Chapter (9+10)

3.1K 607 2
                                    

Chaptrr(9)လက်ဆောင်များ

ဝူချွင်ချင်သည်အံ့သြသွားပြီးသူကထိုင်နေရာမှ ထခုန်လိုက်၍ စိတ်လှုပ်ရှားစွာမေးမြန်းလိုက်ပါတယ်"မင်းသေချာရဲ့လား?ငါက ကုသနိုင်တယ်ဆိုတာ မင်းသေချာရဲ့လား?"

ဝူရုန်ကအသံတိုးတိုးနှင့်"အဖေ အသံကိုတိုးပြော တခြားလူတွေကိုမသိစေနဲ့။အကိုကြီးနဲ့ညီမလေးတောင် မသိစေနဲ့"

တကယ်လို့ ဒီအကြောင်းကို ဝူမိသားစုက လူတွေက သိသွားရင် သူတို့က ဝူရုန်ရဲ့အဖေကို စွမ်းအားတွေပြန်မရအောင် နည်းလမ်းအမျိုးမျိုးနှင့်တားဆီးနိုင်တယ်။ဒါမဟုတ်ရင် သူတို့ကကုသမှုမလုပ်ရသေးခင် သတ်တောင်သတ်နိုင်တယ်။

ဝူမိသားစုအတွင်းမှာ ဝူရုန်နှင့်သူ၏ဖခင်သည် မြင့်မားသည့်အဆင့်အတန်းရှိပေမဲ့ သူတို့က အညံ့ဆုံးတွေသာဖြစ်တယ်။ဝူမိသားစုအတွင်းမှာ အဖွဲ့အစည်းအသစ်တွေဖွဲ့စည်းသည့်အခါတိုင်း ဝူချွင်ချင်သည် အကောင်းဆုံးတွေကို ပို့ဆောင်ခဲ့တယ်။အစားအသောက်ကောင်းတွေရှိသည့်အခါတွင်လည်း ဝူချွင်ချင်သည် ဝူမိသားစုကို ခွဲဝေပေးပို့တယ်။အခုအချိန်မှာတော့ဝူရုန်သည် အမှန်တရားကိုသိရှိသွားတာကြောင့် ဝူမိသားစုအတွင်းရှိ သူတော်ကောင်းယောင်ဆောင်ထားတဲ့ သက်သေတွေကိုရှာဖွေရမယ်။

"ဘာလို့လဲ"ဝူချွင်ချင်သည်စိတ်ရှုပ်သွားပါတယ်။

ဒီလိုသတင်းကောင်းကို မျှဝေရမှာမဟုတ်လား။ဘာကြောင့် ဘယ်သူ့ကိုမှမပြောရတာလဲ?

ဝူရုန်လိမ်ညာပြီးပြောလိုက်တယ်"အဖေ ရွမ်ရီက သူဆေးပညာကျွမ်းကျင်သည့်အကြောင်းကို ဘယ်သူ့ကိုမှမသိစေချင်ဘူး။ဒါကြောင့် အဖေနဲ့အမေက ဒါကိုလျို့ဝှက်ထားစေချင်တယ်။အဖေကုသပြီးမှ ကျွန်တော်တို့ပြောပြလို့ရတယ်လေ"

ဝူချွင်ချင်သည်လည်း သူက လူတွေကို ဒီအကြောင်းကိုပြောလိုက်ပြီးမှ ကုသမှုကကျရှုံးသွားမယ်ဆိုရင် သူ့သားမက်၏ဂုဏ်သိက္ခာကိုထိခိုက်စေလိမ့်မယ်။ဒါကြောင့်သူက ခေါင်းငြိမ့်လိုက်တယ်။

"အကိုနှင့်ညီမလေးကပြန်လာတော့မယ်။ကျွန်တော်အိမ်ပြန်
ရောက်မှ ရွမ်ရီကိုကုသဖို့ ဆေးနည်းကိုမေးလိုက်မယ်"

COTAW(Zawgyi)Where stories live. Discover now