Chapter(29+30)

3K 647 4
                                    

Chapter(29)ကျွန်တော်ကအလေးချိန်ပိုတိုးလာတယ်

နောက်တစ်နေ့မနက် ဝူရုန်နှင့်ဟေးရွမ်ရီသည် မနက်စာစားပြီး ဝူရုန်က ဟေးရွမ်ရီကို ရှိဇာပြဇာတ်ရုံကို သွားဖို့ဖိတ်ခေါ်ခဲ့တယ်။

သူတို့ရထားလုံးပေါ်ထိုင်ပြီးသည့်အခါ ဝူရုန်ကသူ၏ဝမ်းဗိုက်သည် တင်းကျပ်သည့်လာပြီး အသက်ရှူရခက်ခဲလာတာ ကြောင့် သူက ရုတ်တရက်ကြီး သူ့ရဲ့ခန္ဓာကိုယ်ကပိုပြီးကြီးလာတယ်ဟုခံစားရတယ်။

ဟေးရွမ်ရီသည် ဝူရုန်၏အရစ်အရစ်ဖြစ်နေတဲ့ ဝမ်းဗိုက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီသည် သူ့ကိုစိုက်ကြည့်နေတာကိုသတိထားမိတာကြောင့် သူ့ကိုယ်သူရယ်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်က အလေးချိန်ပိုတိုးလာတယ်"

ဟေးရွမ်ရီသည် ဝူရုန်၏ခါးပတ်ပတ်ထားသည့် တင်းနေသည့်ဗိုက်ကိုကြည့်လိုက်ပြီးပြောလိုက်တယ်"အဲဒီနေရာမှာ နှိပ်လိုက်"

ဝူရုန်သည် သူ၏ခန္ဓာကိုယ်ကို ကြိုးစား၍သက်သာစေရန် လုပ်ဆောင်ပေမဲ့ သူက မအောင်မြင်ပါဘူး။

ဝူရုန်သည် ခဏလောက်နား၍ ထပ်မံပြီး အမောတကောကြိုးစားပေမဲ့ မသက်သာပါဘူး။ဝူရုန်သည် သူ့ကိုယ်သူ အာရုံစိုက်နေတာကြောင့် ဟေးရွမ်ရီက သူ့ကိုကြည့်နေတာကို သတ်မပြုမိပါဘူး။ဟေးရွမ်ရီ၏ မျက်လုံးထဲမှာတော့ ဝူရုန်သည်လုံးလုံးကစ်ကစ် ပန်ဒါတစ်ကောင်နှင့်တူနေတယ်။သူက ဝူရုန်ကိုထိပြီး ပွတ်ပေးချင်သည့်စိတ် ဖြစ်ပေါ်လာတယ်။

ဝူရုန်သည် သူ၏ခန္ဓာကိုယ်ကိုသက်သာစေရန် လုပ်ဆောင်ပေမဲ့ မသက်သာလာတာကြောင့် သူကဟေးရွမ်ရီကို ကြည့်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော့်ကိုနှိပ်ပေးလို့မရဘူးလား?"

ဟေးရွမ်ရီက ဝူရုန်၏အခြေအနေကို နားလည်သဘောပေါက်ပြီး သူက တမင်တကာ ဝူရုန်မေးလာမည့်အချိန်ကိုစောင့်နေတာဖြစ်တယ်။အခု ဝူရုန်က သူ့ကိုတောင်းဆိုလာတာကြောင့်သူ့ရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားတယ်။

သူက ဝူရုန်ဘေးမှာထိုင်လိုက်ပြီး သူရဲ့လက်ကို ဝူရုန်ရဲ့ဗိုက်ပေါ်တင်၍ ပွတ်ပေးလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now