Chapter93

1.3K 305 1
                                    

Chapter(93)ဒေါသပေါက်ကွဲခြင်း

ဝူဇူသည် ဝူအိမ်တော်ကပြန်ရောက်တာနှင့် စကားတစ်လုံးမှမပြောဘဲ သူ့ကိုယ်သူ သူ့အခန်းထဲမှာ ပိတ်နေလိုက်တယ်။ဒါကတစ်မိသားစုလုံးကိုစိုးရိမ်စေတယ်။နောက်တစ်နေ့မနက်မှာတော့ ဝူဇူက ပုံမန်အတိုင်းဘဲ မနက်စာစားပြီး နောက် ဝူရှိနှင့်အတူကျောင်းသွားလိုက်တယ်။

ဝူမိသားစုကျောင်းသည် ပုဂျင်းခြံဝင်းအတွင်းမှာ တည်ရှိတာဖြစ်တယ်။

သူတို့ကျောင်းကိုရောက်တော့ အခြားဝမ်းကွဲတွေကလည်းရောက်နေပြီဖြစ်တယ်။

"ရှိအာ အကိုကြီးက နောက်ရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ရေးဆင်းရတော့မယ်။ဒါဆို ရှိအာ တစ်ယောက်ထဲ ကျန်နေခဲ့လိမ့်မယ်။အကိုက....."

ဝူဇူသည် သူလေ့ကျင့်ရေးဆင်းသည့်အခါ ဝူရှိက ကျောင်းမှာ တစ်ယောက်ထဲကျန်ခဲ့မှာကိုစိုးရိမ်တယ်။ဒါပေမဲ့ သူကဘယ်လိုလုပ်ရမလဲဆိုတာမသိဘူး။

ဝူရှိက ဝူဇူကိုကြားဖြတ်ပြောလိုက်တယ်"အကိုကြီး ညီမလေးကို မစိုးရိမ်နဲ့။ညီမလေးက ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်တယ်။အာ ခဏအကိုကြီးက ဘာဖြစ်တာလဲ?"

ဝူရှိသည် စကားပြောနေရင်း ဝူဇူ၏မျက်နှာသည် မဲမှောင်လာတာကြောင့် မေးလိုက်တယ်"အကိုကြီး ဘာဖြစ်တာလဲ?ညီမလေးက မှားပြောမိလို့လား?"

ဝူဇူသည် ဘာမှမပြောဘဲ သူ့တို့စီကိုလျှောက်လာသည့် လူကိုသာ မဲမှောင်နေသည့်မျက်နှာနှင့်ကြည့်နေတယ်။

ဝူရှိသည် ဝူဇူသည် ဘာမှပြန်မဖြေဘဲ တစ်နေရာကို ကြည့်နေတာကြောင် ကြည့်လိုက်တော့ ဝူယုသည် အပြုံးလေးနှင့် သူတို့စီကို လျှောက်လာတာကိုတွေ့လိုက်ရတယ်။ဒါ့ကြောင့် ဝူရှိသည် ပုံးပြီး ဝူယုကို လက်ဝေ့ယမ်းပြလိုက်ပြလိုက်ပြီး နှုတ်ဆက်လိုက်တယ်။

"အကိုယု"

"ဇူအာ ရှိအာ မင်းတို့ ရောက်တာစောတာဘဲ"ဝူယုကပြောလိုက်တယ်။

"နင်လည်းစောတာဘဲ"ဝူရှိကပြန်ပြောလိုက်တယ်။

"မင်းတို့မနေ့က ဟေးအိမ်တော်မှာ နေ့လယ်စာသွားစားတယ်ကြားတယ်။ရုန်အာ ဘယ်လိုနေလဲ?"

COTAW(Zawgyi)Where stories live. Discover now