Chapter87

1.4K 288 3
                                    

Chapter(87)မင်းအဆင်ပြေနေတာ တကယ်ကောင်းတယ်

"မင်းပြောတာက သူက ဒဏ်ရာရလာမှ မွန်းစတားတွေနဲ့ တိုက်ခိုက်လာတယ်ဆိုတာ သက်သေပြနိုင်မှာလို့လား?"ဝူချွင်ချင်က အေးစက်စွာ ပြောလိုက်တယ်။

"ငါထွက်မပြေးခဲ့ဘူး။အဲဒီအချိန်တုန်းက ငါကနောက်ဆုံးမှ တောထဲက ထွက်လာတာကို လူတိုင်းမြင်တယ်"ဝူဇူက ချေပပြောဆိုလိုက်တယ်။

"အဲဒီအချိန်တုန်းက အားလုံးထဲမှာ ဘယ်သူကများ မင်းဘာလုပ်နေတာလဲဆိုတာ လိုက်ကြည့်နေနိုင်မှာလဲ?မင်းက ထွက်ပြေးပြီး တစ်နေရာမှာ ပုန်းနေတာနေမှာပေါ့"ဝူရှောင်က ထေ့ငေါ့လိုက်တယ်။

"ဝူရှောင် နင် ငါ့အကိုကြီးကို သွားပုတ်လေလွင့်လျှောက်ပြောမနေနဲ့"ဝူရှိက အော်လိုက်တယ်။

"ဝူရှိ ငါ မင်းထက်အသက်ကြီးတယ်။ဒါကို မင်းက အကိုလို့ခေါ်ရမယ့်အစား ငါ့အမည်ခေါ်နေတယ်။မင်းကို မင်းအမေက မသင်ထားဘူးလား?"ဝူရှောင်က ပြောလိုက်တယ်။

"နင်"ဝူရှိက ဘာပြောရမှန်းမသိတော့ဘူး။

"ငါက ငါ့သမီးကိုကောင်းကောင်းသင်ထားတယ်။သူက မယဉ်ကျေးဘူးဆိုရင်တောင် မင်းလိုအရိုင်းအစိုင်းထက်သာတယ်"ဂေါင်တုန်က ဝင်ပြောလိုက်တယ်။

"ငါက အမှန်အတိုင်းပြောနေတာ။ဒါကို ငါက ဘာလို့မပြောရဲရမှာလဲ?"ဝူရှောင်သည် ဝူချွင်တုန်ကို ကူညီပြီးပြောပေးဖို့ အချက်ပြလိုက်တယ်။

ဒါကို ဝူရုန်က သတိထားမိလိုက်တာနှင့် ဝင်ပြောလိုက်တယ်"မင်းပြောသလိုဆို ဒဏ်ရာမရလာတဲ့သူက ထွက်ပြေးလာတယ်လို့ ဆိုလိုချင်တာလား?ဒါဆို ဦးလေးချွင်ဘင်နဲ့ဦးလေးချွင်တုန်တို့ကလည်း ထွက်ပြေးလာတာပေါ့။မင်းက သူတို့ကို ဒဏ်ရာရစေချင်တာလား?ဒါမှ မင်းကိုယ်မင်း တူကောင်းတစ်ယောက် သားကောင်းတစ်ယောက်လို့ သတ်မှတ်ထားတာလား?"

"...."ဝူရှောင်

ဝူရုန်၏ဝင်ပြောမှုကြောင့် လူတိုင်းက ကြောင်အသွားကြပြီး အံ့သြသွားတယ်။

သူတို့က ဝူရုန်ကိုကြည့်လိုက်တော့ ဝူရုန်က ဝိတ်ကျသွားတာကို တွေ့လိုက်ရတယ်။ဒါပေမဲ့ ဝူရုန်၏အဝတ်အထူကြီးကြောင့် ဘယ်လောက်ထိ ဝိတ်ကျသွားမှန်းတော့ မသိသာဘူး။သူတို့အတွက် သိသာနေတာက ဝူရုန်၏မျက်နှာသည် သေးငယ်သွားပြီး မျက်လုံးတွေက ပိုကြီးလာတာဖြစ်တယ်။

COTAW(Zawgyi)Where stories live. Discover now