Chapter86

1.4K 302 3
                                    

Chapter(86)သံသယ

"ဟုတ်လို့လား?"ဝူဇူက မယုံကြည်နိုင်ဘူး။

"အကိုကြီးက ဆေးတစ်ပြားစားကြည့်လိုက်လေ"ဝူရုန်က ပြောလိုက်တယ်။

ဝူဇူက ဆေးတစ်ပြားကိုထုတ်ယူပြီးစားလိုက်ပြီးနောက် စိတ်ကိုလန်းဆန်းစေလာပြီး မောပန်းမှုကိုပြေစေတာကြောင့်ပြောလိုက်တယ်။

"ဒါက တကယ်ကိုဘဲ စိတ်ကိုလန်းစမ်းစေတယ်"

"အကိုကြီးက ကျွန်တော့်ကို အကြီးအကဲယောင်လို နိမိတ်ဖတ်တတ်တယ်ထင်နေတာလား?ပြီးတော့ ဘယ်လိုမျိုးမွန်းစတားဆိုတာသိပြီး သူ့ရဲ့အားနည်းချက်ကို သိလိမ့်မယ်လို့ထင်နေတာလား?ဒါဆိုရင်တော့ ကျွန်တော်က နတ်ဘုရားဖြစ်လိမ့်မယ်"ဝူရုန်က ရယ်ပြီးပြောလိုက်တယ်။

"ဒါပေမဲ့ ဒီဆေးပြားတွေကို ဘာလို့ပေးလိုက်တာလဲ?ဒါက အသက်ရှင်ဖို့အခွင့်အရေးပေးလိုက်သလိုဘဲ"ဝူဇူက ပြောလိုက်တယ်။

"ကျွန်တော်က အကိုကြီးက မစ်ရှင်သွားလုပ်တဲ့အချိန်မှာ တကယ်ကိုအကူအညီပေးချင်တယ်။ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ ဆေးပြားကို ပေးလိုက်တာဘဲ။ဒါက အကိုကြီးမောပန်းလာတဲ့အခါ ကူညီပေးလိမ့်မယ်"ဝူရုန်က ရှင်းပြလိုက်တယ်။

"ရုန်အာက ဆေးသန့်စင်တာကို ဘယ်တုန်းက သင်လိုက်တာလဲ?"ဝူချွငချင်က အံ့သြစွာမေးလိုက်တယ်။

"ကျွန်တော့်အတွက် ရွမ်ရီက သမားတော်တစ်ယောက်ခေါ်ထားပေးတယ်လို့ပြောဖူးတယ်မလား?အဲဒီအချိန်ကတည်းက ဆေးပညာကိုလေ့လာနေတာ။ပြီးတော့ ဒါကလည်း စိတ်စွမ်းအင်ကို မလိုဘူးလေ"ဝူရုန်က ရှင်းပြလိုက်တယ်။

"ဒီလိုကိုး"ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်တယ်။ထို့နောက် သူက ဝူဇူဘက်ကိုလှည့်ပြီးမေးလိုက်တယ်။

"လုပ်ကြံသူတွေက မင်းတို့သစ်တောထဲရောက်မှ ရောလိုက်တာဖြစ်နိုင်လား?"

"ကျွန်တော်လည်း ဒီလိုဘဲထင်တယ်။သူတို့က အစကတည်းက ရောနေတာဆိုရင် ဦးလေးချွငါဘင်တို့က သတိထားမိမှာဘဲ"ဝူဇူက ပြောလိုက်တယ်။

ဝူချွင်ချင်က"လုပ်ကြံသူတွေက အပြင်လူတွေဖြစ်ရင် ကောင်းမယ်။အဲလိုမဟုတ်ဘဲ ဝူမိသားစုကဆိုရင်...."

COTAW(Zawgyi)Where stories live. Discover now