသွားတယ်"

"နောက်တော့ကော"ဝူရုန်က စကားထောက်ပေးလိုက်တယ်။ဝူရုန်က လွှဲပြီးလူတိုင်းက ထိတ်လန့်နေကြတယ်။

COTAW(Zawgyi)Where stories live. Discover now