Chapter:83

1.5K 327 5
                                    

Chapter(83)ဆေးပြားနှစ်ပြား

သူတို့က ရထားလုံးထဲကိုရောက်သည့်အချိန်မှာဘဲ ဝူရုန်ကဝူဇူကိုဝူယု၏အကြံကိုလက်မခံဖို့ပြောမလို့ လုပ်လိုက်တယ်။

ဒါပေမဲ့ သူက မပြောရသေးခင်မှာဘဲဝူဇူက အရင်ပြောလိုက်တယ်"ရုန်အာ ရှိအာ ဒီအကြောင်းကိုအဖေနဲ့အမေကိုမပြောနဲ့"

တကယ်လို့ဒီအကြောင်းကို သူ့မိဘတွေသာသိသွားရင် သူတို့က သူက ဒီမစ်ရှင်ကိုလုပ်ရတဲ့အကြောင်းပြချက်ကို သိသွားလိမ့်မယ်။ဒါဆို သူတို့က သူ့ကိုတားပါလိမ့်မယ်။သူက သူရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ဆုံးဖြတ်ချက်ကိုသုံးပြီး မိသားစု ကို  ထောက်ပံ့ပေးချင်တာဖြစ်တယ်။

"...."ဝူရုန်

တကယ်လို့ အခုချိန်မှာ သူက ဝူဇူကိုဒါက ထောင်ချောက်တစ်ခုလို့ပြောခဲ့ရင်တောင် ဝူဇူက သက်သေမရှိတာကြောင့် ယုံကြည်မှာမဟုတ်ဘူး။ဒါ့အပြင် အခုချိန်မှာ သူတို့က ဝူယုကို လူကောင်းလို့ယုံကြည်ထားတာကြောင့် သူ့ကိုထောင်ချောက်ဆင်လိမ့်မယ်လို့ ယုံကြည်မှာမဟုတ်ဘူး။

"အကိုကြီး ဒါကအကိုကြီးအတွက် ပထမဆုံးအကြိမ်လေ။ငါတို့က အကိုကြီးရဲ့လုံခြုံရေးကိုစိုးရိမ်တယ်"ဝူရှိက ပြောလိုက်တယ်။

ဝူဇူသည် ဝူရှိ၏ဆံပင်တွေကိုပွတ်ပေးလိုက်ရင်း ပြောလိုက်တယ်"ဒါက အကိုကြီးရဲ့ပထမဆုံးအကြိမ်မလို့ အတွေ့အကြုံရအောင် သွားရမှာလေ။ဒါမှလေ့ကျင့်ရေးဆင်းတဲ့အချိန်ကျရင် ဘယ်လောက်အန္တာရာယ်များလဲ သိမှာ။အများကြီးလျှောက်မတွေးနဲ့။အကိုကြီးကို မစိုးရိမ်နဲ့။အကိုကြီးက ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်တယ်"

"ရုန်အာဘာလို့ဘာမှမပြောတာလဲ?"ဝူဇူက ဝူရုန်သည် ရထားလုံးထဲကို ရောက်တဲ့အချိန်ကတည်းက စကားတစ်လုံးမှမပြောတာကြောင့် မေးလိုက်တယ်။

"ကျွန်တော်ကဘယ်လိုဝင်ပြောရမှာလဲ?အကိုကြီးတို့ဘဲ ပြောနေကြတာ"ဝူရုန်ကပြောလိုက်တယ်။

သူကအခုချိန်မှာ ဝူယုမကောင်းကြောင်းပြောလိုက်လျှင် ဝူဇူက မယုံကြည်ဘဲ မနာလိုလို့ပြောတာလို့ထင်နိုင်တယ်။

COTAW(Zawgyi)Where stories live. Discover now