Chapter(97)

1.2K 313 6
                                    

Chapter(97)မကောင်းဆိုးဝါးဆာလောင်ခြင်းပွဲတော်

ဝူရုန်သည် ကိုယ်ရံတော်တွေရဲ့လက်ထဲက များပြားလှတဲ့ စားစရာတွေ ကစားစရာတွေအရုပ်တွေကိုကြည့်ပြီး ပြောစရာစကားတောင်မရှိတော့ဘူး။ဒါပေမဲ့ ဥကလေးက ပျော်ရွှင်နေတာကြောင့် သူကမတားဆီးပါဘူး။

သူတို့လူစုက ဘုရားကျောင်းနဲ့နီးလာတာနှင့် လမ်းပေါ်မှာ လူတွေပိုများလာပြီး ဗုံသံတွေကိုကြားလာရတယ်။

ဟေးဂန်း၏ပခုံးပေါ်မှာထိုင်နေတဲ့ ဥကလေးကဗုံသံကိုကြားလာရတာနှင့် ပိုပိုပြီးတက်ကြွလာပြီးပြောလိုက်သည်။

"ဦးလေးဂန်း မြန်မြန်လေး အဲဒီနေရာကိုသွား"

"ကောင်းပြီ။မြန်မြန်လေးသွားမယ်"ဟေးဂန်းသည် လူတွေကိုဖြတ်ကျော်ပြီး မြန်မြန်လေးသွားလိုက်သည်။

သူတို့က ပထမဆုံးခြသေ့င်္အကကနေတဲ့အဖွဲ့ကိုတွေ့လိုက်ရတယ်။ခြသေ့င်္အကကို လူနှစ်ယောက်က သရုပ်ဖော်ကပြတာဖြစ်တယ်။လူတစ်ယောက်က ခြသေ့င်္ခေါင်းပိုင်းမှာ နေရာယူပြီး နောက်တစ်ယောက်က ခန္ဓာကိုယ်ပိုင်းမှာနေရာယူပြီး သူတို့က ခြသေ့င်္တသ်ကောင်၏အပြုအမူအတိုင်း တုပပြီးကပြတာဖြစ်တယ်။ကလေးတွေသည် ခြသေ့င်္အကကို စိတ်ပါဝင်စားစွာကြည့်ပြီး ကျယ်လောင်စွာအော်ဟစ်အားပေးနေကြတယ်။

ခြသေ့င်္အကကို ကနေသည့်အဖွဲ့ကို ကျော်သွားတဲ့အချိန်မှာတော့ သူတို့က ခါးမှာလှေပုံစံ ဝတ်ဆင်ထားသည့်အမျိုးသမီးကို တွေ့လိုက်ရတယ်။ဒါက လှေအစစ်မဟုတ်ဘဲ ရောင်စုံပိတ်စတွေ ဝါးတွေနဲ့ အလှဆင်ထားသည့် လှေပုံစံအတုသာဖြစ်တယ်။အမျိုးသမီးလက်ထဲမှာလှော်တက်ကို ကိုင်ထားပြီး သူမကသီချင်းဆိုနေရင်းလှေလှော်နေသည့်အမူအရာလုပ်နေတယ်။သူမ၏ခရီသည်အဖြစ် လူတစ်ယောက်က သရုပ်ဖော်ထားပြီး အဲဒီလူ၏အပြုအမူက လူတွေကိုရယ်မောစေတယ်။

သူတို့ကဆက်သွားလိုက်သည့်အခါမှာတော့ ကုလားမခြေထောက်ကို ဝတ်ဆင်ထားသည့် လူတစ်စုကိုတွေ့ရတယ်။သူတို့တွေက ရှည်လျားသည့်ကုလားမခြေထောက်ကို ဝတ်ဆင်ထားပြီး မိတ်ကပ်ထူထူလိမ်းထားပြီး ပြဇာတ်က သီချင်းဆိုပြီးသရုပ်ဖော်နေကြတယ်။

COTAW(Zawgyi)Where stories live. Discover now