Chapter(27+28)

2.9K 646 12
                                    

Chapter(27)ဟေးအိမ်တော်ကိုပြန်ခြင်း

ညနက်လာသည့်အခါ လူတိုင်းအိပ်ပျော်နေသည့်အချိန်မှာတော့ ဝူချွင်ချင်က ဆေးဖက်ဝင်အပင်တွေနှင့် ဆေးစိမ်ဖို့လုပ်လိုက်တယ်။ဝူရုန်က သူအဖေ၏ဘေးမှာနေရင်း သူ၏အဖေအပေါ် ဆေးတွေရဲ့တုံ့ပြန်မှုကို မှတ်သားပြီး တစ်ခါတစ်ရံသူ၏အဖေကို ဆေးတွေ၏အကျိုးသက်ရောက်မှုကို လျို့ဝှက်စစ်ဆေးလိုက်တယ်။

လေးညကုသပြီးသည့်နောက်မှာတော့ ဝူရုန်က သူရဲ့အဖေ၏စိတ်စွမ်းအင်နယ်မြေသည် ပြန်ကောင်းနိုင်တယ်ဆိုတာသေချာသွားတယ်။အဲဒီအချိန်မှ ဝူရုန်က အသက်ကောင်းကောင်းရှူရဲတော့တယ်။သူက ဝူမိသားစုကို ပြန်ရောက်ပြီး ခြောက်ရက်မြှောက်မနက်မှာတော့ ဟေးရှင်းသည် ဟေးရွမ်ရီပြန်ရောက်နေသည့် အကြောင်းသတင်းပို့လာတယ်။

မနက်စာစားပြီးနောက် ဝူရုန်သည် ရှိယန်တို့ရဲ့အကူအညီနဲ့ စူချင်ခြံဝင်းကထွက်လာခဲ့တယ်။သူက ဝင်ပေါက်ကိုရောက်လာတော့ သူ၏ဝမ်းကွဲနှစ်ယောက်ဖြစ်သည့် စတုတ္ထဦးလေး၏အငယ်ဆုံးသားဝူရှီးနှင့်အငယ်ဆုံးဦးလေး၏သားငယ်ဝူဘိုင်တို့ပြေးလာတာကိုတွေ့လိုက်ရတယ်။

ဝူရှီးနှင့်ဝူဘိုင်သည် ဝူရုန်ကိုတွေ့လိုက်သည့်အခါ နှုတ်ဆက်လိုက်တယ်"ခြောက်ယောက်မြှောက်အကို"

ဝူရုန်သည် သူတို့မျိုးဆက်ထဲမှာခြောက်ယောက်မြှောက်သားဖြစ်တယ်။ဒါကြောင့်ဝူရုန်ထက်ငယ်သည့် ဝမ်းကွဲတွေက ခြောက်ယောက်မြှောက်အကိုဟုခေါ်တယ်။

"မနက်အစောကြီးဘယ်ကပြန်လာတာလဲ?"ဝူရုန်ကမေးလိုက်သည်။

"ကျွန်တော်တို့လောင်းကစားရုံကပြန်လာတာ"ဝူဘိုင်ကဖြေလိုက်တယ်။

"ဝူဘိုင် ငါတို့ဘာကိုမှမပြောဘူးလို့ကတိပေးထားတယ်မလား?တကယ်လို့ ငါ့အဖေက မင်းနှင့်အတူလောင်းကစားရုံကိုသွားတာ သိလို့ရှိရင် ငါ့ကိုသူကမောင်းထုတ်လိုက်မယ်"ဝူရှီးကပြောလိုက်တယ်။

"ဦးလေးက မင်းကိုနှင်ထုတ်ရလောက်အောင် နှလုံးသားမမဲ့ပါဘူး"ဝူဘိုင်က မေးစေ့ကိုပွတ်ပြီးပြောလိုက်တယ်။

"မစိုးရိမ်ပါနဲ့။ငါမင်းတို့အကြောင်းကို မပြောပါဘူး။ဒါပေမဲ့ လောင်းကစားရုံက ကောင်းသည့်နေရာမဟုတ်ဘူး။အမြဲတမ်းမသွားနဲ့"ဝူရုန်ကပြောလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now