Chapter63:ကလေးလေးထွက်လာပြီ(1)

2.3K 498 19
                                    

ဟေးရွမ်ရီ ဝူရုန် နူမူ ဟေးရှင်း ဟေးဂန်းတို့သည် အနောက်ဘက်ခြံဝင်းမှာရှိသည့် စာကြည့်ဆောင်ကို အပြေးအလွှားလာခဲ့ကြသည်။

သူတို့က စာကြည့်ခန်းထဲကို ရောက်တော့ ကြီးမားသည့်သားရိုင်းငှက်ကြီးသည် အဖြူရောင်ဥကြီးပေါ်က အက်ကွဲကြောင်းကို သူ့လက်သည်းတွေနှင့် ထိကြည့်နေသည်။

"ကလေးလေးက ထွက်လာတော့မယ်"ဟေးရှင်းကစိတ်လှုပ်ရှားစွာ ငိုသံကြီးနှင့်ပြောလိုက်တယ်။

ဟေးဂန်းသည်လည်း စိတ်လှုပ်ရှားစွာကြည့်နေတယ်။

ဝူရုန်ကလည်း သူတို့၏လုံ့ဆော်မှုကြောင့် ကလေးလေးထွက်လာတာမှာကို မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်နေမိတယ်။

သားရိုင်းငှက်ကြီးသည် တိတ်တိတ်နေဆိုသည့် အမူအရာနှင့် ဟေးရှင်းကို ကြည့်လိုက်တယ်။

ဟေးရှင်းသည် ပါးစပ်ပိတ်ထားလိုက်ပြီး သူက အပြင်ကိုထွက်သွားလိုက်ပြီးနောက် အလောင်းကောင်အစေခံကို အမိန့်ပေးလိုက်တယ်"သွား ရေနွေးသွားယူခဲ့။သခင်ငယ်လေး ထွက်လာရင် ရေချိုးပေးဖို့လိုတယ်"

အခန်းအထဲမှာတော့ နူမူသည် သိချင်စိတ်အပြည့်ဖြင့် အဖြူရောင်ဥကို လက်ချောင်းတွေနှင့် ခေါက်ကြည့်လိုက်တယ်။

သားရိုင်းငှက်ကြီးသည် ချက်ချင်းဘဲ သူ့တောင်ပံ့တွေနှင့် နူမူကို ရိုက်လိုက်တယ်။

နူမူက လျှင်မြန်စွာနောက်ကိုဆုတ်၍ ရှောင်တိမ်းလိုက်ပြီး အသံကိုတိုးတိုးနှင့် မေးလိုက်တယ်"ဒါဥက ဘာဥလဲ?ဒီငှက်ကြီးရဲ့ဥလား?"

"ကျုပ်ရဲ့သား"ဟေးရွမ်ရီသည်တည်ငြိမ်စွာဖြေလိုက်တယ်။

"..."ဝူရုန်

တကယ်ဘဲ ဟေးရွမ်ရီက သူ့သားလို့ထင်နေတာလား?

နူမူသည် ကြောင်အသွားပြီးမှ ဟေးရွမ်ရီရဲ့ပခုံးကိုပုတ်လိုက်ပြီး ပြောလိုက်တယ်"ကောင်လေး မင်းက ရယ်စရာပြောတတ်တာ ငါမသိခဲ့ဘူး။မင်းကလက်ထပ်ပြီးမှ အတော့်ကို ပြောင်းလဲသွားတာဘဲ"

ဟေးရွမ်ရီသည် အမူအရာမဲ့စွာ နူမူကိုစိုက်ကြည့်လိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now