Chapter92

1.4K 306 5
                                    

Chapter(92)ဖေဖေ ဖေဖေရဲ့မိန်းမက သားသားကို နိုင်ကျင့်နေတယ်(2)

ဝူဇူသည် ဝူတတို့အိမ်ကထွက်လာတာနဲ့ သူကဟေးအိမ်တော်ကို တန်းပြန်လာခဲ့တယ်။

ဝူဇူ၏မဲမှောင်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးတွေကြောင့် ဂေါင်တုန်က စိုးရိမ်ပြီးမေးလိုက်တယ်။

"ဇူအာအဲဒီလူကိုတွေ့ခဲ့တာလား?"

"အင်း အဲဒီလိုမျိုးဘဲ"ဝူဇူက အက်ကွဲနေသည့်အသံနှင့် ပြောလိုက်တယ်။

ဝူရုန်သည် ရှိယန်ကို သူ့အကိုကြီးအတွက် ရေနွေးတစ်ခွက်ထည့်ပေးဖို့ ပြောလိုက်တယ်။

"အဲဒီလိုမျိုးဆိုတာက မင်းကဘာကိုပြောချင်တာလဲ?"ဝူချွင်ချင်ကမေးလိုက်တယ်။

ဝူဇူသည် ရေနွေးသောက်လိုက်ပြီး ဝူချွင်ချင်ကို ကြည့်ပြီးပြောလိုက်တယ်။

"အခုတော့ ကျွန်တော် အဲဒီလူအကြောင်းကိုဟမပြောချင်သေးဘူး"

ဝူချွင်ချင်သည် သူ့သားကအမှန်တရားကို မပြောတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။

"သားမပြောချင်ရင်လည်းအဆင်ပြေတယ်။သားကိုယ်တိုင် အဲဒီလူကို သိထားရင်အဆင်ပြေတယ်။ဟေးရှင်းက သားအဲဒီလူကို ဝေးဝေးရှောင်ရင် သားရဲ့လေ့ကျင့်ရေးခရီးမှာ လုံခြုံလိမ့်မယ်လို့ပြောတယ်။သားကဟအဲဒီလူနဲ့ ဝေးဝေးရှောင်ရမယ်။အမေပြောတာနားလည်တယ်မလား?"ဂေါင်တုန်က ပြောလိုက်တယ်။

"အင်း"ဝူဇူကခေါင်းငြိမ့်လိုက်တယ်။

ဂေါင်တုန်က ဝူရုန်ဘက်ကိုလှည့်ပြီး ပြောလိုက်တယ်"ရုန်အာ အခုတော်တော်နောက်ကျနေပြီ။မင်းအဖေနဲ့အမေတို့က ပြန်တော့မယ်"

ဝူရုန်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ်"ရှိယန် ငါ့မိဘတွေကိုလိုက်ပို့ပေးလိုက်"

ရှိယန်သည် ဝူချွင်ချင်တို့ကို လိုက်ပို့ပေးလိုက်တယ်။

ဝူရုန်က သူမိဘတွေ ထွက်သွားတာကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေက ကော့တက်သွားတယ်။သူဒီနေ့အရမ်းပျော်နေတယ်။သူက သူ့မိဘတွေကို ထပ်ပြီး စိုးရိမ်စရာမလိုတော့ဘူး။အထူးသဖြင့်သူ့အကိုကြီးကို ဝူယုကသိုးရေခြုံထားတဲ့ ဝံပုလွေဆိုတာပြလိုက်နိုင်တယ်။

COTAW(Zawgyi)Where stories live. Discover now