Chapter46:ကိုင်လို့လဲမကောင်းဘူး

2.9K 600 7
                                    

ဟေးရွမ်ရီသည် မုန့်တွေကိုတစ်ခုပြီး တစ်ခုစားနေတာကို ဝူရုန်ကကြည့်လိုက်ပြီး သူကမြန်မြန်လေး တားဆီးလိုက်တယ်"ခင်ဗျားအများကြီးမစားသင့်ဘူး။အခုကအိပ်ချိန်ရောက်နေပြီ။မဟုတ်ရင် သက်သောင့်သက်သာ မဖြစ်ဘဲနေလိမ့်မယ်။ပန်းကန်တစ်ပန်းကန်စီက တစ်ခုစီစားပြီး အနားယူသင့်ပြီ"

ဟေးရွမ်ရီက မုန့်တစ်ခုစီစားပြီးနောက် သူ့ရဲ့တူကိုချလိုက်တယ်။ထို့နောက်သူက အနားယူဖို့ လုပ်လိုက်တယ်။

ရှိယန်က ဝူရုန်ကို အဝတ်စားချွတ်ကူပြီးနောက် အခန်းထဲကထွက်သွားတယ်။

ဝူရုန်က အိပ်ရာပေါ်လဲအိပ်ရမယ့်အစား သူက ဟေးရွမ်ရီဘေးကို လျှောက်လာပြီး"ကျွန်တော်ခင်ဗျားကို အဝတ်စားချွတ်ကူပေးမယ်"

ဟေးရွမ်ရီသည် ဝူရုန်၏ဖောင်းကားနေတဲ့လက်ချောင်းတွေ က ကိုးယိုးကားယားနဲ့ သူ့ခါးစည်းကြိုးကို ချွတ်ပေးနေတာကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေကကော့တက်သွားတယ်။

ဝူရုန်က ဟေးရွမ်ရီ၏အဝတ်အစားတွေကို တစ်ထပ်ပြီး တစ်ထပ်ချွတ်ပေးပြီးနောက်ဆုံးတစ်ထည်ရောက်မှ"ကျွန်တော်ကအတွင်းအင်္ကျီကိုချွတ်ပေးဖို့ကလက်မမှီဘူး။ဒါကြောင့်ကိုယ့်ဘာသာလုပ်တော့"

ဝူရုန်ကပြောပြီးတာနဲ့အိပ်ရာပေါ်မှာသွားအိပ်လိုက်တယ်။

ဟေးရွမ်ရီက အတွင်းအင်္ကျီကိုချွတ်လိုက်၍ ဝူရုန်ဘေးမှာလဲလိုက်ပြီး"ပြောစရာရှိလို့လား"

ဝူရုန်က ဟေးရွမ်ရီက ဒီလိုမေးမယ့်အချိန်ကိုစောင့်နေတာကြောင့် ဝူရုန်ရဲ့မျက်လုံးတွေကတောက်ပလာပြီး သူကဟေးရွမ်ရီဘက်ကိုလှည့်လိုက်ပြီး ပြောလိုက်တယ်"ရှိယန်ကပြောတယ်ခင်ဗျားကမှော်လက်နက်တွေကို လုပ်နိုင်တယ်တဲ့"

ဝူရုန်က အရင်ဘဝတုန်းက ဟေးရွမ်ရီက မှော်လက်နက်တွေကို လုပ်နိုင်တာကို သိခဲ့တာလို့ပြောလို့မှမဖြစ်ဘဲ။

"အင်း"ဟေးရွမ်ရီကအရင်ညတွေတုန်းကနဲ့မတူဘဲစကားများနေတဲ့သူ့ဇနီးကိုကြည့်လိုက်ပြီး"မင်းအတွက် ကိုယ့်ကိုလုပ်ခိုင်းစေချလို့လား?"

COTAW(Zawgyi)Where stories live. Discover now