(126+127)

722 173 0
                                    


Chapter(126)
အကာအကွယ်စည်း

"နင်ကငါ့သားကိုရိုက်ခဲ့တဲ့သူထဲကတစ်ယောက်ဘဲလေ။ဒီလိုလုပ်တာကိုနင့်ကိုယ်နင်မှန်တယ်များထင်နေတာလား?"ရန်လန်ယုကသူ့သားအတွက်ဘာမှမလုပ်ပေးနိုင်တာထက်စာရင်နည်းနည်းလေးဖြစ်ဖြစ်လုပ်ပေးချင်နေတာဖြစ်တယ်။

"နင်..."ဝူရှိကဒေါသထွက်လာတယ်။

သူမကသူမအဒေါ်ကဒီလိုမျိုးအရှက်မရှိတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားဘူး။သူမကသူမရဲ့သားရဲ့လုပ်သမျှအရာရာတိုင်းကိုမှန်တယ်လို့များထင်နေတာလား?

ဝူချွင်ချင်ကဝူရှိကဘာမှပြန်မပြောရသေးခင်မှာဘဲရန်လန်ယုကိုစိုက်ကြည့်လိုက်ပြီးပြောလိုက်တယ်"တကယ်လို့မင်းကဒီအကြောင်းကိုပြောချင် တယ်ဆိုရင်အစကနေပြောရအောင်။ငါတို့အားလုံးကဒီကိစ္စကဝူယုကယုထန်းပေါင်နဲ့အခြားလူတွေကိုအခကြေးငွေပေးပြီးဝူရုန်ကိုအနိုင်ကျင့်ခိုင်းတာကိုစတယ်ဆိုတာသိနေတာဘဲ။ပြီးတော့သူကငါ့သားကိုကူညီတယ်ဆိုတဲ့လူကောင်းပုံစံနဲ့ငါ့စီကနေပစ္စည်းတွေငှားသွားခဲ့တယ်။ဒီလိုအပြုအမူကအောက်တန်းကျအထင်သေးစရာကောင်းတဲ့အပြုအမူဘဲ။ဒါကြောငမ့ငါကဝူဇူကဝူယုကိုရိုက်လိုက်တာကိုမှန်တယ်လို့ပြောရမှာဘဲ။တကယ်လို့မင်းကငါ့သားကိုဒါနဲ့ပတ်သက်ပြီးလက်တုံ့ပြန်ချင်တယ် ဆိုရင်ကောင်းပြီလေ...."

ဝူချွင်ချင်ကခဏရပ်လိုက်ပြီးပြတ်သားတဲ့မျက်နှာအမူအရာနဲ့ဆက်ပြောလိုက်တယ်"ဒါပေမဲ့အခြေအနေတစ်ခုတော့ရှိတယ်။ဝူယုကငါ့သားအပေါ်ကိုလုပ်ခဲ့တဲ့ဘယ်အရာကိုမဆိုပြန်ပေးဆပ်ရမယ်။သူကယုထန်းပေါင်နဲ့အခြားလူတွေကိုအခကြေးငွေပေးပြီးဝူရုန်ကိုအနိုင်ကျင့်ခိုင်းတာကိုအစကနေတွက်လိုက်ရင်၁၉၃ကြိမ်ရှိတယ်။ဒါကြောင့်ငါတို့ကလည်းသူ့ကိုတူညီတဲ့အရေအတွက်အတိုင်းပြန်ပြီးအနိုင်ကျင့်ရမယ်။ပြီးတော့သူကငါ့စီကငှားထားတဲ့ပစ္စည်းတွေကိုဘယ်တော့ကမှပြန်မပေးခဲ့ဘူး။ကျေးဇူးပြုပြီးဒါတွေအားလုံးကိုပြန်ပေးပါ။ငါတို့ကအရာရာတိုင်းကိုစာရင်းရှင်းပြီးသွားပြီဆိုရင်ငါ့သားကိုဝူယုကပြန်ရိုက်လို့ရပြီ။မင်းကဘာပြောချင်သေးလဲ?သဘောတူရဲ့လား?"

COTAW(Zawgyi)Unde poveștirile trăiesc. Descoperă acum