Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?

2.1K 462 6
                                    

ဟေးရှင်းကဝူချွင်ချင်ကိုပေးလိုက်သည့်စာရင်းသည်ဝူချွင်ချင်၏အင်္ကျီလက်ထဲတွင်ရှိနေသောစာရင်းထက်နှစ်ဆကျော်
လောက်ရှည်နေသည်။

ဝူချွင်ဂျင်တို့ညီအကိုက သူတို့မဟုတ်ကြောင်း ငြင်းချင်ပေမဲ့ဝူချွင်ချင်၏ဒေါသထွက်နေသည့် အမူအရာကြောင့် သူတို့က ဘာမှမပြောရဲတော့ဘူး။

"လက်ရေးကရင်းနှီးနေတယ်လို့ ထင်နေတာအံ့သြစရာမဟုတ်တော့ဘူး။အကိုကြီးရဲ့အိန်တော်ထိန်းက ရေးထားတာကိုး။ဘယ်လိုလုပ်ပြီး မင်းတို့က ငါ့သားရဲ့ သတိုးသမီးတင်တောင်းလက်ဆောင်ကို ယူထားရတာလဲ?"

ဝူချွင်ချင်သည် စာရင်းကိုထုတ်ယူ၍ စားပွဲပေါ်တင်လိုက်ပြီးစားပွဲကိုရိုက်လိုက်တယ်။

"ဘန်း..."

ဝူချွင်ချင်ကိုကြည့်ရတာ သူက ညီအကိုလေးယောက်၏မျက်နှာကို ရိုက်လိုက်သလိုမျိုး လုပ်လိုက်တာနှင့်တူနေသည်။ညီအကိုလေးယောက်သည်  စိတ်ကသိကအောက်ဖြစ်သွားပြီး အရှက်နှင့်ဒေါသတရားကိုခံစားလိုက်ရတယ်။

ဂေါင်တုန်က သူမယောကျာ်း၏ညီအကိုတွေက သူမယောကျာ်းအပေါ်အမြတ်ထုတ်တာကို သိတယ်။သူတို့က သူမယောကျာ်းစီက တစ်စုံတစ်ခုကို လိုအပ်သည့်အချိန်မှသာ ချိုသာစွာ ဆက်ဆံတတ်မှန်းလည်း သိတယ်။ဒါပေမဲ့သူတို့က သူမသားရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ခိုးယူမယ်သွားလိမ့်မယ်လို့တော့ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။

သူတို့က လက်ဆောင်ပစ္စည်းအများစုကို ယူသွားခဲ့ကြတယ်။သူတို့က ကျန်နေသည့်ပစ္စည်းတွေကိုတောင် အရည်အသွေး နိမ့်သည့်ပစ္စည်းတွေနှင့် လဲခဲ့ကြတယ်။

ဝူပုဖန်က သူကိုယ်တိုင်လည်း မှားသွားတာလို့ ခံစားရတယ်။ဟေးရှင်းလို ထက်မြတ်ထူးချွန်တဲ့ အိမ်တော်တစ်ခုလုံးကို ထိန်းချုပ်နိုင်သူက အခုမတွေ့ဘူးဆိုရင်တောင် နောင်တစ်ချိန်ကျရင် သိသွားနိုင်တယ်။

ဝူပုဖန်က စကားပြောမလို့လုပ်လိုက်ပေမဲ့ သူက ဘာမှမပြောရသေးခင်မှာဘဲ ဝူချွင်တုန်က ဝချွင်ချင်သည် သူတို့ကို အလွယ်တကူ ဒေါသထွက်လာတယ်လို့ခံစားရကြောင့် စူးစူးဝါးဝါးအော်လိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now