Chapter(33+34+35)

3K 635 11
                                    

Chapter(33)ဒုတိယနည်းကို ရွေးမယ်

"...."ဝူရုန်

ဝူရုန်သည် ဟေးဂန်နှင့်ဟေးရှင်းသည် ဥကို ဂရုတစိုက်ဆက်ဆံ၍ သခင်ငယ်လေးဟုခေါ်နေတာကြောင့် စကားမပြောနိုင်အောင် ဆွံ့အသွားတယ်။သူတို့တကယ်ဘဲ ဥကိုဟေးရွမ်ရီ၏သားလို့ထင်နေတာလား?

"ငါက မင်းတို့ကို နေရာတိုင်းမှာ လိုက်ရှာနေတာ။ဒီမှာမှ တွေ့တော့တယ်"နူမူ၏ရယ်သံက နီးကပ်လာပြီး မကြာခင်မှာအခန်းထဲကို ဝင်လာခဲ့တယ်။သူကဇဝေဇဝါနှင့် ငှက်ကြီးစီကို အကြည့်ရောက်သွားပြီး မေးလိုက်တယ်"ဒီမှာ ဘာလုပ်နေတာလဲ?"

"ရုန်အာကို ဘယ်တော့ကုသပေးမှာလဲ?"ဟေးရွမ်ရီက မဖြေဘဲ တိုက်ရိုက် မေးလိုက်တယ်။

"ဘယ်အချိန်မဆိုအဆင်ပြေတယ်"နူမူက ဖြေလိုက်ပြီးနောက် ဝူရုန်ကို ဖိတ်စာတစ်စောင်ပေးလိုက်ပြီး ပြောလိုက်တယ်"ငါဒီကိုလာတဲ့လမ်းမှာ မင်းရဲ့အစေခံတွေကို တွေ့ခဲ့တယ်။သူတို့က ဒါကိုပေးလိုက်ပြီး နောက်သုံးရက်ကြာရင် မင်္ဂလာဆောင်မှာ မင်းလာဖို့ဖိတ်လိုက်တယ်"

"ကျေးဇူးတင်ပါတယ်"ဝူရုန်က ဘာအမူအရာမှ မပြဘဲဖိတ်စာကို ယူလိုက်တယ်။ဒါက သူရဲ့ခံစားချက်မကောင်းမှန်းပြသနေတယ်။

"ကြင်ယာတော် ကျွန်တော်ကလက်ဆောင်တွေကိုပြင်ပေးရမလား?"ဟေးရှင်းကမေးလိုက်တယ်။

အခုချိန်မှာ ဝူရုန်က အရင်ဘဝတုန်းကလို သူတို့အတွက် ဘာမှလုပ်ပေးချင်စိတ်မရှိတာကြောင့် ဟေးရှင်းကို ဖိတ်စာပေးလိုက်ပြီးပြောလိုက်တယ်"ကျေးဇူးဘဲ  အဲလိုဘဲလုပ်လိုက်"

အရင်ဘဝတုန်းက သူက သူတို့ရဲ့မင်္ဂလာဆောင်ကို မတက်ရောက်ချင်ရုံသာမက အခုချိန်မှာတော့ သူက သူတို့ကိုထပ်မမြင်ချင်ဘူး။

ဟေးရှင်းက ဝူရုန်၏ခြားနားမှုမရှိသည့် အမူအရာကို ကြည့်ပြီး ဘယ်လိုလက်ဆောင်မျိုးပြင်ဆင်ရမယ်ဆိုတာ သိသွားပြီး သွားပြီးပြင်ဆင်လိုက်တယ်။

နူမူက ဝူရုန်ကိုကြည့်ပြီးပြောလိုက်တယ်"မနေ့က ငါကမင်းကို ကုသဖို့နည်းလမ်းနှစ်ခုကို ရှာတွေ့ခဲ့တယ်။မင်းက တစ်ခုကိုရွေးချယ်ရမယ်။ပထမနည်းလမ်းက မင်းရဲ့ခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေကို စိတ်စွမ်းအင်တွေကို သုံးပြီးတိုက်ရိုက်ထုတ်ပစ်ဖို့ဘဲ။ဒီနည်းလမ်းက ခုနှစ်ရက်ကနေ ဆယ့်ငါးရက်အတွင်း မင်းခန္ဓာကိုယ်ထဲမှာရှိတဲ့ ကပ်ပါးကောင်တွေကို ထုတ်ပစ်နိုင်တယ်။မကောင်းတာက ဒီလိုကုသနေသည့်အချိန်မှာ မင်းက အလွန်နာကျင်ပြီး မင်းရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ဒီကပ်ပါးကောင်တွေက မင်းခန္ဓာကိုယ်ထဲမှာ ရှိနေတာ နှစ်နှစ်ဆယ်နီးပါးကြာနေပြီဖြစ်တာကြောင့် မင်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းလိုဖြစ်နေပြီ။ဒါကြောင့် ကပ်ပါးကောင်တွေကို ဖယ်ထုတ်တာက မင်းရဲ့ခန္ဓာကိုယ် အစိတ်ပိုင်းကို ဖယ်ထုတ်သလိုဘဲ။ကပ်ပါးကောင်တွေကို တစ်ခါတည်းနဲ့အားလုံးကို ဖယ်ထုတ်လိုက်ရင် မင်းရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ရှိစေနိုင်တယ်။ဒါကြောင့် ငါက ဒီနည်းလမ်းကို မထောက်ခံချင်ဘူး။ဒါပေမဲ့ ဘယ်နည်းကို သုံးသုံး အမြန်ဆုံး ဖယ်ထုတ်ပစ်ဖို့လိုတယ်"

COTAW(Zawgyi)Where stories live. Discover now