Part - 7

14.2K 1.7K 87
                                    

Unicode

" နင် ဒီလိုကြီးပဲထိုင်နေလို့မရဘူးလေ....ရှင်းယံကို အရင်မေးကြည့်ရမှာပေါ့...မဟုတ်ဘူးလား..."

ဖုန်းထဲမှ နိုးနိုး​၏စကားကို သူမည်သို့မျှ ခွန်းတုံ့ပြန်ခြင်းမပြု။ အသံသည် အက်ကွဲတစ်စို့နေသည့်အတွက် လည်ချောင်းမှထွက်လာရန် အတော်လေး ခြစ်ကုပ်အားစိုက်ယူရ​သည်။ လက်ချောင်းများက တုန်နေသဖြင့် စောင်ကိုသာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ထိန်းလိုက်ရ​၏။

" ရှင်းယံကိုမေးကြည့်ပြီးတော့ သူရှင်းပြတာလည်း နားထောင်ဦးမှပေါ့...ရှင်းယံနဲ့ချက်ချင်းတွေ့ပြီး မေးလိုက်...ငါပြောတာနားထောင်..."

"ငါ...သူ့ကို မမေးရဲဘူး..."

လင်း​၏အသံသည် တိုးညှင်းပြီးတုန်နေသယောင်။

"ဘာလို့လဲ...မေးမှဖြစ်မှာပေါ့"

နိုးနိုးအသံသည် စိတ်မရှည်မှုနှင့် ဆွဲငင်နေသည်။

"ကြောက်လို့..."

အလိုက်မသိသောမျက်ရည်က ထပ်ဝဲလာပြန်သည်။ စောင်ကိုဆုပ်ထားမိသည့်လက်က တင်းကြပ်လွန်းသဖြင့် လက်ချောင်းထိပ်များပင် နာလာသည်။

"ငါ သူ့ကိုမေးလိုက်လို့ သူ့ဘက်ကဟုတ်တယ်လို့ ပြောလာမှာ ကြောက်လို့..."

နိုးနိုး သက်ပြင်းချသည်။

"ဒါပေမဲ့လည်း ဒီလိုမျိုးပဲ နေ,နေလို့ မဖြစ်ဘူးလေ...ထွက်ပြေးနေလို့မှမဖြစ်တာ...နင် တည့်တည့်ရင်ဆိုင်မှဖြစ်မှာပေါ့။ ဒီကိစ္စက တကယ်မဟုတ်တာလည်း ဖြစ်နိုင်တာပဲ...အဲ့တာကြောင့် အရင် မျက်နှာချင်းဆိုင်မေးကြည့်လိုက်..."

လင်းဘက်မှ အသံမထွက်လာချေ။

"နော်...လင်းနော်...နင်အများကြီးဝမ်းနည်းနေမယ်ဆိုတာ သိပေမဲ့ ကိစ္စတစ်ခုဖြစ်လာပြီဆို အမြန်ဆုံးဖြေရှင်းလိုက်တာ အကောင်းဆုံးပဲ..."

လင်းသည် တစ်ချက်ရှိုက်ကာ သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။

"အင်းပါ...ငါ ရှင်းယံကိုတွေ့ပြီးမေးကြည့်လိုက်မယ်...ဒါပေမဲ့ ဒီနေ့တော့မဟုတ်ဘူး...နောက်မှ.....မနက်ဖြန်လောက်..."

MISSION IMPOSSIBLE : mission to get crushWhere stories live. Discover now