Part-3

16K 1.8K 138
                                    

Unicode

ပြာလဲ့တောက်ပသော ကောင်းကင်ဝေဟင်ရှိ နေမင်းသည် ချစ်ချစ်တောက်ပူပြင်းနေသည်မှာ ကတ္တရာလမ်းများ
အရည်ပျော်ကျမတတ်ပင်။ မြေပြင်တွင် အပူရှိန်ကြောင့်
အငွေ့များ ထ,ကြွနေသယောင်ထင်ရ​၏။ ဆောင်းရာသီပင်ရောက်တော့မည်။ ရန်ကုန်​၏အပူချိန်သည် နွေရာသီနှင့်မခြားလှ။ ပူလွန်းသည့်အပြင် နေ့အလင်းရောင်မှာ
မျက်စိကျိန်းမတတ် လင်းဖြာနေသေးသည်။ ပျင်းရိဖွယ်ရာ ပူပြင်းခြောက်သွေ့မှုပင်။

ထို အက်ကွဲမတတ် ခြောက်သွေ့ပူလောင်နေသော ကတ္တရာလမ်းမထက်ကို ငေးကြည့်ပြီးနောက် Liam သည် ဝရံတာမှ အခန်းထဲသို့ ချာခနဲလှည့်၍ဝင်လာသည်။ သူသည် ပူပြင်းသော အပြင်ဘက်လောကကြီးကို လျစ်လျူရှုကာ Air conကျေးဇူးဖြင့် အေးစိမ့်နေသောအခန်းအတွင်းရှိ အိညက်သောမွေ့ရာအပေါ် ပစ်လှဲချလိုက်သည်။ သူ၏နားတွင် ဖုန်းကိုကပ်ထားလျက်၊ ဖုန်းစကားပြော မပျက်။ သူသည် ခပ်လွင်လွင်ရယ်ပြီးနောက် အင်္ဂလိပ်စကားဖြင့် တစ်ဖက်သူကိုပြောလာသည်။

"ငါ ရှင်းနဲ့တွေ့ပြီးပြီ။ သူ့ကောင်လေးဆိုတဲ့ တစ်ယောက်ကိုရောပဲ။  ဘုရားရေ....ရှင်းရဲ့ကောင်လေးက အဲ့လောက်ကြီးလည်း မချောပါဘူးကွာ...မဟုတ်ဘူး...ချောကို မချောတာ။ တစ်စက်မှ မမိုက်ဘူး။ ရှင်းက သူ့ကိုဘာကြည့်ကြိုက်တာလဲမသိ...."

တစ်ဖက်မှ သူ့ကိုပြန်ပြောသည်ကို သူနားထောင်နေသည်။ ထို့နောက် သူ တိုးတိုးတိမ်တိမ်အသံဖြင့် လှောင်ပြောင်စွာရယ်သည်။

"အဲ့တာပြောတာ....ရှင်းယံက စောက်ရမ်းချောတဲ့ကိစ္စကို...မလိုက်ဖက်လိုက်တာ။ ရှင်းကောင်လေး ထက်စာရင်
ငါက အများကြီးပိုသာတာပေါ့"

တစ်ဖက်မှ စကားဆက်ပြောသည်။

"အင်း...ငါ့ကို ရှင်းက ရန်ကုန်မှာသွားချင်တဲ့နေရာရှိရင်
လိုက်ပို့ပေးမယ်တဲ့။ ငါက ရန်ကုန်ကိုပြန်မရောက်တာကြာလို့ နေရာတွေ မသိဘူးလို့ ပြောထားတာလေ။ ငါ ရှင်းနဲ့ နှစ်ယောက်တည်း လျှောက်မသွားရတာ ကြာနေပြီ။
စိတ်လှုပ်ရှားလိုက်တာ..."

ဒီတစ်ခေါက် တစ်ဖက်မှပြန်ပြောသံကို ကြားသောအခါ သူသည် မျက်နှာတည်သွားလျက် မျက်မှောင်ကြုံ့၍ ပြောသည်။

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now