MISSION IMPOSSIBLE : mission...

Oleh _pannthoon_

1.4M 175K 11.5K

crush က ကိုယ့်ကို ပြန်ကြိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စကြီးလိုပဲ.... အထူးသဖြင့် ကိုယ်ကလည်း ယောက်ျားလေး....သူ... Lebih Banyak

You have to read this first
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep- 39
Ep - 40
Ep-41
Ep-42
Ep-43
Ep-45
Ep-46
Ep-47
Ep-48
Ep- 49
Ep - 50
Ep - 51
Ep - 52
Ep - 53
Ep - 54
Ep - 55
Ep- 56
Ep- 57
❤️❤️👋👋👋👋
The Everlasting One
Extra-1
Part-2
Part-3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Loving Out Loud
Book Kate sa
Book order!!!!

Ep-44

15.7K 2.3K 232
Oleh _pannthoon_

[Unicode]

မျှော်လင့်ချက်ထားရင် အရာအားလုံးပျက်ဆီးတတ်တယ်....
အနည်းငယ်လောက်မျှော်လင့်ခဲ့မိရင်တောင် အများကြီးနာကျင်ရတတ်တာ သဘာဝပဲလား.....

ကျွန်တော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်....
ရရှိခဲ့တဲ့အဖြေကိုလည်း ကျွန်တော်ကျေနပ်ရမှာပေါ့....

မပိုင်ဆိုင်ရတော့မှန်းသိတဲ့လူတစ်ယောက်ကို မေ့ပျောက်ဖို့
ဘယ်လိုနှစ်သိမ့်ခြင်းမျိုးနဲ့ ဖြေသိမ့်ရမှာလဲ။
ကျွန်တော်တစ်ယောက်တည်း စချစ်...ကျွန်တော်တစ်ယောက်တည်း ဇာတ်လမ်းစ...ကျွန်တော်တစ်ယောက်တည်း
အဆုံးသတ်ခဲ့တဲ့ဖြစ်စဉ်မှာ ကျွန်တော်တစ်ယောက်တည်း
ဝမ်းနည်းရရင်လုံလောက်ပြီ...

အချိန်ဆိုတာ ကျွန်တော်လိုအပ်နေတဲ့တစ်ခုတည်းသောအရာပဲ....
တချိန်ကျရင်တော့ ကျွန်တော် ကိုကြီးကိုမေ့သွားလိမ့်မယ်....

ကိုကြီးအပေါ်ထားတဲ့ ခံစားချက်ကတော့ အနည်းငယ်ကျန်ကောင်း ကျန်လိမ့်မယ်....ဒါပေမယ့် ဝမ်းနည်းခြင်းကနေတော့
လွတ်မြောက်လိမ့်မယ်။
စွန့်လွှတ်ပြီး ဘယ်လိုချစ်ရမလဲဆိုတာ ကျွန်တော်ကောင်းကောင်းတတ်မြောက်တဲ့တစ်နေ့ပေါ့...

ရှင်းယံဟာ ကျွန်တော်မပိုင်လိုက်ရတဲ့အချစ်ဦးနေရာမှာ
ကျန်ရစ်ခဲ့မှာပါ။ ရှင်းယံဟာ ကျွန်တော့်ဘဝမှာ ချစ်ဖို့အကောင်းဆုံးသောအမှတ်တရတွေရဲ့ ပဲ့ကိုင်ရှင်အဖြစ်ကျန်ရှိနေမှာပါ။ ဒီလောက်ဆို လုံလောက်ပါပြီ...
ဒီလောက်ဆို ကိုကြီးက ကျွန်တော့်ဘဝမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီးပါပြီ။ ကျွန်တော်လောဘမကြီးပါဘူး။
အနည်းဆုံးတော့ ကိုကြီးကြောင့် ကျွန်တော်ပျော်ခဲ့ရတယ်....
စိတ်လှုပ်ရှားခဲ့ရတယ်...ရင်ခုန်ခဲ့ရတယ်...ကြည်နူးခဲ့ရတယ်။
လိုအပ်တောင်ထက်တောင် ပိုလျှံခဲ့ပါတယ်။

ကျွန်တော် ကိုယ့်စိတ်ကို ပြန်လည်တည်ဆောက်နိုင်မယ့်အချိန်တစ်ခုကို စိတ်ရှည်လက်ရှည်စောင့်နေရင်
ရပြီမဟုတ်လား.....

ဒီတိုင်း အချစ်ဦးပုံပြင်က တစ်စ တစ်စနဲ့ ပြီးဆုံးသွားလိမ့်မယ်

************************************************************************

" hello...မမနိုး...မဒီပါ...."

" အင်း....မဒီ.... ပြော...ဘာကိစ္စလဲ"

" သားသားလေ....သူ အခန်းထဲက မထွက်တာ ၂ရက်လောက်ရှိနေပြီ....ထမင်းစားချိန်ပဲအပြင်ထွက်တယ်...
သူ မျက်နှာလည်းညှိုးနေတာပဲ....မဒီလည်း သူ့ကို
ဘယ်လိုပြောလို့ ပြောရမလဲ မသိဘူး...."

" ဟုတ်လား....သူအသည်းကွဲနေမှာပေါ့... သူ့ကို လွှတ်ထားရုံပဲ တတ်နိုင်မှာပဲ....ဒါပေမယ့် သူမြန်မြန်လေး စိတ်ပြေသွားအောင်တော့ လုပ်ဖို့လိုမယ်...."

" ဟုတ်တယ်...ဒါပေမယ့် ဘယ်လိုလုပ်မှာလဲ"

" ဘယ်လိုလုပ်မှာလဲတဲ့လား....ဒါက သူငယ်ချင်းပဲလိုတယ်..."

************************************************************************

" လင်းသုခတ်ရေ...."

" ဟေ့ကောင်...လင်း..."

" ထွက်ခဲ့...လင်း...မြန်မြန်လေးထွက်ခဲ့...."

တံခါးကို တဒုန်းဒုန်းထုသံများနှင့်အတူ ဆူညံသောပွက်လောရိုက်အသံများကြောင့် ကုတင်ပေါ်မှ ကမန်းကတန်းထကာ
အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

အပေါက်ဝတွင် လင်း၏မျောက်လောင်း လေးကောင်အပြင်
မဒီက ခပ်ပြုံးပြုံး မျက်နှာထားတို့ဖြင့်ရှိနေသည်။

" မင်းတို့တွေ...ငါ့အိမ်လာမယ်ဆိုတာလည်း ကြိုမပြောဘူး..."

" ငါတို့နင့်ကို Surprise လာတိုက်တာ..."

ရိပ်က မျက်စိတစ်ဖက်မှိတ်ပြရင်းဆို၏။

" ဒါနဲ့ နင်တို့ဒီကို ဘာလာလုပ်တာလဲ...."

လေးယောက်လုံး၏လက်ထဲတွင် အထုပ်များကိုင်လာသည်မို့
လင်း မေးလိုက်ခြင်းဖြစ်သည်။ ဗညားက သူ့လက်ထဲမှ
လက်ကိုမြှောက်ပြသည်။ ဗညားကိုင်လာသောအိတ်ထဲတွင်
ကိုလာပုလင်းအကြီးတစ်ဘူးရှိနေသည်။

" ဝမ်းနည်းပွဲနေတဲ့ကိုယ်တော်လေးကို နှစ်သိမ့်ပွဲလာလုပ်တာ"

" နှစ်သိမ့်ပွဲ?"

လင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။။
နိုးနိုးက သူမဆံပင်ကိုဟန်ပါပါ သပ်တင်လိုက်ရင်း....

" အသည်းကွဲနေတဲ့လူအတွက် ပထမလိုအပ်တာ
သူငယ်ချင်း...ဒုတိယလိုအပ်တာတော့ အစားအစာပဲ...
လာခဲ့...လင်း။ ငါတို့ မုန့်လုပ်စားမယ်...."

နိုးနိုးက ပြောလည်းပြော...လင်း၏လက်ကိုဆောင့်ဆွဲကာ
မီးဖိုချောင်ဘက်သို့ ခေါ်သွားသည်။ လင်း၏အိမ်ကို
သူတို့လာလည်နေကြမို့ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားနေကြသည်။ လင်း၏အိမ်တွင် လင်းရဲ့မိဘများလည်း
မရှိ။ လင်း၏အဖွားကလည်း သူ့ဘာသာသူနေတာမို့
ထင်တိုင်းကြဲနေလို့ရသည်။

" ဘာမုန့်လုပ်စားကြမှာလဲ...."

နိုးနိုးသည် ကြွပ်ကြွပ်အိတ်ထဲမှ ဝယ်လာသောအရာများကို
တစ်ခုချင်းဆီထုတ်နေရင်း လင်း၏မေးခွန်းကိုပြန်ဖြေသည်။

" ဝမ်းနည်းနေတဲ့သူ...စိတ်ညစ်နေတဲ့သူအတွက်
အသင့်တော်ဆုံးအစာက အစပ်ပဲ...ငါတို့ spicy လုပ်စားမယ်...ဒါပေမယ့် ရိုးရိုး spicy မဟုတ်ဘူးနော်..."

လင်းနှင့် နိုးနိုးကြားတွင် သုတ ခေါင်းကြီးဝင်လာကာ
စကားကို ကြားဖြတ်ဝင်ပြောလိုက်သည်။

" spicy ကို စပယ်ရှယ်လုပ်စားမှာ...ရှယ် spicyနော်...
ရှယ်...."

" yes...ရှယ်spicy"

နိုးနိုးနှင့် သုတတို့ လက်ဝါးချင်းရိုက်လိုက်ကြသည်။
နိုးနိုး သယ်လာသော spicy အထုပ်များက ခြောက်ထုပ်။
ထို့အပြင် ရိပ်ယူလာသော အိတ်ထဲမှလည်း
ဝက်အူချောင်း ကြက်အူချောင်း..အကင်ချောင်းထုပ်များ
ထုတ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင်
သုတသယ်လာသော အိတ်မှလည်း cheeseတို့...
ရေညှိထုပ်တို့ ပါလာသည်။

သူတို့ စားသောက်ဖို့အတွက် ပိုက်ဆံတွေဘယ်လောက်တောင် သုံးခဲ့ကြတာလဲ.....

" spicy က cheeseတို့ဘာတို့ ထပ်ထည့်လိုက်ရင်
အစပ်လျော့သွားမှာစိုးလို့ ငါ spicy အနှစ်ဘူးချည်းပဲ
သပ်သပ်ယူလာသေးတယ်...."

ရိပ်က သူမ ယူလာသော spicy အနှစ်ဘူးကို ကိုင်၍
ပြောဆိုပြီးနောက်

" မဒီရေ...မမကို ကတ်ကြေးလေးပေးပါဦး..."

ဟုလှမ်းတောင်းလိုက်သေးသည်။ မီးဖိုချောင်ထဲတွင်
သူတို့အုပ်စုနဲ့တင် ရှုပ်ယှက်ခတ်နေသည်။ စကားသံများကလည်း ဆူညံနေ၏။

" ဗညား...မင်း ကိုလာဘူးကို ရေခဲသေတ္တာထဲထည့်ထား...အဲ့တာမှ ပြင်ဆင်ပြီးတဲ့အချိန် ကိုလာက အေးနေမှာ..."

" အကင်တွေကများနေတယ်...ငါတို့ဒီတစ်ထုပ်ကို
ခေါက်ဆွဲထဲ ရောမထည့်ဘဲ သပ်သပ်ကြော်စားမလား..."

" ရေညှိက ချေလိုက်ရင် ပိုကောင်းမယ်ထင်တာပဲ...."

" မဒီ...ခေါက်ဆွဲပြုတ်ဖို့ အိုးပေးဦး...ကြီးကြီးပေးနော်"

သူတို့ကိုကြည့်ရင်း လင်း ရယ်ချင်လာသည်။ ပြုံးနေသော
လင်းကို လှည့်ကြည့်ရင်း ခေါက်ဆွဲထုပ်များဖောက်နေသော
နိုးနိုးက လှမ်းအော်သည်။

" စားဖိုမှူးလေး...အဲ့မှာရပ်ကြည့်မနေနဲ့...ဂတ်စ်မီးဖို
လာဖွင့်ပေးဦး...."

" အေးပါ...အေးပါ...လာပြီ"

မုန့်လုပ်စားမည့်အကြံမှာ သူတို့လေးယောက်နှင့် မဒီ့အကြံ
ဖြစ်သဖြင့် အစအဆုံးသူတို့ လုပ်သွားမည်ဟု
ထင်ပါသလား....

အို....ဒါဆို မိတ်ဆွေ၏အထင် အကြီးအကျယ်လွဲသွားပေပြီ...

ခေါက်ဆွဲပြုတ်လည်း လင်း.....
အကင်တွေကြော်ပေးတာလည်းလင်း....
ရှိရှိသမျှအကုန် လင်းပဲ အကုန်လုပ်သွားရတာဖြစ်သည်။

အနည်းဆုံးတော့ spicy အနှစ်ကို ခေါက်ဆွဲထဲ
ရောနယ်တာကို ရိပ်လုပ်သွားလို့တော်သေးသည်။

နောက်ဆုံးတော့ သုတပြောသော ရှယ်spicy မှာ
အောင်မြင်စွာပြီးဆုံးသွားတော့သည်။

Cheese များ...ရေညှိများ...အသားများပါ ပါသော
နီနီရဲရဲ အရောင်စိုစို ပူပူနွေးနွေးspicy သည်
ခြောက်ထုပ်လုံးကို ရောနှောထားတာဖြစ်သောကြောင့်
ဒယ်အိုးထဲတွင် အများကြီးဖြစ်နေသည်။

အိမ်ရှေ့ဧည့်ခန်းတွင် စားပွဲအဝိုင်းကြီးချ၍
ဒယ်အိုးကိုအလယ်တွင်တင်ကာ ကြော်ထားသော
အကင်ပန်းကန်များဖြင့် ဝန်းရံထားသည်။ အေးနေပြီ
ဖြစ်သော ကိုလာ ကလည်းအသင့်။

တီဗီတွင် ဗညားပြင်ဆင်လာသော ရုပ်ရှင်ကားကို
ဖွင့်လိုက်သည်။ မဒီနှင့် နိုးနိုးကတော့ ရှယ်spicy ဒယ်အိုးကို ရှုထောင့်ပေါင်းစုံမှ ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေကြသည်။

ရိပ် ဘယ်လောက်တောင် spicy အနှစ်တွေထည့်လိုက်လည်းမသိ....အစပ်အရသာကတော့ ဆွေမျိုးပင်မေ့ချင်လှသည်။

လင်း၏အဖွားက ထွက်ကြည့်ကာ....

" ကလေးတွေ...အစပ်တွေအရမ်းစားပြီး ဗိုက်အောင့်နေဦးမယ်....ဘယ်လိုလုပ် အဲ့လောက်စပ်တာကို ကြိုက်ကြတာလည်း မသိပါဘူးအေ... "

ဟုပြောသွားသေးသည်။ ထိုသို့ပြောတော့ အကုန်လုံးက
အဖွားကို တဟီးဟီးနဲ့သာ ရယ်ပြလိုက်ကြသည်။

ရုပ်ရှင်၏ ဆွဲဆောင်မှု....
အစားအစာတို့၏ ကောင်းမွန်မှုကြားတွင်....
တန်ဖိုးရှိသောအချိန်တို့ ကောင်းကောင်းမွန်မွန်ကုန်ဆုံးသွားကြသည်။ စားပြီး သောက်ပြီးချိန်၌ အကုန်လုံးပြည့်အင့်ကာ
ဝမ်းစည်းစိမ်ရစ်နေကြတော့သည်။

အကြောင်းအရာတစ်ခု မဖြစ်ပျက်ခင်အထိပေါ့.....
အကြောင်းအရာတစ်ခု မလာခင်အထိ အရာအားလုံး
နှစ်သက်ကြည်နူးဖွယ်ကောင်းနေခဲ့သည်....

လင်းတို့၏ အိမ်ရှေ့တွင် ကားအနက်ရောင်တစ်စီး
ထိုးရပ်လာသည်။ ကားရပ်သံကြောင့် လင်း အိမ်ရှေ့တံခါးဝသို့ ထွက်ကြည့်လိုက်သည်။ ကားပေါ်မှ ဆင်းလာသော
လူကိုတွေ့သောအခါ လင်း၏မျက်ဝန်းတို့ ဝိုင်းစက်သွားသည်။

" ကိုကြီးနက္ခတ်?"

နက္ခတ်သည် မဆိုင်းမတွပင် အိမ်ထဲသို့ဝင်လာသည်။
သူက လင်းတစ်ယောက်တည်းရှိသည်ထင်၍ လင်းဆီ
အမောတကြီးပြေးလာပြီးမှ နိုးနိုး...သုတ..ဗညားနှင့်
ရိပ်တို့ကို တွေ့လိုက်ရသည်။

" အကုန်ရောက်နေကြတာပဲ..."

နက္ခတ် တအံ့တသြဆိုလိုက်သည်။ ဗညားက ထိုင်ရာမှထကာ

" ဟုတ်တယ်...ကျွန်တော်တို့ လာစားသောက်နေကြတာ...
အစ်ကို့ကို ဝင်စားပါဦး ပြောချင်ပေမယ့် စိတ်မကောင်းစရာက
အကုန် ကုန်သွားပြီ...."

ဟုဆိုလိုက်သည်။

" ရပါတယ်....အစ်ကိုက ဒီတိုင်း လင်းကိုတွေ့ဖို့လာတာ....."

" ကျွန်တော့်ကို? ဘာကိစ္စရှိလို့လဲ...."

လင်း၏မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။

" ပြောစရာရှိလို့.... "

နက္ခတ်က ဘေးဘီသို့ဝေ့ဝဲကြည့်လိုက်သည်။ လင်း၏အိမ်တွင် လူများနေသည်။ ဤစကားကို ဒီမှာပဲ ပြောလို့တော့မဖြစ်။

" အဲ့တာ...လင်းက ငါနဲ့ ခဏလိုက်ခဲ့ပါ...."

" ဘာပြောမှာမို့လို့လဲ....ဒီမှာပဲပြောလည်းရပါတယ်...."

" မဟုတ်ဘူး...နှစ်ယောက်တည်းပြောချင်တယ်....ခဏလောက်ပဲ လိုက်ခဲ့ပါ...."

လင်း...နိုးနိုးကိုလှမ်းကြည့်လိုက်သည်။ နိုးနိုးက "လိုက်သွားလိုက်" ဟူသောသဘောဖြင့် မေးဆတ်ပြလိုက်သည်။
ထို့ကြောင့် လင်းလည်း...

" ငါ ခဏနေရင်ပြန်လာခဲ့မယ်"

ဟုအကုန်လုံးကို လှည့်ပြောကာ နက္ခတ်နောက်သို့ လိုက်သွားသည်။

နက္ခတ်က ကားကိုဆိတ်ငြိမ်သောကော်ဖီဆိုင်တစ်ခုစီသို့
မောင်းသွား၏။ လမ်းတစ်လျှောက်လုံးတွင် နက္ခတ်၏ပုံသည်
အလွန်တရာလေးနက်တည်ကြည်နေသည်။ နက္ခတ်ပြောမယ့်စကားဟာ ဘယ်လိုစကားမျိုးဖြစ်တာကြောင့် နက္ခတ်ဒီလို
တည်ကြည်နေလဲဆိုတာတော့ လင်း မခန့်မှန်းနိုင်ပါ။

ကော်ဖီဆိုင်သို့ရောက်သောအခါ မှန်ပြတင်းပေါက်နားရှိခုံတွင်
မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ဆိုင်မှ ဝိတ်တာမလေးက သူတို့၂ယောက်နားသို့ရောက်လာသည်။

" iced americano တစ်ခွက်ပေးပါ....လင်းကရော..
ဘာစားဦးမလဲ...."

" ရတယ်...ကျွန်တော်မစားတော့ဘူး....ခုနကမှစားထားတာ...ဗိုက်တင်းနေတယ်"

ဝိတ်တာမလေးက နက္ခတ်မှာတာကို မှတ်သားပြီးနောက်
အနားမှထွက်သွားသည်။ နက္ခတ်သည် ဘာစကားမှမဆိုသေးဘဲ မှန်ပြတင်းအပြင်ဘက်သို့အတန်ကြာ ငေးကြည့်နေသေးသည်။

" ကျွန်တော့်ကို ပြောစရာရှိလို့ဆိုတာက ဘာလဲ.. "

" အော်...အင်း..အဲ့တာကလား....."

နက္ခတ်သည် ပခုံးကိုမတ်လိုက်ကာ စားပွဲခုံပေါ်သို့
လက်နှစ်ဖက်ကိုတင်လိုက်သည်။ နက္ခတ်၏မျက်လုံးတို့တွင်
အတွေးတစ်ခုကိန်းဝင်နေမှန်း သိသာသည်။ နက္ခတ်၏
မျက်လုံးတို့ ရီဝေနေကာ အဓိပ္ပါယ်တစ်ခုကို သယ်ဆောင်နေသည်။

" လင်း...အဆင်ပြေရဲ့လား...သိချင်လို့...."

" အဆင်ပြေတယ်လို့တော့ မဟုတ်သေးဘူးပေါ့...
ဒါပေမယ့်လည်း တဖြည်းဖြည်းအဆင်ပြေသွားမှာပါ....
အသည်းကွဲတယ်ဆိုတာလည်း အချိန်တန်ပျောက်သွားမှာပဲလေ.....အကြာကြီးကြိုက်ခဲ့တဲ့လူက တခြားသူတစ်ယောက်ရဲ့
လက်ထဲပါသွားလို့ ဝမ်းနည်းနေတဲ့သဘောပါပဲ...."

လင်း၏စကားကို နက္ခတ်အာရုံစိုက်ကာ သေချာနားထောင်နေသည်။ လင်းက အသက်တစ်ချက်ရှိုက်ရှူပြီးမှ စကားဆက်ပြောသည်။

" အတန်ကြာကြိုက်ခဲ့တဲ့သူကို ချက်ချင်းမေ့ဖို့တော့ ဘယ်လွယ်မလဲ....ကျွန်တော်က ရှင်းယံကို ၂နှစ်ကျော်...
သုံးနှစ်လောက်နီးပါးကြိုက်ခဲ့တာ...."

" အင်း...အဲ့တာသိပါတယ်...."

လင်း...နက္ခတ်ကိုစူးစိုက်ကြည့်လိုက်သည်။

" ဘယ်လိုသိတာလဲ....ကျွန်တော် အခုမှ ကိုကြီးကိုပြောဖူးတာလေ"

နက္ခတ်က စကားမှားသွားသည့်သူတစ်ယောက်ကဲ့သို့
တိတ်ဆိတ်သွားသည်။ သူသည် လင်းကို ပြန်စိုက်ကြည့်ရင်းမှ
တခြားနေရာသို့ အကြည့်ကိုလွှဲလိုက်သည်။

ထူးဆန်းသည်....
ရှင်းယံကို ၂နှစ်ကျော်ကြာအောင် ကြိုက်တဲ့အကြောင်း
အခုမှနက္ခတ်ကိုပြောဖူးတာပါ....
သူက ဘာလို့ "သိတယ်" ပြောရတာလဲ....

" Iced americano ရပါပြီရှင်..."

ချိုသာသောအသံနှင့်အတူ နက္ခတ်ရှေ့သို့ iced americano တစ်ခွက်ကို ဝိတ်တာမလေးက လာချပေးသွားသည်။ နက္ခတ်သည် iced americano ခွက်ကို
ယူကာ ပိုက်ဖြင့်စုပ်သောက်လိုက်သည်။

" ဒီဆိုင်က ကော်ဖီတွေကကောင်းတယ်သိလား....
နည်းနည်းသောက်ကြည့်...."

အဆီအငေါ်မတည့်သော စကားလမ်းကြောင်းလွှဲနည်းဖြစ်သည်။ သို့သော် လင်းသည် နက္ခတ်ပေးသောခွက်ကိုယူကာ
အနည်းငယ် သောက်ကြည့်လိုက်သည်။

" လင်း...ငါလေ...ဒီစကားကိုပြောသင့်ရဲ့လားဆိုတာ
မသိပေမယ့်....ပြောမှတော့ဖြစ်မယ်ထင်တယ်...."

နက္ခတ်၏အသံမှာ တုန်ယင်နေသည်ဟု ထင်မှတ်မိသည်။

လင်း ပိုက်ကိုစုပ်သောက်လိုက်သည်။ ခါးသက်သော
ကော်ဖီအရသာက ကော်ဖီကြိုက်သူ လင်းအတွက်
ချိုမြိန်နှစ်သက်ဖွယ်ကောင်းနေသည်။

အွန်း...သိပ်ကောင်းတဲ့အရသာပဲ.....

" ငါနဲ့ တွဲပါ...လင်း...."

နှစ်ခြိုက်ဖွယ်ကောင်းသော ကော်ဖီ၏အခါးဓာတ်က
ခေါင်းထိအောင် ရိုက်ခတ်သွားသည်။

" ဟင်..."

ပြူးကြောင်သောမျက်လုံးများဖြင့် နက္ခတ်ကိုကြည့်လိုက်မိသည်။ နက္ခတ်၏ လေးနက်သောမျက်နှာက ဘာကြောင့်မှန်းမသိ...ထူးဆန်းသောအငွေ့အသက်ကိုရနေသည်။
လင်း ရယ်လိုက်မိသည်။

" မနောက်နဲ့...ဒါနည်းနည်းမှ ရယ်စရာမကောင်းဘူး...."

"ငါနောက်နေတာ မဟုတ်ဘူး...."

လင်း တုန်လှုပ်သွားမိသည်။ နက္ခတ်သည် လင်းထံမှ
အကြည့်ကိုမလွှဲဘဲ အေးဆေးငြင်သာစွာဆိုသည်။

" ငါအတည်ပြောနေတာ....လင်း....
ငါနဲ့တွဲပါ....ကျေးဇူးပြုပြီး...."

" ကိုကြီး...ဘာလို့ဒီလိုပြောနေလဲဆိုတာ ကျွန်တော် တကယ် မသိတော့ဘူး...."

" လင်း...ငါတောင်းပန်ပါတယ်...ငါအတည်ပြောနေတာ
ယုံပေးပါ....ငါအခုမင်းကို ခွင့်တောင်းနေတာပါ....
မင်း ငါ့ရဲ့boyfriend ဖြစ်ပေးပါ"

လင်း အံ့အားသင့်မှုနှင့်ငြိမ်ကျသွားသည်။ နဖူးပေါ်
ဝဲကျနေသော ဆံပင်တို့ကိုသပ်တင်ရင်း ခေါင်းကို
ဖြေးညှင်းစွာခါလိုက်မိသည်။

" ဒါ...ဒါမဖြစ်နိုင်ဘူးလေ...ကျွန်တော်က...."

" ငါသိပါတယ်...မင်းချစ်တာ စိုင်းရှင်းယံမှန်း ငါသိပါတယ်....
မင်းအခု စိုင်းရှင်းယံကြောင့်ခံစားနေရတာလည်း ငါသိပါတယ်...မင်းသူ့ကိုမမေ့နိုင်သေးမှန်းလည်း သိပါတယ်....
ပြီးတော့ ငါကရှင်းယံရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတာလည်း သိပါတယ်.....ဒါပေမယ့်....."

နက္ခတ်သည် ခြောက်သွေ့သောနှုတ်ခမ်းတို့ကို
လျှာဖြင့်သပ်ကာ သက်ပြင်းချလိုက်သည်။

" ငါ့ကို အသုံးချလိုက်ပါ....လင်း...."

နက္ခတ်၏ပူနွေးသောလက်သည် လင်း၏လက်ကိုအုပ်မိုး
ဆုပ်ကိုင်လိုက်သည်။

" ဘာအတွက်လဲ...."

"ရှင်းယံကိုမေ့ဖို့အတွက်.....။ ရှင်းယံကိုမေ့ပစ်ဖို့ ငါ့ကိုအသုံးချပါ....ငါမင်းအပေါ်ကောင်းပေးမယ်....မင်း ရှင်းယံကို
ချစ်နေတုန်းဆိုတာ ငါသိတယ်...မင်းငါ့ကို ချစ်နိုင်ဦးမှာ
မဟုတ်မှန်းလည်းသိတယ်....ဒါပေမယ့် ငါကြိုးစားမယ်....
မင်းငါ့ကိုချစ်လာနိုင်အောင် ငါကြိုးစားနိုင်တယ်....
မင်းအနေနဲ့လည်း ရှင်းယံကိုမေ့ဖို့ ငါ့ကိုအသုံးချပြီးတော့.....
နောက်မှ ငါ့ကိုတဖြည်းဖြည်းချစ်လာလည်း ရတယ်"

မှိုင်းရီသော နက္ခတ်၏မျက်ဝန်းတို့ကိုစိုက်ကြည့်ရင်း
လင်း ရင်ထဲ၌မောပန်းလာသည်။

" ကျွန်တော်...ဘာပြောရမလဲတောင်မသိတော့ဘူး....
ဒါက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...."

" မဟုတ်ဘူး....လင်းဘက်က လက်ခံလိုက်ရင် ရပြီ...
ကျန်တာ ငါဆက်လုပ်မှာမို့လို့။ လင်း...ငါ့ကိုချစ်လာအောင်
ငါကြိုးစားနိုင်တယ်...."

လင်း၏ခေါင်းထဲတွင် ရှုပ်ထွေးမူးနောက်လာသည်။
လင်းကို မျှော်လင့်တကြီးစိုက်ကြည့်နေသော
နက္ခတ်ကိုလည်း ကြည့်နေဖို့ရာ အင်အားမရှိတော့။
မိမိလက်ကို ဆုပ်ကိုင်ထားသော နက္ခတ်၏လက်တို့မှ
ရုန်းထွက်မိသည်။

" ကျွန်တော် တောင်းပန်ပါတယ်...ဒါမဖြစ်နိုင်တဲ့ကိစ္စပဲ"

လင်း စားပွဲခုံမှ ထ,ထွက်သွားမိသည်။ နက္ခတ်ထံမှ
ပြတ်သားသော စကားသံကိုအချိန်ကိုင်ကြားလိုက်ရသည်။

"ဇွန်လ ၁၅ရက်နေ့ ....မင်း white ဆိုတဲ့လူဆီကို
စာစပို့ခဲ့တယ်...."

လင်း၏ ခြေလှမ်းတို့ရပ်တန့်သွားသည်။ ရင်ထဲ ဒိတ်ခနဲခုန်သွားကာ နက္ခတ်ကိုလှည့်ကြည့်လိုက်မိသည်။ နက္ခတ်က
လင်းကိုမကြည့်နေ။ စားပွဲပေါ်ရှိ ကော်ဖီခွက်ကိုသာ
စိုက်ကြည့်နေသည်။ နက္ခတ်သည် ခါတိုင်းနှင့်မတူစွာ
တည်နေသည်။

မဟုတ်မှ....
မဟုတ်မှလွဲရော......

လင်း တစ်ခွန်းမှမဆိုနိုင်သေးခင်တွင် နက္ခတ်ထံမှ ကြည်လင်
ပြတ်သားသောစကားတို့ အဆင်မပြတ်ထွက်လာသည်။

" Whiteကို မင်းအကုန်ပြောခဲ့တယ်....မင်းက
gay တစ်ယောက်ဖြစ်တဲ့အကြောင်း....မင်းရဲ့ crush အကြောင်း....မင်း သူ့ကိုကြိုက်နေတာ ၂နှစ်ကျော်ပြီဖြစ်ကြောင်း...ယုတ်စွအဆုံး မင်းရဲ့ mission
impossible အကြောင်းတောင် မင်း အကုန်ပြောပြခဲ့တယ်...."

လင်း၏ စိတ်ထဲတင်းကျပ်လာကာ နက္ခတ်ဆီသို့
တရွေ့ရွေ့ တိုးသွားသည်။ ခြေတစ်လှမ်းတိုင်း
နှလုံးခုန်သံတို့ ပိုမိုကျယ်လောင်လာသည်။

" မင်းရှေ့ကို ထွက်လာခဲ့မယ်ဆိုတဲ့ White.....
မင်းဆီကို နေ့တိုင်းနှင်းဆီပန်းတွေပို့ပေးခဲ့တဲ့ White....
မင်းကို သဘောနေတဲ့White....
စာဆုံးတိုင်း Love, white လို့ပြောတတ်တဲ့ White...
အနာဂတ်ဆိုတာ နောင်ခါနောင်လာဈေးပဲ...
ဘဝနဲ့ချီပြီးစဉ်းစားရင် အသက်ရှူကျပ်ချင်စရာကောင်းပါတယ်
ဆိုတဲ့ White....
မင်း မှတ်မိသေးရဲ့လား...လင်း...."

" ဘယ်လိုလုပ်ပြီး....ဘယ်လိုလုပ်ပြီးတော့...
White အကြောင်းကိုသိနေရတာလဲ..."

နက္ခတ်သည် လင်းကိုလှည့်ကြည့်လာ၏။ အံ့သြတုန်လှုပ်နေသောလင်းကို ညှိုးဖျော့စွာ ငေးကြည့်နေသည်။

" ဘာလို့လဲဆိုတော့ ကိုယ်က White မို့လို့ပေါ့...လင်းရဲ့"

လင်းသည် စားပွဲခုံပေါ်သို့ လက်ကိုဒုန်းခနဲ ထောက်လိုက်မိသည်။

************************************************************************

သေချာဖတ်ရင် သတိထားမိမှာပါ
Ep (9) မှာ လင်းကစိုင်းရှင်းယံကိုဉာဏ်ဆင်ပြီး
ဝင်တိုက်ခဲ့တယ်။ အဲ့မတိုင်ခင် သူတို့၎ယောက်က လင်းနဲ့
မခင်ကြသေးပါဘူး။ ဒါပေမယ့်
နက္ခတ်နဲ့လင်းနဲ့ ဝင်တိုက်တဲ့အချိန်မှာ
ပထမဆုံး တွေ့ဆုံမှုမှာတင် နက္ခတ်က
" လင်းသုခတ်?" ဆိုပြီးပြောခဲ့ပါတယ်။ နာမည်သိနေခဲ့တာပါ


[Zawgyi]

ေမ်ွာ္လင့္ခ်က္ထားရင္ အရာအားလံုးပ်က္ဆီးတတ္တယ္....
အနည္းငယ္ေလာက္ေမ်ွာ္လင့္ခဲ့မိရင္ေတာင္ အမ်ားႀကီးနာက်င္ရတတ္တာ သဘာဝပဲလား.....

ကြၽန္ေတာ္အေကာင္းဆံုးႀကိဳးစားခဲ့ပါတယ္....
ရရွိခဲ့တဲ့အေျဖကုိလည္း ကြၽန္ေတာ္ေက်နပ္ရမွာေပါ့....

မပိုင္ဆိုင္ရေတာ့မွန္းသိတဲ့လူတစ္ေယာက္ကုိ ေမ့ေပ်ာက္ဖို႔
ဘယ္လိုနွစ္သိမ့္ျခင္းမ်ိဳးနဲ႔ ေျဖသိမ့္ရမွာလဲ။
ကြၽန္ေတာ္တစ္ေယာက္တည္း စခ်စ္...ကြၽန္ေတာ္တစ္ေယာက္တည္း ဇာတ္လမ္းစ...ကြၽန္ေတာ္တစ္ေယာက္တည္း
အဆံုးသတ္ခဲ့တဲ့ျဖစ္စဥ္မွာ ကြၽန္ေတာ္တစ္ေယာက္တည္း
ဝမ္းနည္းရရင္လံုေလာက္ၿပီ...

အခ်ိန္ဆိုတာ ကြၽန္ေတာ္လိုအပ္ေနတဲ့တစ္ခုတည္းေသာအရာပဲ....
တခ်ိန္က်ရင္ေတာ့ ကြၽန္ေတာ္ ကိုႀကီးကုိေမ့သြားလိမ့္မယ္....

ကိုႀကီးအေပၚထားတဲ့ ခံစားခ်က္ကေတာ့ အနည္းငယ္က်န္ေကာင္း က်န္လိမ့္မယ္....ဒါေပမယ့္ ဝမ္းနည္းျခင္းကေနေတာ့
လြတ္ေျမာက္လိမ့္မယ္။
စြန္႔လႊတ္ၿပီး ဘယ္လိုခ်စ္ရမလဲဆိုတာ ကြၽန္ေတာ္ေကာင္းေကာင္းတတ္ေျမာက္တဲ့တစ္ေန႔ေပါ့...

ရွင္းယံဟာ ကြၽန္ေတာ္မပိုင္လိုက္ရတဲ့အခ်စ္ဦးေနရာမွာ
က်န္ရစ္ခဲ့မွာပါ။ ရွင္းယံဟာ ကြၽန္ေတာ့္ဘဝမွာ ခ်စ္ဖို႔အေကာင္းဆံုးေသာအမွတ္တရေတြရဲ႕ ပဲ့ကိုင္ရွင္အျဖစ္က်န္ရွိေနမွာပါ။ ဒီေလာက္ဆို လံုေလာက္ပါၿပီ...
ဒီေလာက္ဆို ကုိႀကီးက ကြၽန္ေတာ့္ဘဝမွာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ၿပီးပါၿပီ။ ကြၽန္ေတာ္ေလာဘမႀကီးပါဘူး။
အနည္းဆံုးေတာ့ ကုိႀကီးေၾကာင့္ ကြၽန္ေတာ္ေပ်ာ္ခဲ့ရတယ္....
စိတ္လႈပ္ရွားခဲ့ရတယ္...ရင္ခုန္ခဲ့ရတယ္...ၾကည္ႏူးခဲ့ရတယ္။
လိုအပ္ေတာင္ထက္ေတာင္ ပုိလ်ွံခဲ့ပါတယ္။

ကြၽန္ေတာ္ ကိုယ့္စိတ္ကုိ ျပန္လည္တည္ေဆာက္နိုင္မယ့္အခ်ိန္တစ္ခုကို စိတ္ရွည္လက္ရွည္ေစာင့္ေနရင္
ရၿပီမဟုတ္လား.....

ဒီတိုင္း အခ်စ္ဦးပံုျပင္က တစ္စ တစ္စနဲ႔ ၿပီးဆံုးသြားလိမ့္မယ္

************************************************************************

" hello...မမနိုး...မဒီပါ...."

" အင္း....မဒီ.... ေျပာ...ဘာကိစၥလဲ"

" သားသားေလ....သူ အခန္းထဲက မထြက္တာ ၂ရက္ေလာက္ရွိေနၿပီ....ထမင္းစားခ်ိန္ပဲအျပင္ထြက္တယ္...
သူ မ်က္နွာလည္းညႇိဳးေနတာပဲ....မဒီလည္း သူ႔ကုိ
ဘယ္လိုေျပာလို႔ ေျပာရမလဲ မသိဘူး...."

" ဟုတ္လား....သူအသည္းကြဲေနမွာေပါ့... သူ႔ကုိ လႊတ္ထားရံုပဲ တတ္နိုင္မွာပဲ....ဒါေပမယ့္ သူျမန္ျမန္ေလး စိတ္ေျပသြားေအာင္ေတာ့ လုပ္ဖို႔လိုမယ္...."

" ဟုတ္တယ္...ဒါေပမယ့္ ဘယ္လိုလုပ္မွာလဲ"

" ဘယ္လိုလုပ္မွာလဲတဲ့လား....ဒါက သူငယ္ခ်င္းပဲလိုတယ္..."

************************************************************************

" လင္းသုခတ္ေရ...."

" ေဟ့ေကာင္...လင္း..."

" ထြက္ခဲ့...လင္း...ျမန္ျမန္ေလးထြက္ခဲ့...."

တံခါးကုိ တဒုန္းဒုန္းထုသံမ်ားႏွင့္အတူ ဆူညံေသာပြက္ေလာရိုက္အသံမ်ားေၾကာင့္ ကုတင္ေပၚမွ ကမန္းကတန္းထကာ
အခန္းတံခါးကုိ ဆြဲဖြင့္လိုက္သည္။

အေပါက္ဝတြင္ လင္း၏ေမ်ာက္ေလာင္း ေလးေကာင္အျပင္
မဒီက ခပ္ၿပံဳးၿပံဳး မ်က္နွာထားတို႔ျဖင့္ရွိေနသည္။

" မင္းတို႔ေတြ...ငါ့အိမ္လာမယ္ဆိုတာလည္း ႀကိဳမေျပာဘူး..."

" ငါတို႔နင့္ကုိ Surprise လာတိုက္တာ..."

ရိပ္က မ်က္စိတစ္ဖက္မွိတ္ျပရင္းဆို၏။

" ဒါနဲ႔ နင္တို႔ဒီကုိ ဘာလာလုပ္တာလဲ...."

ေလးေယာက္လံုး၏လက္ထဲတြင္ အထုပ္မ်ားကိုင္လာသည္မို႔
လင္း ေမးလိုက္ျခင္းျဖစ္သည္။ ဗညားက သူ႔လက္ထဲမွ
လက္ကုိေျမႇာက္ျပသည္။ ဗညားကိုင္လာေသာအိတ္ထဲတြင္
ကုိလာပုလင္းအႀကီးတစ္ဘူးရွိေနသည္။

" ဝမ္းနည္းပြဲေနတဲ့ကိုယ္ေတာ္ေလးကုိ ႏွစ္သိမ့္ပြဲလာလုပ္တာ"

" နွစ္သိမ့္ပြဲ?"

လင္း မ်က္လံုးပုတ္ခတ္ပုတ္ခတ္ျဖစ္သြားသည္။။
နိုးနိုးက သူမဆံပင္ကုိဟန္ပါပါ သပ္တင္လိုက္ရင္း....

" အသည္းကြဲေနတဲ့လူအတြက္ ပထမလိုအပ္တာ
သူငယ္ခ်င္း...ဒုတိယလိုအပ္တာေတာ့ အစားအစာပဲ...
လာခဲ့...လင္း။ ငါတို႔ မုန္႔လုပ္စားမယ္...."

နိုးနိုးက ေျပာလည္းေျပာ...လင္း၏လက္ကုိေဆာင့္ဆြဲကာ
မီးဖိုေခ်ာင္ဘက္သို႔ ေခၚသြားသည္။ လင္း၏အိမ္ကုိ
သူတို႔လာလည္ေနၾကမုိ႔ ကိုယ့္အိမ္ကိုယ့္ယာလို သေဘာထားေနၾကသည္။ လင္း၏အိမ္တြင္ လင္းရဲ႕မိဘမ်ားလည္း
မရွိ။ လင္း၏အဖြားကလည္း သူ႔ဘာသာသူေနတာမို႔
ထင္တိုင္းႀကဲေနလို႔ရသည္။

" ဘာမုန္႔လုပ္စားၾကမွာလဲ...."

နိုးႏုိးသည္ ႂကြပ္ႂကြပ္အိတ္ထဲမွ ဝယ္လာေသာအရာမ်ားကုိ
တစ္ခုခ်င္းဆီထုတ္ေနရင္း လင္း၏ေမးခြန္းကုိျပန္ေျဖသည္။

" ဝမ္းနည္းေနတဲ့သူ...စိတ္ညစ္ေနတဲ့သူအတြက္
အသင့္ေတာ္ဆံုးအစာက အစပ္ပဲ...ငါတို႔ spicy လုပ္စားမယ္...ဒါေပမယ့္ ရိုးရိုး spicy မဟုတ္ဘူးေနာ္..."

လင္းႏွင့္ နိုးနိုးၾကားတြင္ သုတ ေခါင္းႀကီးဝင္လာကာ
စကားကုိ ၾကားျဖတ္ဝင္ေျပာလိုက္သည္။

" spicy ကုိ စပယ္ရွယ္လုပ္စားမွာ...ရွယ္ spicyေနာ္...
ရွယ္...."

" yes...ရွယ္spicy"

နိုးနိုးနွင့္ သုတတို႔ လက္ဝါးခ်င္းရိုက္လိုက္ၾကသည္။
နိုုးနိုး သယ္လာေသာ spicy အထုပ္မ်ားက ေျခာက္ထုပ္။
ထို႔အျပင္ ရိပ္ယူလာေသာ အိတ္ထဲမွလည္း
ဝက္အူေခ်ာင္း ၾကက္အူေခ်ာင္း..အကင္ေခ်ာင္းထုပ္မ်ား
ထုတ္ေနသည္ကုိ ေတြ႕လိုက္ရသည္။ ထို႔အျပင္
သုတသယ္လာေသာ အိတ္မွလည္း cheeseတို႔...
ေရညႇိထုပ္တို႔ ပါလာသည္။

သူတို႔ စားေသာက္ဖို႔အတြက္ ပိုက္ဆံေတြဘယ္ေလာက္ေတာင္ သံုးခဲ့ၾကတာလဲ.....

" spicy က cheeseတို႔ဘာတို႔ ထပ္ထည့္လိုက္ရင္
အစပ္ေလ်ာ့သြားမွာစိုးလို႔ ငါ spicy အနွစ္ဘူးခ်ည္းပဲ
သပ္သပ္ယူလာေသးတယ္...."

ရိပ္က သူမ ယူလာေသာ spicy အနွစ္ဘူးကုိ ကိုင္၍
ေျပာဆိုၿပီးေနာက္

" မဒီေရ...မမကုိ ကတ္ေၾကးေလးေပးပါဦး..."

ဟုလွမ္းေတာင္းလိုက္ေသးသည္။ မီးဖိုေခ်ာင္ထဲတြင္
သူတို႔အုပ္စုနဲ႔တင္ ရႈပ္ယွက္ခတ္ေနသည္။ စကားသံမ်ားကလည္း ဆူညံေန၏။

" ဗညား...မင္း ကုိလာဘူးကုိ ေရခဲေသတၱာထဲထည့္ထား...အဲ့တာမွ ျပင္ဆင္ၿပီးတဲ့အခ်ိန္ ကုိလာက ေအးေနမွာ..."

" အကင္ေတြကမ်ားေနတယ္...ငါတို႔ဒီတစ္ထုပ္ကုိ
ေခါက္ဆြဲထဲ ေရာမထည့္ဘဲ သပ္သပ္ေၾကာ္စားမလား..."

" ေရညႇိက ေခ်လိုက္ရင္ ပုိေကာင္းမယ္ထင္တာပဲ...."

" မဒီ...ေခါက္ဆြဲျပဳတ္ဖို႔ အိုးေပးဦး...ႀကီးႀကီးေပးေနာ္"

သူတို႔ကိုၾကည့္ရင္း လင္း ရယ္ခ်င္လာသည္။ ၿပံဳးေနေသာ
လင္းကုိ လွည့္ၾကည့္ရင္း ေခါက္ဆြဲထုပ္မ်ားေဖာက္ေနေသာ
နိုးနိုးက လွမ္းေအာ္သည္။

" စားဖိုမွဴးေလး...အဲ့မွာရပ္ျကည့္မေနနဲ႔...ဂတ္စ္မီးဖို
လာဖြင့္ေပးဦး...."

" ေအးပါ...ေအးပါ...လာၿပီ"

မုန္႔လုပ္စားမည့္အႀကံမွာ သူတို႔ေလးေယာက္နွင့္ မဒီ့အႀကံ
ျဖစ္သျဖင့္ အစအဆံုးသူတို႔ လုပ္သြားမည္ဟု
ထင္ပါသလား....

အို....ဒါဆို မိတ္ေဆြ၏အထင္ အႀကီးအက်ယ္လြဲသြားေပၿပီ...

ေခါက္ဆြဲျပဳတ္လည္း လင္း.....
အကင္ေတြေၾကာ္ေပးတာလည္းလင္း....
ရွိရွိသမ်ွအကုန္ လင္းပဲ အကုန္လုပ္သြားရတာျဖစ္သည္။

အနည္းဆံုးေတာ့ spicy အနွစ္ကုိ ေခါက္ဆြဲထဲ
ေရာနယ္တာကုိ ရိပ္လုပ္သြားလို႔ေတာ္ေသးသည္။

ေနာက္ဆံုးေတာ့ သုတေျပာေသာ ရွယ္spicy မွာ
ေအာင္ျမင္စြာၿပီးဆံုးသြားေတာ့သည္။

Cheese မ်ား...ေရညႇိမ်ား...အသားမ်ားပါ ပါေသာ
နီနီရဲရဲ အေရာင္စုိစုိ ပူပူေႏြးေႏြးspicy သည္
ေျခာက္ထုပ္လံုးကုိ ေရာေနွာထားတာျဖစ္ေသာေၾကာင့္
ဒယ္အိုးထဲတြင္ အမ်ားႀကီးျဖစ္ေနသည္။

အိမ္ေရွ႕ဧည့္ခန္းတြင္ စားပြဲအဝိုင္းႀကီးခ်၍
ဒယ္အိုးကုိအလယ္တြင္တင္ကာ ေၾကာ္ထားေသာ
အကင္ပန္းကန္မ်ားျဖင့္ ဝန္းရံထားသည္။ ေအးေနၿပီ
ျဖစ္ေသာ ကုိလာ ကလည္းအသင့္။

တီဗီတြင္ ဗညားျပင္ဆင္လာေသာ ရုပ္ရွင္ကားကုိ
ဖြင့္လိုက္သည္။ မဒီနွင့္ နိုးႏိုးကေတာ့ ရွယ္spicy ဒယ္အိုးကုိ ရႈေထာင့္ေပါင္းစံုမွ ဓာတ္ပံုရိုက္ရင္း အလုပ္ရႈပ္ေနၾကသည္။

ရိပ္ ဘယ္ေလာက္ေတာင္ spicy အနွစ္ေတြထည့္လိုက္လည္းမသိ....အစပ္အရသာကေတာ့ ေဆြမ်ိဳးပင္ေမ့ခ်င္လွသည္။

လင္း၏အဖြားက ထြက္ၾကည့္ကာ....

" ကေလးေတြ...အစပ္ေတြအရမ္းစားၿပီး ဗိုက္ေအာင့္ေနဦးမယ္....ဘယ္လိုလုပ္ အဲ့ေလာက္စပ္တာကုိ ႀကိဳက္ၾကတာလည္း မသိပါဘူးေအ... "

ဟုေျပာသြားေသးသည္။ ထိုသို႔ေျပာေတာ့ အကုန္လံုးက
အဖြားကုိ တဟီးဟီးနဲ႔သာ ရယ္ျပလိုက္ၾကသည္။

ရုပ္ရွင္၏ ဆြဲေဆာင္မႈ....
အစားအစာတို႔၏ ေကာင္းမြန္မႈၾကားတြင္....
တန္ဖိုးရွိေသာအခ်ိန္တို႔ ေကာင္းေကာင္းမြန္မြန္ကုန္ဆံုးသြားၾကသည္။ စားၿပီး ေသာက္ၿပီးခိ်န္၌ အကုန္လံုးျပည့္အင့္ကာ
ဝမ္းစည္းစိမ္ရစ္ေနၾကေတာ့သည္။

အေၾကာင္းအရာတစ္ခု မျဖစ္ပ်က္ခင္အထိေပါ့.....
အေၾကာင္းအရာတစ္ခု မလာခင္အထိ အရာအားလံုး
နွစ္သက္ၾကည္ႏူးဖြယ္ေကာင္းေနခဲ့သည္....

လင္းတို႔၏ အိမ္ေရွ႕တြင္ ကားအနက္ေရာင္တစ္စီး
ထိုးရပ္လာသည္။ ကားရပ္သံေၾကာင့္ လင္း အိမ္ေရွ႕တံခါးဝသို႔ ထြက္ၾကည့္လိုက္သည္။ ကားေပၚမွ ဆင္းလာေသာ
လူကုိေတြ႕ေသာအခါ လင္း၏မ်က္ဝန္းတို႔ ဝိုင္းစက္သြားသည္။

" ကိုႀကီးနကၡတ္?"

နကၡတ္သည္ မဆိုင္းမတြပင္ အိမ္ထဲသို႔ဝင္လာသည္။
သူက လင္းတစ္ေယာက္တည္းရွိသည္ထင္၍ လင္းဆီ
အေမာတႀကီးေျပးလာၿပီးမွ နိုးနိုး...သုတ..ဗညားနွင့္
ရိပ္တို႔ကုိ ေတြ႕လိုက္ရသည္။

" အကုန္ေရာက္ေနၾကတာပဲ..."

နကၡတ္ တအ့ံတၾသဆိုလိုက္သည္။ ဗညားက ထိုင္ရာမွထကာ

" ဟုတ္တယ္...ကြၽန္ေတာ္တို႔ လာစားေသာက္ေနၾကတာ...
အစ္ကုိ႔ကုိ ဝင္စားပါဦး ေျပာခ်င္ေပမယ့္ စိတ္မေကာင္းစရာက
အကုန္ ကုန္သြားၿပီ...."

ဟုဆိုလိုက္သည္။

" ရပါတယ္....အစ္ကုိက ဒီတိုင္း လင္းကုိေတြ႕ဖို႔လာတာ....."

" ကြၽန္ေတာ့္ကုိ? ဘာကိစၥရွိလို႔လဲ...."

လင္း၏မ်က္ခံုးႏွစ္ဖက္ ျမင့္တက္သြားသည္။

" ေျပာစရာရွိလို႔.... "

နကၡတ္က ေဘးဘီသို႔ေဝ့ဝဲၾကည့္လိုက္သည္။ လင္း၏အိမ္တြင္ လူမ်ားေနသည္။ ဤစကားကုိ ဒီမွာပဲ ေျပာလို႔ေတာ့မျဖစ္။

" အဲ့တာ...လင္းက ငါနဲ႔ ခဏလိုက္ခဲ့ပါ...."

" ဘာေျပာမွာမုိ႔လို႔လဲ....ဒီမွာပဲေျပာလည္းရပါတယ္...."

" မဟုတ္ဘူး...နွစ္ေယာက္တည္းေျပာခ်င္တယ္....ခဏေလာက္ပဲ လိုက္ခဲ့ပါ...."

လင္း...နိုးနိုးကုိလွမ္းၾကည့္လိုက္သည္။ နိုးနိုးက "လိုက္သြားလိုက္" ဟူေသာသေဘာျဖင့္ ေမးဆတ္ျပလိုက္သည္။
ထို႔ေၾကာင့္ လင္းလည္း...

" ငါ ခဏေနရင္ျပန္လာခဲ့မယ္"

ဟုအကုန္လံုးကုိ လွည့္ေျပာကာ နကၡတ္ေနာက္သို႔ လိုက္သြားသည္။

နကၡတ္က ကားကုိဆိတ္ၿငိမ္ေသာေကာ္ဖီဆိုင္တစ္ခုစီသို႔
ေမာင္းသြား၏။ လမ္းတစ္ေလ်ွာက္လံုးတြင္ နကၡတ္၏ပံုသည္
အလြန္တရာေလးနက္တည္ၾကည္ေနသည္။ နကၡတ္ေျပာမယ့္စကားဟာ ဘယ္လိုစကားမ်ိဳးျဖစ္တာေၾကာင့္ နကၡတ္ဒီလို
တည္ၾကည္ေနလဲဆိုတာေတာ့ လင္း မခန္႔မွန္းနိုင္ပါ။

ေကာ္ဖီဆိုင္သို႔ေရာက္ေသာအခါ မွန္ျပတင္းေပါက္နားရွိခံုတြင္
မ်က္နွာခ်င္းဆိုင္ ထိုင္လိုက္ၾကသည္။ ဆိုင္မွ ဝိတ္တာမေလးက သူတို႔၂ေယာက္နားသို႔ေရာက္လာသည္။

" iced americano တစ္ခြက္ေပးပါ....လင္းကေရာ..
ဘာစားဦးမလဲ...."

" ရတယ္...ကြၽန္ေတာ္မစားေတာ့ဘူး....ခုနကမွစားထားတာ...ဗိုက္တင္းေနတယ္"

ဝိတ္တာမေလးက နကၡတ္မွာတာကို မွတ္သားၿပီးေနာက္
အနားမွထြက္သြားသည္။ နကၡတ္သည္ ဘာစကားမွမဆိုေသးဘဲ မွန္ျပတင္းအျပင္ဘက္သို႔အတန္ၾကာ ေငးၾကည့္ေနေသးသည္။

" ကြၽန္ေတာ့္ကုိ ေျပာစရာရွိလို႔ဆိုတာက ဘာလဲ.. "

" ေအာ္...အင္း..အဲ့တာကလား....."

နကၡတ္သည္ ပခံုးကုိမတ္လိုက္ကာ စားပြဲခံုေပၚသို႔
လက္နွစ္ဖက္ကုိတင္လိုက္သည္။ နကၡတ္၏မ်က္လံုးတို႔တြင္
အေတြးတစ္ခုကိန္းဝင္ေနမွန္း သိသာသည္။ နကၡတ္၏
မ်က္လံုးတို႔ ရီေဝေနကာ အဓိပၸါယ္တစ္ခုကုိ သယ္ေဆာင္ေနသည္။

" လင္း...အဆင္ေျပရဲ႕လား...သိခ်င္လို႔...."

" အဆင္ေျပတယ္လို႔ေတာ့ မဟုတ္ေသးဘူးေပါ့...
ဒါေပမယ့္လည္း တျဖည္းျဖည္းအဆင္ေျပသြားမွာပါ....
အသည္းကြဲတယ္ဆိုတာလည္း အခ်ိန္တန္ေပ်ာက္သြားမွာပဲေလ.....အၾကာႀကီးႀကိဳက္ခဲ့တဲ့လူက တျခားသူတစ္ေယာက္ရဲ႕
လက္ထဲပါသြားလို႔ ဝမ္းနည္းေနတဲ့သေဘာပါပဲ...."

လင္း၏စကားကုိ နကၡတ္အာရံုစိုက္ကာ ေသခ်ာနားေထာင္ေနသည္။ လင္းက အသက္တစ္ခ်က္ရႈိက္ရွဴၿပီးမွ စကားဆက္ေျပာသည္။

" အတန္ၾကာႀကိဳက္ခဲ့တဲ့သူကုိ ခ်က္ခ်င္းေမ့ဖို႔ေတာ့ ဘယ္လြယ္မလဲ....ကြၽန္ေတာ္က ရွင္းယံကုိ ၂နွစ္ေက်ာ္...
သံုးနွစ္ေလာက္နီးပါးႀကိဳက္ခဲ့တာ...."

" အင္း...အဲ့တာသိပါတယ္...."

လင္း...နကၡတ္ကိုစူးစိုက္ၾကည့္လိုက္သည္။

" ဘယ္လိုသိတာလဲ....ကြၽန္ေတာ္ အခုမွ ကုိႀကီးကုိေျပာဖူးတာေလ"

နကၡတ္က စကားမွားသြားသည့္သူတစ္ေယာက္ကဲ့သို႔
တိတ္ဆိတ္သြားသည္။ သူသည္ လင္းကုိ ျပန္စိုက္ၾကည့္ရင္းမွ
တျခားေနရာသို႔ အၾကည့္ကုိလႊဲလိုက္သည္။

ထူးဆန္းသည္....
ရွင္းယံကုိ ၂နွစ္ေက်ာ္ၾကာေအာင္ ႀကိဳက္တဲ့အေၾကာင္း
အခုမွနကၡတ္ကုိေျပာဖူးတာပါ....
သူက ဘာလို႔ "သိတယ္" ေျပာရတာလဲ....

" Iced americano ရပါၿပီရွင္..."

ခ်ိဳသာေသာအသံနွင့္အတူ နကၡတ္ေရွ႕သို႔ iced americano တစ္ခြက္ကုိ ဝိတ္တာမေလးက လာခ်ေပးသြားသည္။ နကၡတ္သည္ iced americano ခြက္ကုိ
ယူကာ ပိုက္ျဖင့္စုပ္ေသာက္လိုက္သည္။

" ဒီဆိုင္က ေကာ္ဖီေတြကေကာင္းတယ္သိလား....
နည္းနည္းေသာက္ၾကည့္...."

အဆီအေငၚမတည့္ေသာ စကားလမ္းေၾကာင္းလႊဲနည္းျဖစ္သည္။ သို႔ေသာ္ လင္းသည္ နကၡတ္ေပးေသာခြက္ကုိယူကာ
အနည္းငယ္ ေသာက္ၾကည့္လိုက္သည္။

" လင္း...ငါေလ...ဒီစကားကိုေျပာသင့္ရဲ႕လားဆိုတာ
မသိေပမယ့္....ေျပာမွေတာ့ျဖစ္မယ္ထင္တယ္...."

နကၡတ္၏အသံမွာ တုန္ယင္ေနသည္ဟု ထင္မွတ္မိသည္။

လင္း ပိုက္ကုိစုပ္ေသာက္လိုက္သည္။ ခါးသက္ေသာ
ေကာ္ဖီအရသာက ေကာ္ဖီႀကိဳက္သူ လင္းအတြက္
ခ်ိဳၿမိန္နွစ္သက္ဖြယ္ေကာင္းေနသည္။

အြန္း...သိပ္ေကာင္းတဲ့အရသာပဲ.....

" ငါနဲ႔ တြဲပါ...လင္း...."

နွစ္ၿခိဳက္ဖြယ္ေကာင္းေသာ ေကာ္ဖီ၏အခါးဓာတ္က
ေခါင္းထိေအာင္ ရိုက္ခတ္သြားသည္။

" ဟင္..."

ျပဴးေၾကာင္ေသာမ်က္လံုးမ်ားျဖင့္ နကၡတ္ကိုၾကည့္လိုက္မိသည္။ နကၡတ္၏ ေလးနက္ေသာမ်က္နွာက ဘာေၾကာင့္မွန္းမသိ...ထူးဆန္းေသာအေငြ႕အသက္ကိုရေနသည္။
လင္း ရယ္လိုက္မိသည္။

" မေနာက္နဲ႔...ဒါနည္းနည္းမွ ရယ္စရာမေကာင္းဘူး...."

"ငါေနာက္ေနတာ မဟုတ္ဘူး...."

လင္း တုန္လႈပ္သြားမိသည္။ နကၡတ္သည္ လင္းထံမွ
အၾကည့္ကုိမလႊဲဘဲ ေအးေဆးျငင္သာစြာဆိုသည္။

" ငါအတည္ေျပာေနတာ....လင္း....
ငါနဲ႔တြဲပါ....ေက်းဇူးျပဳၿပီး...."

" ကုိႀကီး...ဘာလို႔ဒီလိုေျပာေနလဲဆိုတာ ကြၽန္ေတာ္ တကယ္ မသိေတာ့ဘူး...."

" လင္း...ငါေတာင္းပန္ပါတယ္...ငါအတည္ေျပာေနတာ
ယံုေပးပါ....ငါအခုမင္းကုိ ခြင့္ေတာင္းေနတာပါ....
မင္း ငါ့ရဲ႕boyfriend ျဖစ္ေပးပါ"

လင္း အ့ံအားသင့္မႈနွင့္ၿငိမ္က်သြားသည္။ နဖူးေပၚ
ဝဲက်ေနေသာ ဆံပင္တို႔ကိုသပ္တင္ရင္း ေခါင္းကို
ေျဖးညႇင္းစြာခါလိုက္မိသည္။

" ဒါ...ဒါမျဖစ္နိုင္ဘူးေလ...ကြၽန္ေတာ္က...."

" ငါသိပါတယ္...မင္းခ်စ္တာ စိုင္းရွင္းယံမွန္း ငါသိပါတယ္....
မင္းအခု စိုင္းရွင္းယံေၾကာင့္ခံစားေနရတာလည္း ငါသိပါတယ္...မင္းသူ႔ကုိမေမ့နိုင္ေသးမွန္းလည္း သိပါတယ္....
ၿပီးေတာ့ ငါကရွင္းယံရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းဆိုတာလည္း သိပါတယ္.....ဒါေပမယ့္....."

နကၡတ္သည္ ေျခာက္ေသြ႕ေသာႏႈတ္ခမ္းတို႔ကုိ
လ်ွာျဖင့္သပ္ကာ သက္ျပင္းခ်လိုက္သည္။

" ငါ့ကုိ အသံုးခ်လိုက္ပါ....လင္း...."

နကၡတ္၏ပူေႏြးေသာလက္သည္ လင္း၏လက္ကိုအုပ္မိုး
ဆုပ္ကိုင္လိုက္သည္။

" ဘာအတြက္လဲ...."

"ရွင္းယံကုိေမ့ဖို႔အတြက္.....။ ရွင္းယံကုိေမ့ပစ္ဖို႔ ငါ့ကိုအသံုးခ်ပါ....ငါမင္းအေပၚေကာင္းေပးမယ္....မင္း ရွင္းယံကုိ
ခ်စ္ေနတုန္းဆိုတာ ငါသိတယ္...မင္းငါ့ကို ခ်စ္နိုင္ဦးမွာ
မဟုတ္မွန္းလည္းသိတယ္....ဒါေပမယ့္ ငါႀကိဳးစားမယ္....
မင္းငါ့ကုိခ်စ္လာနိုင္ေအာင္ ငါႀကိဳးစားနိုင္တယ္....
မင္းအေနနဲ႔လည္း ရွင္းယံကုိေမ့ဖို႔ ငါ့ကုိအသံုးခ်ၿပီးေတာ့.....
ေနာက္မွ ငါ့ကိုတျဖည္းျဖည္းခ်စ္လာလည္း ရတယ္"

မႈိင္းရီေသာ နကၡတ္၏မ်က္ဝန္းတို႔ကုိစိုက္ၾကည့္ရင္း
လင္း ရင္ထဲ၌ေမာပန္းလာသည္။

" ကြၽန္ေတာ္...ဘာေျပာရမလဲေတာင္မသိေတာ့ဘူး....
ဒါက လြယ္ကူတဲ့ကိစၥမဟုတ္ဘူး...."

" မဟုတ္ဘူး....လင္းဘက္က လက္ခံလိုက္ရင္ ရၿပီ...
က်န္တာ ငါဆက္လုပ္မွာမုိ႔လို႔။ လင္း...ငါ့ကုိခ်စ္လာေအာင္
ငါႀကိဳးစားနိုင္တယ္...."

လင္း၏ေခါင္းထဲတြင္ ရႈပ္ေထြးမူးေနာက္လာသည္။
လင္းကုိ ေမ်ွာ္လင့္တႀကီးစိုက္ၾကည့္ေနေသာ
နကၡတ္ကုိလည္း ၾကည့္ေနဖို႔ရာ အင္အားမရွိေတာ့။
မိမိလက္ကုိ ဆုပ္ကိုင္ထားေသာ နကၡတ္၏လက္တို႔မွ
ရုန္းထြက္မိသည္။

" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...ဒါမျဖစ္နိုင္တဲ့ကိစၥပဲ"

လင္း စားပြဲခံုမွ ထ,ထြက္သြားမိသည္။ နကၡတ္ထံမွ
ျပတ္သားေသာ စကားသံကုိအခ်ိန္ကိုက္ၾကားလိုက္ရသည္။

"ဇြန္လ ၁၅ရက္ေန႔ ....မင္း white ဆိုတဲ့လူဆီကို
စာစပို႔ခဲ့တယ္...."

လင္း၏ ေျခလွမ္းတို႔ရပ္တန္႔သြားသည္။ ရင္ထဲ ဒိတ္ခနဲခုန္သြားကာ နကၡတ္ကုိလွည့္ၾကည့္လိုက္မိသည္။ နကၡတ္က
လင္းကိုမၾကည့္ေန။ စားပြဲေပၚရွိ ေကာ္ဖီခြက္ကုိသာ
စိုက္ၾကည့္ေနသည္။ နကၡတ္သည္ ခါတိုင္းနွင့္မတူစြာ
တည္ေနသည္။

မဟုတ္မွ....
မဟုတ္မွလြဲေရာ......

လင္း တစ္ခြန္းမွမဆိုနိုင္ေသးခင္တြင္ နကၡတ္ထံမွ ၾကည္လင္
ျပတ္သားေသာစကားတို႔ အဆင္မျပတ္ထြက္လာသည္။

" Whiteကို မင္းအကုန္ေျပာခဲ့တယ္....မင္းက
gay တစ္ေယာက္ျဖစ္တဲ့အေၾကာင္း....မင္းရဲ႕ crush အေၾကာင္း....မင္း သူ႔ကိုႀကိဳက္ေနတာ ၂နွစ္ေက်ာ္ၿပီျဖစ္ေၾကာင္း...ယုတ္စြအဆံုး မင္းရဲ႕ mission
impossible အေၾကာင္းေတာင္ မင္း အကုန္ေျပာျပခဲ့တယ္...."

လင္း၏ စိတ္ထဲတင္းက်ပ္လာကာ နကၡတ္ဆီသို႔
တေ႐ြ႕ေ႐ြ႕ တိုးသြားသည္။ ေျခတစ္လွမ္းတိုင္း
နွလံုးခုန္သံတို႔ ပုိမိုက်ယ္ေလာင္လာသည္။

" မင္းေရွ႕ကုိ ထြက္လာခဲ့မယ္ဆိုတဲ့ White.....
မင္းဆီကုိ ေန႔တိုင္းနွင္းဆီပန္းေတြပို႔ေပးခဲ့တဲ့ White....
မင္းကုိ သေဘာေနတဲ့White....
စာဆံုးတိုင္း Love, white လို႔ေျပာတတ္တဲ့ White...
အနာဂတ္ဆိုတာ ေနာင္ခါေနာင္လာေစ်းပဲ...
ဘဝနဲ႔ခ်ီၿပီးစဥ္းစားရင္ အသက္ရွဴက်ပ္ခ်င္စရာေကာင္းပါတယ္
ဆိုတဲ့ White....
မင္း မွတ္မိေသးရဲ႕လား...လင္း...."

" ဘယ္လိုလုပ္ၿပီး....ဘယ္လိုလုပ္ၿပီးေတာ့...
White အေၾကာင္းကုိသိေနရတာလဲ..."

နကၡတ္သည္ လင္းကုိလွည့္ၾကည့္လာ၏။ အ့ံၾသတုန္လႈပ္ေနေသာလင္းကို ညႇိဳးေဖ်ာ့စြာ ေငးၾကည့္ေနသည္။

" ဘာလို႔လဲဆိုေတာ့ ကိုယ္က White မို႔လို႔ေပါ့...လင္းရဲ႕"

လင္းသည္ စားပြဲခံုေပၚသို႔ လက္ကုိဒုန္းခနဲ ေထာက္လိုက္မိသည္။

************************************************************************

ေသခ်ာဖတ္ရင္ သတိထားမိမွာပါ
Ep (9) မွာ လင္းကစိုင္းရွင္းယံကုိဉာဏ္ဆင္ၿပီး
ဝင္တိုက္ခဲ့တယ္။ အဲ့မတိုင္ခင္ သူတို႔၄ေယာက္က လင္းနဲ႔
မခင္ၾကေသးပါဘူး။ ဒါေပမယ့္
နကၡတ္နဲ႔လင္းနဲ႔ ဝင္တိုက္တဲ့အခ်ိန္မွာ
ပထမဆံုး ေတြ႕ဆံုမႈမွာတင္ နကၡတ္က
" လင္းသုခတ္?" ဆိုၿပီးေျပာခဲ့ပါတယ္။ နာမည္သိေနခဲ့တာပါ

Lanjutkan Membaca

Kamu Akan Menyukai Ini

608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
242K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
10.6K 527 9
[ Zawgyi ] ---------------- အခ်စ္နဲ႕မေတြ႕ေသးလို႕ စိတ္ညစ္မေနပါနဲ႕ ကိုယ့္သူငယ္ခ်င္းရဲ႕သားကလည္း ကိုယ့္ရဲ႕ဖူးစာရွင္ ျဖစ္လာနိုင္ပါေသးတယ္ ... [ Unicode ] ...
113K 14.6K 20
ေက်ာင္းရဲ႕ဗ႐ုတ္ Park Chanyeol ဟာ အတန္းရဲ႕ စာအေတာ္ဆံုး စည္းကမ္းအ႐ွိဆံုး ေက်ာင္းသား Byun Baekhyun ကို ခ်စ္မိသြားေသာအခါ......