Chapter48:ခင်ဗျားတတ်နိုင်ပါတယ်

2.8K 576 6
                                    

အရင်ဘဝတုန်းက ဝူမိသားစုက ရိုးရာပွဲတော်မှာ ဝူရုန်ကိုချန်ထားခဲ့တယ်။ဝူရုန်က ဟေးရွမ်ရီ၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး"တဘက်ခါဆိုရင် ဝူမိသားစုရှင်းဖူးဘုရားကျောင်းရဲ့ ပွဲတော်ရောက်ပြီ။ကျွန်တော်တို့လည်း သွားကြည့်ရအောင်"

ဟေးရွမ်ရီက ဝူရုန်ဘက်ကိုလှည့်လိုက်ပြီး သူက ဝူရုန်ကိုအကွာအဝေးတစ်ခုခြား၍ ကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ?"ဝူရုန်ကမေးလိုက်တယ်။

ဟေးရှင်းက ဝူရုန်ရဲ့နားမလည်သည့် မျက်ဝန်းတွေကို ကြည့်ပြီးအရိပ်အမြွတ်ပြောလိုက်တယ်"ကြင်ယာတော် ရှင်းဖူးဘုရားကျောင်းက မြို့ပြင်မှာရှိသည့် အမြင့်ဆုံးတောင်ပေါ်မှာရှိတယ်"

သူက ဝူရုန်ကိုတစ်ယောက်ယောက်က သယ်သွားခဲ့မယ်ဆိုရင်တောင် ဝူရုန်က သွားနိုင်မှာမဟုတ်ဘူးလို့ပြောချင်တာလား? အထူးသဖြင့် နှင်းတွေကျနေသည့်ရာသီဥတုမှာဆိုရင်ပေါ့!

ဝူရုန်က ဟေးရှင်းကသွယ်ဝိုက်ပြီး ပြောတာကို နားလည်ပေမဲ့သူကသွားချင်တယ်။

ဒါကြောင့် ဝူရုန်က ဟေးရွမ်ရီကို ချွဲဖို့ကြိုးစားလိုက်တယ်"ဟေးရွမ်ရီ ခင်ဗျားတတ်နိုင်ပါတယ်။ခင်ဗျားမှာ ကျွန်တော့်ကို အဲဒီနေရာကို ခေါ်သွားဖို့နည်းလမ်းရှိတယ်မလား?ဟုတ်တယ်မလား?"

ဟေးရှင်းက ဝူရုန်သည် သူ့သခင်ကို အလွန်ယုံကြည်နေတာကိုကြည့်ပြီး ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။

ဟေးရွမ်ရီက သူ့ဇနီးက ဒီလိုပြောလာကတည်းက သူကဖြစ်အောင်လုပ်ပေးရပါမယ်။ဒါကြောင့်"ကိုယ်ပို့ပေးပါ့မယ်"

ဝူရုန်က ပြုံးလိုက်ပြီးသူမျက်လုံးတွေက နူမူရှိကိုပြန်ရောက်သွားတယ်။ဒါပေမဲ့ သူက ဒါကိုစိတ်ဝင်စားမှုမရှိတော့ဘူး။

ဝူရုန်က ဟေးရွမ်ရီအပေါ်ကို အရမ်းမှီခိုတာကကောင်းတယ်လို့မခံစားရဘူး။ဝူရုန်က ဟေးရွမ်ရီက သူ့ကို ရန်ကျီဇောင်ကသူ့ကိုဆက်ဆံသလို ဆက်ဆံမှာကို ကြောက်တယ်။ဒါ့ကြောင့် အကောင်းဆုံးက သူ့ကိုယ်သူ ကာကွယ်ဖို့စိတ်စွမ်း
အင်တွေရှိရင် အကောင်းဆုံးပါဘဲ။

COTAW(Zawgyi)Where stories live. Discover now