217-219

317 80 0
                                    


Chapter(217)
ပြသနာဖြစ်ပြီ(3)

ဂေါင်တုန်က သူမခင်ပွန်းက မနိုးလာတာကြောင့်စိုးရိမ်သွားတယ်။သူမက ဝူချွင်ချင်ရဲ့နှခေါင်းအောက်မှာ အသက်ရှူနေသေးသလား စမ်းလိုက်ပြီးမှ စိတ်သက်သာရာရသွားတယ်။သူမက ဝူချွင်ချင်ရဲ့ခန္ဓာကိုယ်ကို လှုပ်ရမ်းလိုက်ပြီးနိုးဖို့ ကြိုစားလိုက်တယ်"ချွင်ချင် ချွင်ချင် ထတော့"

ဝူရုန်က ရှေ့တင်လာပြီး သူ့အမေရဲ့လက်ကိုကိုင်၍တားဆီးလိုက်ပြီးပြောလိုက်တယ်"အမေ မစိုးရိမ်နဲ့ အဖေက နိုးလာမှာပါ"

ဂေါင်တုန်က သူ့ကိုကြည့်လိုက်ပြီး မျက်ရည်တွေကိုသုတ်လိုက်တယ်။

လက်ထောက်ကျန်းက လှောင်လိုက်ပြီး "သတိလစ်သလိုဟန်ဆောင်နေတာလား?"

ဝူချန်ဇီက ဝူချွင်ချင်ကို ကြည့်လိုက်ပြီးပြောလိုက်တယ်"ငါတစ်ချက်လောက် ကြည့်ကြည့်မယ်"

ဝူရုန်က သူ့ကိုသူတည်ငြိမ်အောင် လက်သီးကို တင်းတင်းဆုတ်ထားလိုက်တယ်။

ဝူချန်ဇီက ဝူချွင်ချင်ကို စစ်ဆေးနေတဲ့ အချိန်မှာတော့ လူအုပ်ကြီး ကတိတ်ဆိတ်စွာဘဲ စိုက်ကြည့်နေကြတယ်။

"ဗိုလ်ချုပ်ရန်ရောက်လာပြီ"စစ်သားတစ်ယောက်ကပြောလိုက်တယ်။

လက်ထောက်ကျန်းက အမြန်ပြေးသွားလိုက်ပြီး "ဗိုလ်ချုပ်ကြီးက ဒဏ်ရာတွေကို ဂရုစိုက်နေသင့်တယ်လေ။ဘာလို့ဒီကိုလာတာလဲ?"

ဗိုလ်ချုပ်ရန်ရဲ့မျက်နှာက ဖြူဖျော့နေပြီး ဝမ်းနည်းစွာပြောလိုက်တယ်"ငါ့ဇနီးက လုပ်ကြံသူတွေရဲ့သတ်တာကိုခံလိုက်ရတယ်။ငါ သူတို့ကို ငါ့ဇနီးအတွက် ကလဲ့စားချေရမယ်"

ဗိုလ်ချုပ်ရန်နှင့်သူ့ဇနီးက ကလေးဘဝကတည်းက ချစ်ခင်ခဲ့ပြီး အရွယ်ရောက်လာတော့ လက်ထပ်ခဲ့ကြတာဖြစ်တယ်။အခုချိန်မှာ သူ့ဇနီးက သတ်ခံလိုက်ရတော့ သူက သူ့ဇနီးအတွက် လုပ်ကြံသူတွေကို အပိုင်းခုတ်ထစ်ပြီး သူ့ဇနီးအတွက် ကလဲ့စားချေလိုတာဖြစ်တယ်။

လက်ထောက်ကျန်းက မြေကြီးပေါ်လဲနေတဲ့ ဝူချွင်ချင်ကို ညွှန်ပြလိုက်ပြီးပြောလိုက်တယ်"သူဘဲ သခင်မကိုလိုက်လိုက်တာ"

COTAW(Zawgyi)Where stories live. Discover now