Chapter(105)လှပသည့် လူငယ်လေး
ဒီအချိန်အတောအတွင်းမှာတော့ ဝူရုန်သည် ဟေးအိမ်တော်အတွင်းမှာသာ နေထိုင်ပြီး သူက အချိန်တို်င်း ဆေးသန့်စင်ခြင်း လုပ်ဆောင်သည်။ပြီးတော့ သူက ဥကလေးအတွက် အချိန်ပေးတယ်။ဒါ့အပြင် သူက ဟေးရွမ်ရီကို သူ့ကိုကိုယ်ခံပညာသင်ပေးဖို့ တောင်းဆိုထားတယ်။ဒါပေမဲ့ သူက ဝလွန်းတာကြောင့် ကိုယ်ခံပညာရပ်ကို သင်ကြားတာက သူ့ကိုအလွန်ကို ခက်ခဲပင်ပန်းစေတယ်။
သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေအတွက် ကိုယ်ခံပညာကို သင်ကြားလိုတာဖြစ်တယ်။တကယ်လို့သူသာ ကိုယ်ခံပညာ ကျွမ်းကျင်လာမယ်ဆိုရင် သူက ဝိတိကျသွားမှာတော့ သေချာတယ်။ဒါပေမဲ့ ကိုယ်ခံပညာက သူ့အတွက် အရမ်းအသုံးဝင်တာတော့ မဟုတ်ဘူး။ကိုယ်ခံပညာက သာမန်လူတွေကိုသာ ခုခံနိုင်တာကြောင့်ဖြစ်တယ်။
အရင်ဘဝတုန်းက ဝူရုန်က ကိုယ်ခံပညာကို မသင်ကြနိုင်ဘဲ သူက သူ့အရိုးတွေကို သန်မာစေဖို့ ဆေးရည်စိမ်ခြင်းကိုသာ လုပ်ခဲ့တာဖြစ်တယ်။ဒါက နှစ်ပေါင်းများစွာ ကိုယ်ခံပညာကို လော့ကျင့်ခဲ့တာနှင့်တူညီတယ်။ဒါပေမဲ့ ဒါက တကယ့်ကို ကိုယ်ခံပညာတတ်မြှောက်ကျွမ်းကျင်သူကိုတော့ မယှဉ်နိုင်ဘူး။ဒါကြောင့် သူက ဟေးရွမ်ရီကို သူ့ကိုကိုယ်ခံပညာသင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။
မျက်တောင်တစ်ခတ်အတွင်းမှာဘဲ တစ်လဆိုတဲ့အချိန်က ကုန်ဆုံးသွားသည်။အခုချိန်မှာတော့ တောင်ဘက်ခြံဝင်းသည် လာရောက်လည်ပတ်သူမရှိဘဲ အလွန်ကို တိတ်ဆိတ်နေတယ်။ဂိတ်မှာတာဝန်ကျသည့် အစောင့်တွေကတောင် သူတို့တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ကြဘဲ အိပ်ငိုက်နေကြသည်။
တစ်ရက်မှာတော့ ခမ်းနားထည်ဝါသည့်ရထာလုံးသည် တောင်ဘက်ခြံဝင်း၏ဂိတ်တံခါးမှာ ရပ်တန့်သွားတယ်။
အစောင့်တွေက ချက်ချင်းလဲ ရထားလုံးထဲက ဘယ်သူခဲဆိုတာ ကြည့်လိုက်ကြတယ်။အစေခံတစ်ယောက်သည် ရထားလုံးလိုက်ကာကို ဖွင့်ပေးလိုက်ပြီး အထဲကလူကို ထွက်စေဖို့ ကူညီပေးလိုက်တယ်။ရထားလုံးထဲမှ လှပပြီးကြွေထည်လို ဖြူသွယ်နေသည့် လက်တစ်ဖက်သည် ထွက်လာပြီး အပြင်က အစေခံ၏လက်ထဲကို ထည့်ပေးလိုက်သည်။