Chapter91

1.4K 305 4
                                    

Chapter(91)အမှန်တရား

ဝူဇူသည် ဒေါသကို ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်ခန်းကို ပြေးသွားလိုက်တယ်။သူက ယုထန်းပေါင်၏အင်္ကျီကိုဆွဲပြီး ဒေါသတကြီးမေးလိုက်တယ်။

"ဝူယုက မင်းတို့ကို ငွေပေးပြီး ရုန်အာကိုအနိုင်ကျင့်ခိုင်းတယ်ဆိုတာအမှန်ဘဲလား?"

"ဘယ်သူလဲ"လူငယ်သုံးယောက်သည် အမူလွန်းနေတာကြောင့်ဘယ်သူမှန်းမမှတ်မိကြဘူး။

"မင်းတို့ကို ဝူယုက ငွေပေးပြီး ဝူရုန်ကိုအနိုင်ကျင့်ခိုင်းတယ်ဆိုတာအမှန်ဘဲလား?"ဝူဇူက ထက်မေးလိုက်တယ်။

"မင်း ဘာ ဘာတွေလာပြောနေတာလဲ?"

ယုထန်းပေါင်သည် ဝူဇူ၏ဒေါသထွက်နေသည့်မျက်နှာကို ကြည့်ပြီး သူ အမှန်အတိုင်းမပြောရင် ဒုက္ခရောက်နိုင်တာကို ခံစားမိတာကြောင့် အမှန်အတိုင်းပြောလိုက်တယ်။

"အမှန်ဘဲ။ငါတို့ကိုဝူယုက ငွေပေးပြီး ဖက်တီးကိုအနိုင်ကျင့်ခိုင်းတာ။တကယ်လို့မင်းမယုံဘူးဆိုရင်ဝူရုန်ရဲ့အစေခံတွေကိုမေးကြည့်လို့ရတယ်။သူတို့ကိုလည်း ဝူယုကလာဘ်ထိုးထားတယ်။ဒါကြောင့် ငါတို့ဖက်တီးကိုအနိုင်ကျင့်တိုင်းဝူယုက သူရဲကောင်းလုပ်လို့ရအောင် သူတို့ကသတင်းပေးတာဘဲ"

"အစေခံလား?"ဝူဇူသည် အစေခံဆိုတာနှင့် ရှိယန်တို့နှင့်အလောင်းကောင်အစေခံတွေကို မျက်လုံးထဲမြင်လာပေမဲ့ မဖြစ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။နောက်မှ သူက လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက မတွေ့မိတဲ့ ဝူတနှင့်ဝူရှောင်ကို သတိရသွားတယ်။ဝူဇူသည် ယုထန်းပေါင်ကို တွန်းထုတ်လိုက်ပြီးနောက် ဝူတတို့အိမ်ကိုထွက်လာခဲ့တယ်။

ဝူဇူသည် သူ့ဒေါသတွေကို ချုပ်တီးဖို့ကြိုးစားလိုက်တယ်။သူက ဝူတတို့အိမ်ကို ရောက်တာနဲ့ တံခါးကို ကန်ဖွင့်လိုက်ပြီး ဝင်ရောက်သွားလိုက်တယ်။သူက အိပ်ရာပေါ်မှာ ရှိနေသည့်ဝူတကို ဆွဲချလိုက်ပြီး ဒေါသတကြီးမေးလိုက်တယ်။

"ဝူယုက ယုထန်းပေါင်တို့ကို ငွေပေးပြီးရုန်အာကိုအနိုင်ကျင့်ခိုင်းတာ မင်းသိလား?"

COTAW(Zawgyi)Where stories live. Discover now