Chapter49:နိမိတ်ဆိုး

2.8K 563 4
                                    

နတ်ဘုရားတွေကို ဖိတ်ခေါ်ပြီး မေးမြန်းသည့်အချိန်တွင် အမွှေးနံ့သာတိုင်သုံးတိုင်လုံးက ကုန်ဆုံးအောင် လောင်ကျွမ်းသွားမယ်ဆိုရင် နောက်နှစ်မှာ ကောက်ပဲသီးနှံပေါကြွယ်ဝပြီး အရာရာတိုင်းက ကောင်းချီးပေးခံရမယ်။တကယ်လို့ အမွှေးနံ့သာတိုင်တွေက ကျိုးသွားခဲ့မယ်ဆိုရင် ဘေးအန္တရာယ်ကျရောက်လိမ့်မယ်လို့ ဆိုလိုတာဖြစ်တယ်။

လွန်ခဲ့သော ဆယ်နှစ်လောက်က ဝူပုဖန်က နတ်ဘုရားတွေကို မေးမြန်းသည့်အချိန်တုန်းက အမွှေးနံ့သာတိုင်တစ်တိုင်က ကျိုးသွားခဲ့တယ်။နောက်တစ်နှစ်မှာတော့ ဂိုလင်းမြို့အပါအဝင် ဆယ်မိုင်အကွာကမြို့တွေက မိုးခေါင်ရေရှားမှုကြောင့် မြေဆီလွှာပျက်စီးလာပြီး အပင်တွေလည်းသေဆုံးခဲ့သည်။စိုက်ပျိုးမြေတွေကိုလည်း ကျိုင်းကောင်တွေ အများအပြားကျရောက်ခဲ့ပြီး ကောက်ပဲသီးနှံတွေက ပျက်စီးသွားခဲ့တယ်။အဆိုးဆုံးကတော့ အဲဒီနှစ်မှာ ငရဲပြည်ဝင်ပေါက်ပွင့်သွားပြီး မကောင်းဆိုးဝါးဝိညာဉ်တွေက လူသားကမ္ဘာကိုဝင်ရောက်လာပြီး လူသားတွေကို ထိခိုက်နာကျင်စေပြီးသေဆုံးစေခဲ့တယ်။

အဲဒီနှစ်မှာ အမွှေးနံ့သာတိုင်တစ်တိုင်သာ ကျိုးခဲ့ပေမဲ့ လူပေါင်းသောင်းချီ၍သေဆုံးခဲ့သည်။အခုချိန်မှာ အမွှေးနံ့သာတိုင် သုံးကတိုင်လုံးကျိုးသွားတာကြောင့် ဘယ်လိုဘေးအန္တရာယ်တွေက ရောက်ရှိလာမှာလဲ။

လူတိုင်းကကြောက်ရွံ့ထိတ်လန့်လာတယ်။

ဝူရုန်က အမွှေးနံ့သာတိုင်တွေကျိုးသွားမြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။

အရင်ဘဝတုန်းက သူကရိုးရာပွဲတော်ကို မလာခဲ့ပေမဲ့ သူကနတ်ဘုရားတွေကို မေးမြန်းချိန်မှာ တစ်ယောက်ကမှ အမွှေးနံ့သာတိုင် ကျိုးသွားတာကို ပြောသံမကြားခဲ့သလို ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်းပြောသံလည်း မကြားခဲ့ဘူး။

ဝူပုဖန်ကို ကြည့်ရတာကြောက်စရာကောင်းတယ်။သူက မြန်မြန်ဆန်ဆန်ဘဲ ဂမ္ဘီရပညာတတ်ကျွမ်းသည့် အကြီးအကဲနှစ်ယောက်ကို အတိတ်နိမိတ်ကိုကြည့်ရှူစေတယ်။

အကြီးအကဲနှစ်ယောက်က ယစ်စင်ကိုလာ၍ သူတို့က ဂမ္ဘီရပညာအတွက် မှော်ကိရိယာတွေကို ထုတ်ယူလိုက်ကြတယ်။

COTAW(Zawgyi)Where stories live. Discover now