Chapter79

1.6K 333 6
                                    

Chapter(79)သူတို့ကတိုက်ခိုက်နေကြတယ်

ဝူရုန်သည် ဝူဇူ၏ဘေးမှာ ဝင်ထိုင်လိုက်ရင်း မေးလိုက်တယ်"အကိုကြီးက လေ့ကျင့်ရေးဆင်းရတော့မယ်။အကိုကြီးက တစ်ယောက်ချင်းသွားမှာလား?ဒါမှမဟုတ် အဖွဲ့ဖွဲ့ပြီးသွားမှာလား?"

အရင်ဘဝတုန်းက ဝူဇူက ဒုတိယဦးလေး၏သားဝူယု အငယ်ဆုံးဦးလေး၏သမီးဝူချင် အရှေ့ဘက်ခြံဝင်းမှဝူလိန်းနှင့် အနောက်ဘက်ခြံဝင်းမှဝူယံတို့နှင့် အတူသွားလာခဲ့တာဖြစ်တယ်။သူတို့က မွန်းစတားကလန်နှင့်ပြသနာတက်ခဲ့ပြီး ဝူဇူက သေဆုံးသွားခဲ့တာဖြစ်တယ်။

"သူကတော့ ငါ့နဲ့အဖွဲ့ဖွဲ့ဖို့ပြောထားတယ်"

"နှစ်ယောက်ထဲလား?"

ဥကလေးနှင့်ကစားနေသည့် ဝူရှိက ကြားဖြတ်ပြီးပြောလိုက်တယ်"အရင်တုန်းကတော့ ချင်အာနဲ့ အခြားခြံဝင်းက ဝမ်းကွဲတွေက အတူသွားဖို့ပြောထားတယ်။ဒါပေမဲ့ သူတို့က စိတ်ပြောင်းသွားတယ်"

"အိုး...ဘာလို့လဲ?"ဝူရုန်ကမေးလိုက်တယ်။

"ရှိအာ မပြောနဲ့တော့"ဝူဇူက တားလိုက်တယ်။

"အကိုကြီး ငါတို့က ဒီအကြောင်းကို ရုန်အာကို ဖုန်းကွယ်ထားစရာမလိုအပ်ဘူး"ဝူရှိက ဆကလြေိုက်တယ်"မင်းရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ပြန်ပေးခဲ့ကတည်းက ကျောင်းမှာဆိုရင် ဝမ်းကွဲတွေက ငါနဲ့အကိုကြီးကို ရှောင်ကြတယ်။အစကတော့ ငါတို့လည်းမသိဘူး။နောက်တော့မှ တောင်ဘက်ခြံဝင်း၏ဂုဏ်သိက္ခာပျက်စီးနေတာကြောင့်ဆိုတာ သိရတယ်။တောင်ဘက်ခြံဝင်းက ဝမ်းကွဲတွေကလည်း ငါတို့ကိုသတိုးသမီးတင်တောင်းလက်ဆောင်တွေကို ပြန်ပေးရလို့ မနာလိုနေကြတယ်။ယုအာတစ်ယောက်ထဲကဘဲ ငါတို့ကိုမရှောင်တာ"

"ရုန်အာ အများကြီးမတွေးနဲ့"ဝူဇူက ထပ်ပေါင်းပြောလိုက်တယ်။

ဝူဇူက ဝူရုန်က သူ့ကိုယ်သူအပြစ်တင်နေမှာကိုစိုးရိမ်တာဖြစ်တယ်။

ဝူရှိကနှာမှုတ်လိုက်ပြီး ပြောလိုက်တယ်"ဒါက ဘယ်လိုလုပ်ပြီး ရုန်အာရဲ့အမှားဖြစ်ရမှာလဲ?ရုန်အာရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ယူထားတဲ့ သူ့တို့အမှားဘဲ။သူတို့အမှားကို ငါတို့အမှားလာလုပ်နေတယ်။ရုန်အာ မင်းမသိလို့ အခြားခြံဝင်းတွေကိုလည်း မင်းရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ယူထားကြတယ်"

COTAW(Zawgyi)Where stories live. Discover now