Chapter (7+8)

3.2K 646 6
                                    

Chaptet7)ဟေးရွမ်ရီ

ဝူချွင်ချင်သည် အိမ်တော်ထိန်းကို ဟေးရွမ်ရီကို ဖိတ်ခေါ်ခိုင်းလိုက်ပြီး ဝူဇူနှင့်ဝူရှိကိုလည်း စူချင်ခြံဝင်းကို ပြန်လာဖို့ အစေခံတွေကို အကြောင်းကြားခိုင်းလိုက်တယ်။

ဂေါင်တုန်သည် သူမ၏သားမက်ကိုတွေ့ရမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေပြီး သူမနှင့်သူမယောကျာ်း၏ဝတ်စုံတွေကို သေသပ်အောင် ပြုပြင်လိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။

ဝူရုန်သည် အချိန်ကိုတွက်ကြည့်လိုက်ပြီး သူခန့်မှန်းထားသည့်အချိန်အတိုင်းဖြစ်နေတာကြောင့် သူ့မျက်ဝန်းတွေကကျဉ်းမြောင်းသွားတယ်။သူက မတ်တပ်ရပ်လိုက်ပြီး တံခါးနားမှာ သွားစောင့်နေလိုက်သည်။

မကြာခင်မှာဘဲ သူမျှော်လင့်ထားသည့်အတိုင်း အေးစက်သည့်အရှိန်အဝါနှင့် အရပ်ရှည်ပြီး ရုပ်ဆိုးသည့်အမျိုးသားတစ်ယောက်သည် အရပ်ရှည်ပြီး သန်မာသည့်ကိုယ်ရံတော်တွေခြံရံပြီး ခြံဝင်းအတွင်းကို ဝင်ရောက်လာသည်။သူက ကိုယ်ရံတော်တွေ ခြံရံပြီး ဝင်ရောက်လာပုံသည့် ဘုရင်တစ်ပါးလိုအရှိန်အဝါကြောင့် လူတွေကိုဖိအားကိုခံစားရစေသည်။

ဟေးရွမ်ရီသည် ရှေ့ဆုံးမှ ဝင်ရောက်လာတာဖြစ်ပြီး သူက အနက်ရောင်ဝတ်ရုံပေါ်တွင် အနက်ရောင်သားမွှေးခြုံလွှာကိုဝတ်ဆင်ထားတယ်။သူသည် ရှည်လျားနက်မှောင်သည့် ဆံနွယ်ရှည်တွေကို မြင့်မြင့်ချည်ထားပြီးသွေးနီရောင် ကျောက်စိမ်းဆံထိုးကို ထိုးထားသည်။သူ၏ရုပ်ဆိုးသောမျက်နှာပေါ်က အေးစက်စူးရှသည့် မျက်ဝန်းတွေမှင့်နှုတ်ခမ်းပါးတွေကြောင့် လူတွေကို သူ့ကိုမျက်နှာချင်းဆိုင်မကြည့်ရဲအောင် ကြောက်ရွံ့မှုကိုခံစားရစေသည်။

ဝူရုန်က ဟေးရွမ်ရီကိုတွေ့တာနှင့် အရင်တုန်းက အကြောင်းကို သတိရလာသည်။သူက ဟေးရွမ်ရီကို ဘယ်တုန်းကမှမမြင်မကြည်ခဲ့ဘူး။ဒါကြောင့်သူက လူတိုင်းကို ဟေးရွမ်ရီကိုမလိုချင်ကြောင်းပြောခဲ့ပြီး သူ့မိဘတွေကိုလည်း ဟေးရွမ်ရီနှင့်ဝေးဝေးနေဖို့ပြောခဲ့တယ်။ဒါပေမဲ့ ဟေးရွမ်ရီက သူတို့အိမ်မပြန်ခင်မှာ သူ့ကိုသူ့မိဘတွေကို ဂါရဝပြုဖို့ အတင်းအကျပ်တောင်းဆိုခဲ့တယ်။

COTAW(Zawgyi)Where stories live. Discover now